Celebrity

(၃၄)ႏွစ္ျပည့္ ေမြးေန႔အျဖစ္ USက ျမန္မာဘုန္းႀကီးေက်ာင္းမွာ ရဟန္း(၅)ရက္ ဝတ္ခဲ့တဲ့ ဥကၠာမင္းေမာင္

တစ္ခ်ိန္က ျမန္မာ့အႏုပညာေလာကမွာ လ်ွမ္းလ်ွမ္းေတာက္ နာမည္ႀကီးခဲ့တဲ့ ဥကၠာမင္းေမာင္ကို ပရိသတ္တိုင္း ႀကိဳက္ႏွစ္သက္ၾကမယ္ ထင္ပါတယ္။ ဥကၠာမင္းေမာင္က လက္ရိွမွာေတာ့ အေမရိကန္ႏိုင္ငံ ေလာ့အိန္ဂ်လိစ္ၿမိဳ႕မွာ ေနထိုင္ရင္း သူ႔ရဲ႕ ဘဝကို အေကာင္းဆံုးျဖစ္ေအာင္ ထုဆစ္ ပံုေဖာ္ေနတာပဲ ျဖစ္ပါတယ္။

ဒီတစ္ေခါက္မွာေတာ့ ဥကၠာမင္းေမာင္က စက္တင္ဘာလ(၁၈) ရက္ေန႔က က်ေရာက္ခဲ့တဲ့ သူ႔ရဲ႕ေမြးေန႔မွာ ဒုလႅဘရဟန္း ဝတ္ခဲ့တဲ့ ေကာင္းမႈကုသို္လ္ကို ပရိသတ္ေတြဆီ အခုလိုပဲ မ်ွေဝထားပါတယ္။

“(၃၄) ႏွစ္ျပည့္ ေမြးေန႔ အတြက္ေကာ, ေဖႀကီး ဘဝတပါးသို႔ ကူးေျပာင္းသြားတာ မၾကာခင္ ၃ ႏွစ္ ျပည့္ေတာ့မွာမို႔ ေဖႀကီး အတြက္ပါ ရည္စူးၿပီး LA က Azusa ျမန္မာ ဘုန္းႀကီးေက်ာင္းမွာ ဒုလႅဘရဟန္း ၅ ရက္တာ ဝတ္ခဲ့ပါတယ္။”

Loading...

“အလႉနဲ႔ သံဃာေတာ္မ်ား ဆြမ္းကပ္ရန္အတြက္ အစစအရာရာ ကူညီေပးေသာ ရဟန္းဒါယိကာ ညီပု နဲ႔ ဒါယိကာမ Chrissy တို႔ကိုလဲ ေက်းဇူးအထူး တင္ရွိပါတယ္။

”ေမြးေန႔ ရက္ပိုင္းအတြင္း ဘုန္းႀကီးဝတ္ေနလို႔ ဖုန္းပိတ္ထားတာ Birthday wish မ်ား အခ်ိန္မွီ မျပန္ႏိုင္တာခြင့္လႊတ္ပါ။ ေမြးေန႔ ဆုေတာင္းေပးၾကေသာ သူမ်ားအားလံုးကို ေက်းဇူးအထူး တင္ရွိပါတယ္ခင္ဗ်ာ။” ဆိုၿပီး ေက်းဇူးတင္စကား ေျပာထားပါတယ္။

ဥကၠာမင္းေမာင္ကေတာ့ အသက္အရြယ္တစ္ခု ရလာၿပီးတဲ့ေနာက္ ေကာင္းမႈကုသိုလ္ေတြကို မ်ားစြာလုပ္ကိုင္ေနတာကို ေတြ႔ရပါတယ္။ ပရိသတ္ႀကီးလည္း ဥကၠာမင္းေမာင္ရဲ႕ ကုသိုလ္ေလးကို သာဓုေခၚေပးၾကပါဦးေနာ္။

Unicode

တစ်ချိန်က မြန်မာ့အနုပညာလောကမှာ လျှမ်းလျှမ်းတောက် နာမည်ကြီးခဲ့တဲ့ ဥက္ကာမင်းမောင်ကို ပရိသတ်တိုင်း ကြိုက်နှစ်သက်ကြမယ် ထင်ပါတယ်။ ဥက္ကာမင်းမောင်က လက်ရှိမှာတော့ အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ်မြို့မှာ နေထိုင်ရင်း သူ့ရဲ့ ဘဝကို အကောင်းဆုံးဖြစ်အောင် ထုဆစ် ပုံဖော်နေတာပဲ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ ဥက္ကာမင်းမောင်က စက်တင်ဘာလ(၁၈) ရက်နေ့က ကျရောက်ခဲ့တဲ့ သူ့ရဲ့မွေးနေ့မှာ ဒုလ္လဘရဟန်း ဝတ်ခဲ့တဲ့ ကောင်းမှုကုသိုလ်ကို ပရိသတ်တွေဆီ အခုလိုပဲ မျှဝေထားပါတယ်။

“(၃၄) နှစ်ပြည့် မွေးနေ့ အတွက်ကော, ဖေကြီး ဘဝတပါးသို့ ကူးပြောင်းသွားတာ မကြာခင် ၃ နှစ် ပြည့်တော့မှာမို့ ဖေကြီး အတွက်ပါ ရည်စူးပြီး LA က Azusa မြန်မာ ဘုန်းကြီးကျောင်းမှာ ဒုလ္လဘရဟန်း ၅ ရက်တာ ဝတ်ခဲ့ပါတယ်။”

“အလှူနဲ့ သံဃာတော်များ ဆွမ်းကပ်ရန်အတွက် အစစအရာရာ ကူညီပေးသော ရဟန်းဒါယိကာ ညီပု နဲ့ ဒါယိကာမ Chrissy တို့ကိုလဲ ကျေးဇူးအထူး တင်ရှိပါတယ်။

”မွေးနေ့ ရက်ပိုင်းအတွင်း ဘုန်းကြီးဝတ်နေလို့ ဖုန်းပိတ်ထားတာ Birthday wish များ အချိန်မှီ မပြန်နိုင်တာခွင့်လွှတ်ပါ။ မွေးနေ့ ဆုတောင်းပေးကြသော သူများအားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်ခင်ဗျာ။” ဆိုပြီး ကျေးဇူးတင်စကား ပြောထားပါတယ်။

ဥက္ကာမင်းမောင်ကတော့ အသက်အရွယ်တစ်ခု ရလာပြီးတဲ့နောက် ကောင်းမှုကုသိုလ်တွေကို များစွာလုပ်ကိုင်နေတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးလည်း ဥက္ကာမင်းမောင်ရဲ့ ကုသိုလ်လေးကို သာဓုခေါ်ပေးကြပါဦးနော်။

Related Articles

Close