Celebrity
မျက်နှာခွဲစိတ်ပြုပြင်ပြီးနောက် အပြောင်းလဲကြီးပြောင်းလဲသွားကြတဲ့ ပြည်တွင်းက အနုပညာရှင်များ
Zawgyi ဖြင့်ဖတ်ရန်
Loading...
Unicode ဖြင့်ဖတ်ရန်
ကိုရီးယားနိုင်ငံရဲ့ရုပ်ရှင်ကားတွေ၊ ကိုရီးယားအနုပညာရှင်တွေဆီကနေ ဆင်းသက်လာခဲ့တဲ့ ပင်ကိုယ်ရှိပြီးသား မျက်နှာအလှကို ပိုမိုလှပအောင် ပြုပြင်ကြတယ်ဆိုတဲ့ ခေတ်ရေစီးကြောင်းတစ်ခုဟာ မြန်မာနိုင်ငံကအနုပညာ ရှင်တွေကြားထဲမှာ ရေပန်းစားခဲ့ပြီး တစ်ချို့အနုပညာရှင်တွေက သူတို့ရဲ့ အားနည်းချက်ရှိတဲ့ အစိတ်အပိုင်း တွေကိုပြုပြင်ခဲ့ကြပါတယ်။ အဲ့လို ပြုပြင်ခဲ့တဲ့နေရာမှာ နှာခေါင်းအလှကို ခဲ့စိတ်ပြုပြင်ခဲ့တာပိုမိုများပြားပြီး တစ်ချို့ကမျက်ရစ်ဖော်ခြင်း မျက်နှာ Vရှိတ်ပြုုပြင်ခြင်းတွေကို ပြုလုပ်ခဲ့ကြပါတယ်။
အဲ့ဒီလိုပြုပြင်ခဲ့ကြတဲ့ အနုပညာတွေကတော့ ကျော်ကျော်ဗို ၊ ထွန်းကိုကို၊ ဇေရဲထက်၊ နန်းခင်ဇေယျာ၊ ရတနာဗို၊ နေခြည်ဦး ပိုးမီ၊ နန်မြတ်ဖြိုးသင်း၊ ဝိုင်းစုခိုင်သိန်း ၊ညီညီမောင်၊ ဆုပန်ထွာ နဲ့ ဟန်တီ တို့က ခွဲ စိတ်ပြုပြင်ခဲ့ကြတယ်လို့လဲ သိရပါတယ်။ အခြားသော အနုပညာရှင်တွေ၊ မိတ်ကပ်ပညာရှင်တွေ၊ မော်ဒယ်တွေအပြင် ငွေကြေးတက်နိုင်တဲ့ အလှအပကိုကြိုက် နှစ်သက်တဲ့ ပရိသတ်တွေ လဲ ပြုပြင်ပြောင်းလဲ ခဲ့ကြတာတွေကို တွေ့မြင်ရမှာပါ။
ဒါ့အပြင် ကိုရီးယားနိုင်ငံမှ မျက်နှာခွဲစိတ်ပြုပြင်တဲ့ ဆေးရုံတွေကလဲ မြန်မာပြည်ရုံးခွဲအနေနဲ့ ဖွင့်လှစ်လာကြပြီး မျက်နှာခွဲစိတ်ပြုပြင်တာတင်မဟုတ်ဘဲ ၊အချို့က ခန္ဓာကိုယ်ပိုင်ရဲ့ အလှအပတွေကိုပါ အစားထိုးခွဲစိတ်ပြုပြင်မှု တွေလုပ်လာကြတာကို တွေ့ရပါတယ်။
ပင်ကိုယ်အလှထက်ပိုပြီးလှသွားတဲ့ မြန်မာနိုင်ငံက အနုပညာရှင်တွေရဲ့ ပုံရိပ်တွေကို ပူးတွဲဖော်ပြလိုက်ပါတယ်နော်။ အက်ဒမင်ဖော်ပြထားတဲ့ အနုပညာရှင်တွေအပြင် အခြားသောအနုပညာရှင်တွေ ကျန်ခဲ့မယ်ဆိုရင်လည်း ပြောပြခဲ့ကြပါအုံးနော်။
ဖတ်ရှု့ပေးတဲ့ ချစ်ပရိသတ်တွေကို ကျေးဇူးအထူးတင်ရှိပါတယ်။
Source : momolay
Related Articles
Close