Health

သင့်ညာလက်ဖဝါးကို (၂ ) မိနစ်နှိပ်ပေးရုံမျှဖြင့် ရရှိလာမယ့် အကျိုးကျေးဇူးများ

တရုတ်တိုင်းရင်းဆေးပညာဟာ အာရှသာမက တစ်ကမ္ဘာလုံးတွင်ပါ ကျော်ကြားပါတယ်။ တရုတ်ရိုးရာအပ်စိုက်ကုပညာက ကျန်းမာရေးအတွက်များစွာ အကျိုးရှိစေသော်လည်း ကျွမ်းကျင်တဲ့ပညာရှင်ရှိမှသာလျှင် ကုသမှုခံယူနိုင်မှာ ဖြစ်ပါတယ်။ ယခု ဖော်ပြမယ့်နည်းကတော့ ဘာကိရိယာမှမလို မည်သူ့အကူအညီမှမလိုပဲ ကြွက်သားနာကျင်ခြင်းများကို သက်သာစေမယ့် တရုတ်ဆေးပညာရပ် ဖြစ်ပါတယ်။ယခုဖော်ပြမယ့် လက်ဖဝါးပေါ်ရှိနေရာများကို ၂မိနစ်ခန့် နှိပ်နယ်ပေးရုံဖြင့် နာကျင်ခြင်းများကို သက်သာစေမှာပါ

(၁) ညာလက်ဖဝါး၏ ဘယ်ဘက်အခြမ်း အလယ်တည့်တည့်

-အစာအိမ်၊အူလမ်းကြောင်းနာကျင်ခြင်းကို သက်သာစေပြီး အစာကြေစေပါတယ်။

(၂) ညာလက်သန်းအလယ်တည့်တည့်

Loading...

-လက်မောင်း၊ကျောနှစ်ဖက်ရှိ နာကျင်ခြင်းများကို သက်သာစေပါတယ်

(၃) ညာလက်မအပေါ်ဘက်

ခေါင်းကိုက်ခြင်း၊မျက်စိကိုက်ခဲခြင်းဝေဒနာများကို သက်သာစေပါတယ်

(၄) ညာလက်သူကြွယ်အောက်

ရင်ဘတ်၊နှလုံး၊အဆုတ်ဆိုင်ရာနာကျင်ခြင်းများကို သက်သာစေပါတယ်

(၅) ညာလက်မအရင်းနား

ကျောက်ကပ်နဲ့ အဒရီနယ်ဂလင်းဆိုင်ရာ နာကျင်ခြင်းများကို သက်သာစေပါတယ်

(၆) ဇက်ကြောတက်ခြင်းအတွက်

ကြက်ဆူဆီကို ဂုတ်ပေါ်တွင်လိမ်းပြီး နှိပ်နယ်ပေးပါ။ အယောင်ကျဖို့အတွက်ရေခဲကပ်ပေးနိုင်ပြီး သွေးလှည့်ပတ်မှုကောင်းစေဖို့ ရေနွေးအိတ်ကပ်ပေးနိုင်ပါတယ်။

(၇) ခေါင်းကိုက်ခြင်းကိုလျင်မြန်စွာပျောက်ကင်းစေဖို့

Tai Chong point လိုခေါ့်သော ခြေမနဲ့ခြေညိုးအောက်ဘက် လက်၂လုံးအကွာတွင်ရှိသောနေရာကို ၂မိနစ်ခန့် ဖိပါ။ နာကျင်ခြင်းများသက်သာလာတာကို တွေ့ရပါမယ်။

Bonus အနေနဲ့ သင်စိတ်တိုခြင်း သို့မဟုတ် စိတ်ပူပန်ခြင်းကို ခံစားရသောအခါ လက်ခလယ်ကို တင်းကျပ်စွာစုပ်ကိုင်ပေးခြင်းဖြင့် စိတ်သောကများ လျော့ပါးလာမှာ ဖြစ်ပါတယ်။

Writer Dr Jue ( XYZ NEWS )

Loading...

Related Articles

Close