Health

အမႈိက္ဆိုၿပီး လႊင့္ပစ္တတ္ၾကတဲ့ ၾကက္သြန္နီ အခြံရဲ႕ အက်ိဳးေက်းဇူးေတြ

အမႈိက္ဆိုၿပီး လႊင့္ပစ္တတ္ၾကတဲ့ ၾကက္သြန္နီ အခြံရဲ႕ အက်ိဳးေက်းဇူးေတြ

ၾကက္သြန္နီ ခြါၿပီးတိုင္း အခြံေတြကို လႊင့္ပစ္တတ္ၾကတယ္မလား ။ ဒီအေၾကာင္းအရာကို ဖတ္ၿပိးရင္ေတ့ာ လႊင့္ပစ္မိမွာ မဟုတ္ေတာ့ပါဘူး ။ ၾကက္သြန္နီ အခြံမွာ ေကာင္းမြန္တဲ့ အက်ိဳးေက်းဇူးေတြ အမ်ားႀကီးရွိပါတယ္။ စားလို႔ေတာ့မရပါဘူးေနာ္

၁။ ေရာင္ရမ္း နာၾကင္မႈေတြ သက္သာေစ

ၾကက္သြန္နီအခြံမွာ ေရာင္ရမ္းနာၾကင္မႈေတြကို သက္သာေစႏိုင္တဲ့ သဘာဝအစြမ္းသတၱိရွိပါတယ္ ။ ခြာထားၿပီးေသာ ၾကက္သြန္နီအခြံေတြကို ေရထဲတစ္ညလုံး စိမ္ထားပါ ။ ထိုေရျဖင့္ အေရျပားပြန္းရွျခင္း ၊ အလာဂ်ီျဖစ္ျခင္း ၊ ထိခိုက္ရွနာျဖစ္ျခင္းတို႔ကို ကုသေပးႏိုင္ပါတယ္ ။

၂။ ယင္ေကာင္ႏွင့္ ပိုးမႊားမ်ားကို အေဝးေျပးေစ

Loading...

ျခင္ႏွင့္ ယင္ေကာင္ကဲ့သို႔ေသာ အင္းစက္ပိုးမႊားေတြ အိမ္မွာရွိေနရင္ေတာ့ ၾကက္သြန္နီအခြံက ကူညီေမာင္းထုတ္ေပးႏိုင္ပါတယ္ ။ အထက္ေဖာ္ျပပါအတိုင္း ၾကက္သြန္နီအခြံ တစ္ညလုံးစိမ္ထားတဲ့ေရကို ခြက္ထဲအနည္းငယ္ထည့္ၿပီး ျပတင္းေပါက္ ႏွင့္ အင္းစက္ပိုးမႊားရွိတတ္ေသာ ေနရာမ်ားတြင္ ခ်ထားပါ။ ၾကက္သြန္နံ႔ေၾကာင့္ အင္းစက္ေတြ အေဝးခြာေျပးသြားၾကမွာပါ ။

၃။ဆံပင္ေပ်ာ့ေဆး

ၾကက္သြန္နီအခြံကို ေရျဖင့္ျပဳတ္ၿပီး အေအးခံကာ ေခါင္းေလွ်ာ္ၿပီးတိုင္းမွာ ေခါင္းေပၚေလာင္းခ်ေပးျခင္းက ဆံပင္ကို ေပ်ာ့ေျပာင္းေစၿပီး ဆံပင္အတြက္ လိုအပ္ေသာ အာဟာရဓါတ္ေတြကို ျဖည့္တင္းေပးႏိုင္ပါတယ္ ။

Credit : ေ႐ႊအင္းေလး

Unicode Version

အမှိုက်ဆိုပြီး လွှင့်ပစ်တတ်ကြတဲ့ ကြက်သွန်နီ အခွံရဲ့ အကျိုးကျေးဇူးတွေ

ကြက်သွန်နီ ခွါပြီးတိုင်း အခွံတွေကို လွှင့်ပစ်တတ်ကြတယ်မလား ။ ဒီအကြောင်းအရာကို ဖတ်ပြိးရင်တေ့ာ လွှင့်ပစ်မိမှာ မဟုတ်တော့ပါဘူး ။ ကြက်သွန်နီ အခွံမှာ ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ စားလို့တော့မရပါဘူးနော်

၁။ ရောင်ရမ်း နာကြင်မှုတွေ သက်သာစေ

ကြက်သွန်နီအခွံမှာ ရောင်ရမ်းနာကြင်မှုတွေကို သက်သာစေနိုင်တဲ့ သဘာဝအစွမ်းသတ္တိရှိပါတယ် ။ ခွာထားပြီးသော ကြက်သွန်နီအခွံတွေကို ရေထဲတစ်ညလုံး စိမ်ထားပါ ။ ထိုရေဖြင့် အရေပြားပွန်းရှခြင်း ၊ အလာဂျီဖြစ်ခြင်း ၊ ထိခိုက်ရှနာဖြစ်ခြင်းတို့ကို ကုသပေးနိုင်ပါတယ် ။

၂။ ယင်ကောင်နှင့် ပိုးမွှားများကို အဝေးပြေးစေ

ခြင်နှင့် ယင်ကောင်ကဲ့သို့သော အင်းစက်ပိုးမွှားတွေ အိမ်မှာရှိနေရင်တော့ ကြက်သွန်နီအခွံက ကူညီမောင်းထုတ်ပေးနိုင်ပါတယ် ။ အထက်ဖော်ပြပါအတိုင်း ကြက်သွန်နီအခွံ တစ်ညလုံးစိမ်ထားတဲ့ရေကို ခွက်ထဲအနည်းငယ်ထည့်ပြီး ပြတင်းပေါက် နှင့် အင်းစက်ပိုးမွှားရှိတတ်သော နေရာများတွင် ချထားပါ။ ကြက်သွန်နံ့ကြောင့် အင်းစက်တွေ အဝေးခွာပြေးသွားကြမှာပါ ။

၃။ဆံပင်ပျော့ဆေး

ကြက်သွန်နီအခွံကို ရေဖြင့်ပြုတ်ပြီး အအေးခံကာ ခေါင်းလျှော်ပြီးတိုင်းမှာ ခေါင်းပေါ်လောင်းချပေးခြင်းက ဆံပင်ကို ပျော့ပြောင်းစေပြီး ဆံပင်အတွက် လိုအပ်သော အာဟာရဓါတ်တွေကို ဖြည့်တင်းပေးနိုင်ပါတယ် ။

Credit : ရွှေအင်းလေး

Loading...

Related Articles

Close