Celebrity

ပုရိသတို့ကို အသည်းယားစေမယ့် ဟန်နာယူရီရဲ့ရေကူးကန်ထဲက ဗီဒီယိုလေး

စကားပြောရင် ကလေးတစ်ယောက်လို အရမ်းချစ်စရာကောင်းတဲ့ မိတ်ကပ်ပညာရှင်လေး ဟန်နာယူရီကတော့ သူမရဲ့ချစ်စရာအမူအယာလေးတွေကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားသူလေးပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဟန်နာယူရီလေးက သူမရဲ့အိမ်မက်လေးအကြောင်း ပြောရင်း ရေကူးကန်ထဲက သူမရဲ့ အသည်းယားဖွယ် ဗီဒီယိုလေးတစ်ခုကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ဖြူဝင်းတဲ့ အသားအရည်နဲ့ သေးသွယ်တဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတဲ့ ဟန်နာယူရီလေးရဲ့ဗီဒီယိုကတော့ တကယ့်ကို ချစ်ဖို့ကောင်းလွန်းနေတာပါနော်။

ချစ်ပရိသတ်တွေအတွက် အရမ်းကို အသည်းယားစရာကောင်းတဲ့ ချစ်စရာကောင်မလေး ဟန်နာယူရီရဲ့အလှပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ်နော်။

Loading...

ဟန်နာယူရီကတော့ “အိမ်မက်တစ်ခုရှိတယ် island girl ဖြစ်ချင်တာ Someday…လက်ထပ်ပြီးရင်ဖြစ်ဖြစ် တစ်ယောက်တည်းဖြစ်ဖြစ် ပင်လယ်နားမှာအိမ်လေးတစ်လုံးနဲ့ မနက်ညနေတွေလည်းပင်လယ်ထဲမှာ ငါးလေးတွေနဲ့ရေကူး အေးအေးချမ်းချမ်းသွားနေချင်တယ် ရေကူးရင်းပြုံးနေတာကကျွန်မက ရေကူးတတ်ရင်အမြဲပြုံးကူးနေမယ်လို့အရင်ထဲကဆုံးဖြတ်ထားတာ ကန်ထဲကရွေငါးတွေရေကူးနေရင်းပြုံးနေတာကြည့်ရင်းစိတ်ချမ်းသာလို့” ဆိုပြီး ချစ်စရာကောင်းတဲ့ သူမရဲ့ဗီဒီယိုလေးကို ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။

မိတ်ကပ်ပညာမှာ အရမ်းတော်တဲ့ ဟန်နာယူရီလေးကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း အထူးမိတ်ကပ်တွေ ပြင်ပေးဖြစ်တယ်လို့ သိရပါတယ်။ သူမကိုယ်တိုင်လည်း လှလှလေးနေတဲ့ ဟန်နာယူရီကတော့ မကြာခဏဆိုသလိုလည်း ပရိသတ်တွေအတွက် အလှအပနဲ့ ပတ်သတ်တဲ့ အကြံကောင်းတွေ ပေးလေ့ရှိသူတစ်ဦးပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း သေးသေးလေးနဲ့ အသည်းယားဖွယ်ကောင်းတဲ့ ဟန်နာယူရီလေးကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

crd MoMolay

Loading...

Related Articles

Close