Crime

အမ်ိုးသမီးေပါင္းမ်ားစြာကို မုဒိမ္းက်င္႔သတ္ျဖတ္ခဲ႔တဲ႔ “MEMORIES OF MURDER” ထဲက လူသတ္သမားကိုဖမ္းမိ

Zawgyi ျဖင့္ဖတ္ရန္

လြန္ခဲ႔တဲ႔ ၁၆ ႏွစ္ေက်ာ္ေလာက္တုန္းက ဒါရိုက္တာ Bong Joon Ho ရိုက္ကူးျပသခဲ႔တဲ႔ “Memories of Murder” ရုပ္ရွင္ဇာတ္ကားကို ရုပ္ရွင္ၾကိဳက္ပရိသတ္ေတြ အေတာ္မ်ားမ်ား ၾကည္႔ဖူးၾက၊ မွတ္မိၾကမယ္ထင္ပါတယ္။ ေတာင္ကိုရီးယားႏိုင္ငံရဲ႕ ပထမဆံုးေသာ ကြင္းဆက္လူသတ္မွုအေၾကာင္းကို အေျခတည္ျပီး ရုိက္ကူးပံုေဖာ္ထားတဲ႔ ဒီရုပ္ရွင္ကားဟာ ေတာင္ကိုရီးယားႏိုင္ငံအတြင္းမွာသာမကပဲ ႏိုင္ငံတကာမွာပါ ေအာင္ျမင္လူၾကိဳက္မ်ားခဲ႔တဲ႔ ဇာတ္ကားျဖစ္ျပီး လူသတ္သမားက ဘယ္သူ၊ ဘယ္၀ါဆိုတာကိုလည္း သိခ်င္စိတ္ေတြျဖစ္ခဲ႔ၾကပါတယ္။

တကယ္ေတာ႔ ရုပ္ရွင္ထဲမွာ ရိုက္ကူးျပသခဲ႔တဲ႔အတိုင္းပဲ လက္ေတြ႕မွာလည္း ဒီလူသတ္သမားက ဘယ္သူလဲဆိုတာကို ႏွစ္ေပါင္းမ်ားစြာၾကာသည္အထိတိုင္ေအာင္ ဖမ္းမမိခဲ႔ပါဘူး။ ဒါေပမယ္႔လည္း ေအာက္တိုဘာလ ၂ ရက္ေန႔ မေန႔က ထြက္ရွိလာတဲ႔သတင္းေတြအရေတာ႔ ထိုလူသတ္သမားကို ဖမ္းဆီးရမိခဲ႔ျပီျဖစ္တယ္လို႔ ေတာင္ကိုရီးယားႏိုင္ငံရဲ႕ တာ၀န္ရွိသူေတြက ေၾကညာခဲ႔ပါတယ္။

ထိုလူသတ္သမားဟာ သူ က်ဴးလြန္ခဲ႔တဲ႔အျပစ္ေတြကို ေအာက္တိုဘာလ ၁ ရက္ေန႔တုန္းက ၀န္ခံခဲ႔တာျဖစ္ပါတယ္။ သူ႕ရဲ႕ နာမည္ကေတာ႔ Lee Chun Jae ျဖစ္ျပီး အသက္ကေတာ႔ ၅၆ ႏွစ္ရွိေနျပီျဖစ္ကာ ၁၉၈၆ ခုႏွစ္ကေန ၁၉၉၁ ခုႏွစ္အထိ အမ်ိဳးသမီး ၉ ေယာက္ကို မုဒိမ္းက်င္႔သတ္ျဖတ္ခဲ႔တာ ဟုတ္မွန္ေၾကာင္းကို ၀န္ခံခဲ႔တယ္လို႔ သိရပါတယ္။

ဒီအမွဳဟာ ႏွစ္ေပါင္း ၃၀ နီးပါးၾကာျမင္႔႔ခဲ႔ျပီးမွ လက္သည္တရားခံေပၚလာတာေၾကာင္႔ လတ္တေလာ ကိုရီးယားျပည္သူေတြအၾကားမွာ စိတ္၀င္စားမွဳအရမ္းျမင္႔တက္ေနျပီး “Memories of Murder” ဇာတ္ကားၾကည္႔ဖူးတဲ႔ ႏိုင္ငံတကာက ပရိသတ္ေတြအေနနဲ႔လည္း စိတ္၀င္စားေနၾကတာ ျဖစ္ပါတယ္။

Loading...

တကယ္ေတာ႔ ျပစ္မွဳေတြ၀န္ခံေတြကို ၀န္ခံလိုက္တဲ႔ Lee Chun Jae ဟာ သူ႕ရဲ႕ ခယ္မျဖစ္သူကို ၁၉၉၄ ခုႏွစ္တုန္းက မုဒိမ္းက်င္႔သတ္ျဖတ္ခဲ႔မွုေၾကာင္႔ လက္ရွိအခ်ိန္မွာ တစ္သက္တစ္ကၽြန္း ေထာင္ဒဏ္က်ခံေနရသူျဖစ္တယ္လို႔ သိရပါတယ္။ ရဲေတြအေနနဲ႔ သူ႕ကို ေပ်ာက္ဆံုးေနတဲ႔ ကြင္းဆက္လူသတ္သမားအျဖစ္ စက္တင္ဘာလအလယ္ေလာက္မွာ စတင္သံသယ၀င္ခဲ႔တာျဖစ္တယ္လို႔လည္း သတင္းေတြမွာ ေဖာ္ျပထားပါတယ္။

ရဲေတြအေနနဲ႔ စတင္သံသယ၀င္ခဲ႔ပံုကေတာ႔ သူ႕ရဲ႕ DNA စစ္ေဆးမွဳဲရလဒ္ဟာ လူသတ္မွဳ ၉ မွဳထဲက ၄ မွုနဲ႔ ကိုက္ညီေနခဲ႔တာေၾကာင္႔ ျဖစ္ပါတယ္။ တရားခံဟာ အစမွေတာ႔ ျငင္းဆုိခဲ႔ေသးေပမယ္႔လည္း ေနာက္ရက္မွာေတာ႔ သူ သတ္ျဖတ္ခဲ႔တဲ႔ အမ်ိုးသမီအေရအတြက္ဟာ ၉ ေယာက္တည္းတင္မဟုတ္ပဲ Hwaseong ျမိဳ႕ရဲ႕ အနီးတ၀ိုက္မွာရွိတဲ႔ တျခားေသာ အမ်ိုးသမီး ၅ ေယာက္လည္း ရွိေသးတယ္လို႔ ၀န္ခံခဲ႔ပါတယ္။

လူသတ္တရားခံ အစစ္ရဲ႕ ဓာတ္ပံု

လြန္ခဲ႔တဲ႔ ႏွစ္ေပါင္း ၃၀ နီးပါးေလာက္တုန္းက Hwasong ျမိဳ႕မွာ ၁၉၈၆ ခုႏွစ္ကေန ၁၉၉၁ ခုႏွစ္အထိ မုဒိမ္းက်င္႔သတ္ျဖတ္ခံခဲ႔ရတဲ႔ အသက္ ၁၇ ႏွစ္ကေန ၇၁ ႏွစ္အတြင္းရွိ အမ်ိုးသမီးအေရအတြက္ဟာ ၁၅ ဦးရွိခဲ႔ပါတယ္။ အဲဒီလိုအသတ္ခံခဲ႔ရတဲ႔အထဲက တစ္မွဳက Lee Chun Jae ရဲ႕ အမွုက်ဴးလြန္ပံုနဲ႔တူေနတာေၾကာင္႔ ထိုသူဟာလည္း ေထာင္ဒဏ္တစ္သက္တစ္ကၽြန္းက်ခံခဲ႔ရျပီး တကယ္႔ ကြင္းဆက္လူသတ္သမားအစစ္ကိုေတာ႔ အခုမွသာ ေတြ႕ရွိခဲ႔ၾကတာ ျဖစ္ပါတယ္။

ရဲေတြရဲ႕ ေဖာ္ျပခ်က္အရေတာ႔ တရားခံအေနနဲ႔ သူ႕ရဲ႕ ျပစ္မွုေတြကို ၀န္ခံလိုက္တယ္ဆုိေပမယ္႔လည္း ေတာင္ကိုရီးယားႏုိင္ငံရဲ႕ ဥပေဒအရဆိုရင္ သူ႕ရဲ႕ အမွုဟာ ၂၀၀၆ ခုႏွစ္မွာတင္ ပိတ္သိမ္းလိုက္ရျပီျဖစ္တာေၾကာင္႔ အခု၀န္ခံလိုက္တဲ႔အမွုေတြအတြက္ စြဲခ်က္တင္လို႔မရဘူးလို႔ သိရပါတယ္။

Credit : Mia (Momolay)

Unicode ဖြင့်ဖတ်ရန်

အမျိုးသမီးပေါင်းများစွာကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့တဲ့ “Memories of Murder” ထဲက လူသတ်သမားကိုဖမ်းမိ

လွန်ခဲ့တဲ့ ၁၆ နှစ်ကျော်လောက်တုန်းက ဒါရိုက်တာ Bong Joon Ho ရိုက်ကူးပြသခဲ့တဲ့ “Memories of Murder” ရုပ်ရှင်ဇာတ်ကားကို ရုပ်ရှင်ကြိုက်ပရိသတ်တွေ အတော်များများ ကြည့်ဖူးကြ၊ မှတ်မိကြမယ်ထင်ပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ ပထမဆုံးသော ကွင်းဆက်လူသတ်မှုအကြောင်းကို အခြေတည်ပြီး ရိုက်ကူးပုံဖော်ထားတဲ့ ဒီရုပ်ရှင်ကားဟာ တောင်ကိုရီးယားနိုင်ငံအတွင်းမှာသာမကပဲ နိုင်ငံတကာမှာပါ အောင်မြင်လူကြိုက်များခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး လူသတ်သမားက ဘယ်သူ၊ ဘယ်ဝါဆိုတာကိုလည်း သိချင်စိတ်တွေဖြစ်ခဲ့ကြပါတယ်။

တကယ်တော့ ရုပ်ရှင်ထဲမှာ ရိုက်ကူးပြသခဲ့တဲ့အတိုင်းပဲ လက်တွေ့မှာလည်း ဒီလူသတ်သမားက ဘယ်သူလဲဆိုတာကို နှစ်ပေါင်းများစွာကြာသည်အထိတိုင်အောင် ဖမ်းမမိခဲ့ပါဘူး။ ဒါပေမယ့်လည်း အောက်တိုဘာလ ၂ ရက်နေ့ မနေ့က ထွက်ရှိလာတဲ့သတင်းတွေအရတော့ ထိုလူသတ်သမားကို ဖမ်းဆီးရမိခဲ့ပြီဖြစ်တယ်လို့ တောင်ကိုရီးယားနိုင်ငံရဲ့ တာဝန်ရှိသူတွေက ကြေညာခဲ့ပါတယ်။

ထိုလူသတ်သမားဟာ သူ ကျူးလွန်ခဲ့တဲ့အပြစ်တွေကို အောက်တိုဘာလ ၁ ရက်နေ့တုန်းက ဝန်ခံခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ နာမည်ကတော့ Lee Chun Jae ဖြစ်ပြီး အသက်ကတော့ ၅၆ နှစ်ရှိနေပြီဖြစ်ကာ ၁၉၈၆ ခုနှစ်ကနေ ၁၉၉၁ ခုနှစ်အထိ အမျိုးသမီး ၉ ယောက်ကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့တာ ဟုတ်မှန်ကြောင်းကို ဝန်ခံခဲ့တယ်လို့ သိရပါတယ်။

ဒီအမှုဟာ နှစ်ပေါင်း ၃၀ နီးပါးကြာမြင့့်ခဲ့ပြီးမှ လက်သည်တရားခံပေါ်လာတာကြောင့် လတ်တလော ကိုရီးယားပြည်သူတွေအကြားမှာ စိတ်ဝင်စားမှုအရမ်းမြင့်တက်နေပြီး “Memories of Murder” ဇာတ်ကားကြည့်ဖူးတဲ့ နိုင်ငံတကာက ပရိသတ်တွေအနေနဲ့လည်း စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

တကယ်တော့ ပြစ်မှုတွေဝန်ခံတွေကို ဝန်ခံလိုက်တဲ့ Lee Chun Jae ဟာ သူ့ရဲ့ ခယ်မဖြစ်သူကို ၁၉၉၄ ခုနှစ်တုန်းက မုဒိမ်းကျင့်သတ်ဖြတ်ခဲ့မှုကြောင့် လက်ရှိအချိန်မှာ တစ်သက်တစ်ကျွန်း ထောင်ဒဏ်ကျခံနေရသူဖြစ်တယ်လို့ သိရပါတယ်။ ရဲတွေအနေနဲ့ သူ့ကို ပျောက်ဆုံးနေတဲ့ ကွင်းဆက်လူသတ်သမားအဖြစ် စက်တင်ဘာလအလယ်လောက်မှာ စတင်သံသယဝင်ခဲ့တာဖြစ်တယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

ရဲတွေအနေနဲ့ စတင်သံသယဝင်ခဲ့ပုံကတော့ သူ့ရဲ့ DNA စစ်ဆေးမှုဲရလဒ်ဟာ လူသတ်မှု ၉ မှုထဲက ၄ မှုနဲ့ ကိုက်ညီနေခဲ့တာကြောင့် ဖြစ်ပါတယ်။ တရားခံဟာ အစမှတော့ ငြင်းဆိုခဲ့သေးပေမယ့်လည်း နောက်ရက်မှာတော့ သူ သတ်ဖြတ်ခဲ့တဲ့ အမျိုးသမီအရေအတွက်ဟာ ၉ ယောက်တည်းတင်မဟုတ်ပဲ Hwaseong မြို့ရဲ့ အနီးတဝိုက်မှာရှိတဲ့ တခြားသော အမျိုးသမီး ၅ ယောက်လည်း ရှိသေးတယ်လို့ ဝန်ခံခဲ့ပါတယ်။

လူသတ်တရားခံ အစစ်ရဲ့ ဓာတ်ပုံ

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ နီးပါးလောက်တုန်းက Hwasong မြို့မှာ ၁၉၈၆ ခုနှစ်ကနေ ၁၉၉၁ ခုနှစ်အထိ မုဒိမ်းကျင့်သတ်ဖြတ်ခံခဲ့ရတဲ့ အသက် ၁၇ နှစ်ကနေ ၇၁ နှစ်အတွင်းရှိ အမျိုးသမီးအရေအတွက်ဟာ ၁၅ ဦးရှိခဲ့ပါတယ်။ အဲဒီလိုအသတ်ခံခဲ့ရတဲ့အထဲက တစ်မှုက Lee Chun Jae ရဲ့ အမှုကျူးလွန်ပုံနဲ့တူနေတာကြောင့် ထိုသူဟာလည်း ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံခဲ့ရပြီး တကယ့် ကွင်းဆက်လူသတ်သမားအစစ်ကိုတော့ အခုမှသာ တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

ရဲတွေရဲ့ ဖော်ပြချက်အရတော့ တရားခံအနေနဲ့ သူ့ရဲ့ ပြစ်မှုတွေကို ဝန်ခံလိုက်တယ်ဆိုပေမယ့်လည်း တောင်ကိုရီးယားနိုင်ငံရဲ့ ဥပဒေအရဆိုရင် သူ့ရဲ့ အမှုဟာ ၂၀၀၆ ခုနှစ်မှာတင် ပိတ်သိမ်းလိုက်ရပြီဖြစ်တာကြောင့် အခုဝန်ခံလိုက်တဲ့အမှုတွေအတွက် စွဲချက်တင်လို့မရဘူးလို့ သိရပါတယ်။

Credit : Mia (Momolay)

Loading...

Related Articles

Close