Celebrity

ပရိသတ္ေတြထင္ေနၾကသလို ေ႐ႊမႈံရတီ ကိုယ္ဝန္ရွိေနတာ မဟုတ္ေၾကာင္း ျငင္းဆိုလိုက္တဲ့ ေ႐ႊထူး

ပရိသတ္ေတြ အားက်ရတဲ့ အႏုပညာရွင္စုံတြဲျဖစ္တဲ့ ေ႐ႊမႈံရတီနဲ႔ ေ႐ႊထူးက အႏုပညာေလာကမွာ ေအာင္ျမင္မႈေတြ ကိုယ္စီရရွိထားသူပါ။ ေ႐ႊထူးနဲ႔ ေ႐ႊမႈံရတီက အႏုပညာလုပ္ငန္းေတြကို ကိုယ္စီလုပ္ကိုင္ရင္း သာယာေပ်ာ္႐ႊင္တဲ့ အိမ္ေထာင္ေရးေလးကို တည္ေဆာက္ထားတာ ျဖစ္ပါတယ္။

ပရိသတ္ေတြကလည္း ေ႐ႊႏွစ္ေ႐ႊရဲ႕ အိမ္ေထာင္ေရးေလးကို ဂ႐ုတစိုက္နဲ႔ ေစာင့္ၾကည့္ၾကတာ ေတြ႕ရပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းေတြက ေ႐ႊထူးရဲ႕ ပို႔ေအာက္ေတြမွာ ဗိုက္ႀကီးသည္ပုံ Sticker ေလးေတြ မန႔္ထားတာေၾကာင့္ ပရိသတ္ေတြက ေ႐ႊမႈံတစ္ေယာက္ ေ႐ႊထူးနဲ႔ရတဲ့ ကိုယ္ဝန္လြယ္ထားရၿပီလားဆိုၿပီး ထင္ေနၾကတာ ျဖစ္ပါတယ္။

Loading...

ေ႐ႊထူးကလည္း “ေ႐ႊေပါက္စ” ေလးဆိုၿပီး သူ႔ရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ တင္ထားခဲ့တာေၾကာင့္ ပရိသတ္ေတြက ပိုလို႔ေတာင္ စိတ္ဝင္စားခဲ့တာျဖစ္ပါတယ္။ ေ႐ႊထူးကလည္း ပရိသတ္ေတြကို ေ႐ႊမႈံေပးတဲ့ လက္ေဆာင္ေလးေၾကာင့္ အရမ္းေပ်ာ္တယ္ေျပာခဲ့တာ ျဖစ္ပါတယ္။

ဒီေန႔မွာေတာ့ ေ႐ႊထူးက ပရိသတ္ေတီ ထင္ေနၾကသလို “ေ႐ႊေပါက္စ” ေလးမဟုတ္ပဲ ေ႐ႊမႈံရတီေပးတဲ့ ေမြးေန႔ Surprise ေၾကာင့္သာျဖစ္တယ္ဆိုၿပီး ပရိသတ္ေတြကို ရွင္းျပလာပါတယ္။ေ႐ႊႏွစ္ေ႐ႊရဲ႕ “ေ႐ႊေပါက္စ” ေလးက တပကယ္မျဖစ္ေသးဘူးဆိုေပမယ့္ ပရိသတ္ေတြကေတာ့ ေ႐ႊထူးနဲ႔ ေ႐ႊမႈံရတီရဲ႕ ရင္ေသြးေလးကို ျမင္ခ်င္ေနၾကၿပီပဲ ျဖစ္ပါတယ္။ အခ်ိန္ေပးၿပီး ဖတ္ရႈေပးတဲ့ ပရိသတ္ႀကီးကို မိုမိုေလးမွ ေက်းဇူးအထူးတင္ပါတယ္။

crd MoMoLay

ပရိသတ်တွေထင်နေကြသလို ရွှေမှုံရတီ ကိုယ်ဝန်ရှိနေတာ မဟုတ်ကြောင်း ငြင်းဆိုလိုက်တဲ့ ရွှေထူး

ပရိသတ်တွေ အားကျရတဲ့ အနုပညာရှင်စုံတွဲဖြစ်တဲ့ ရွှေမှုံရတီနဲ့ ရွှေထူးက အနုပညာလောကမှာ အောင်မြင်မှုတွေ ကိုယ်စီရရှိထားသူပါ။ ရွှေထူးနဲ့ ရွှေမှုံရတီက အနုပညာလုပ်ငန်းတွေကို ကိုယ်စီလုပ်ကိုင်ရင်း သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ရွှေနှစ်ရွှေရဲ့ အိမ်ထောင်ရေးလေးကို ဂရုတစိုက်နဲ့ စောင့်ကြည့်ကြတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ရွှေထူးရဲ့ ပို့အောက်တွေမှာ ဗိုက်ကြီးသည်ပုံ Sticker လေးတွေ မန့်ထားတာကြောင့် ပရိသတ်တွေက ရွှေမှုံတစ်ယောက် ရွှေထူးနဲ့ရတဲ့ ကိုယ်ဝန်လွယ်ထားရပြီလားဆိုပြီး ထင်နေကြတာ ဖြစ်ပါတယ်။

ရွှေထူးကလည်း “ရွှေပေါက်စ” လေးဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ တင်ထားခဲ့တာကြောင့် ပရိသတ်တွေက ပိုလို့တောင် စိတ်ဝင်စားခဲ့တာဖြစ်ပါတယ်။ ရွှေထူးကလည်း ပရိသတ်တွေကို ရွှေမှုံပေးတဲ့ လက်ဆောင်လေးကြောင့် အရမ်းပျော်တယ်ပြောခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ရွှေထူးက ပရိသတ်တေီ ထင်နေကြသလို “ရွှေပေါက်စ” လေးမဟုတ်ပဲ ရွှေမှုံရတီပေးတဲ့ မွေးနေ့ Surprise ကြောင့်သာဖြစ်တယ်ဆိုပြီး ပရိသတ်တွေကို ရှင်းပြလာပါတယ်။ရွှေနှစ်ရွှေရဲ့ “ရွှေပေါက်စ” လေးက တပကယ်မဖြစ်သေးဘူးဆိုပေမယ့် ပရိသတ်တွေကတော့ ရွှေထူးနဲ့ ရွှေမှုံရတီရဲ့ ရင်သွေးလေးကို မြင်ချင်နေကြပြီပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ပါတယ်။

crd MoMoLay

Related Articles

Close