Knowledge

မိသားစုမှာ ညီမရှိနေခြင်းက အစ်မတွေကို အဝလွန်စေတယ်လို့ သိပ္ပံပညာရှင်တွေအတည်ပြု

ဒီလေ့လာမှုကို ပြုလုပ်ခဲ့ပုံကဒီလိုပါ။ ဆွီဒင်နိုင်ငံက ၁၉၉၁ ခုနှစ်နဲ့ ၂၀၀၉ ခုနှစ်အကြား မွေးဖွားလာခဲ့တဲ့ ညီအစ်မတွေကို နှစ်ဦးတွဲ ၁၃၄၀၆ တွဲ အရေအတွက်အထိ လေ့လာခဲ့ကြပြီး ပညာရှင်တွေက ညီမရှိနေခြင်းက အစ်မတွေကို အဝလွန်စေတယ်လို့ပညာရှင်တွေက အတည်ပြုခဲ့ကြတာဖြစ်ပါတယ်။

လေ့လာမှုတွေအရ မိသားစုမှာ ညီမရှိတဲ့ အစ်မဖြစ်သူတွေဟာ မွေးခါစကာလမှာ ညီမငယ်တွေထက်ပိုပြီးအကောင်သေးတတ်ပေမဲ့ ကြီးပြင်းလာချိန်မှာတော့ သူတို့ဟာ ညီမတွေထက်အဝလွန်ပြီး BMI ဆိုတဲ့ ကိုယ်အလေးချိန်အချိုးအစားအရ 2.4 ဆ ထိ ပိုများလာလေ့ရှိတယ်လို့ သိရှိရပါတယ်။

စောစောမွေးတဲ့ အစ်မဖြစ်သူတွေဟာ အငယ်ဖြစ်တဲ့ညီမတွေထက် ဝလာနိုင်ချေက ၄၀ရာခိုင်နှုန်းအထိရှိပြီး အဝလွန်နိုင်ချေက၂၇ ရာခိုင်နှုန်းအထိရှိတယ်လို့သိရတာပါ။ဒါဟာ ဘာကိုအခြေပြုလေ့လာထားခဲ့လဲဆိုတဲ့နောက်ကွယ်မှာတော့ သိပ္ပံနည်းကျအတည်ပြုထားတဲ့ သီဝရီတခုရှိနေပါတယ်။

နယူးဇီလန်နိုင်ငံက Auckland တက္ကသိုလ်က ပရော်ဖက်ဆာတဦးဖြစ်တဲ့ Wayne Cutfield ရဲ့ အဆိုအရ အရင်ဆုံးမွေးလာတဲ့ကလေးတွေမှာ ပြသနာတခုကြုံရတာက သန္ဓေသားလေးကို အာဟာရထောက်ပံ့ပေးရတဲ့ မိခင်ရဲ့ သွေးကြောတွေဟာ ကျဉ်းမြောင်းနေဆဲဖြစ်တာကြောင့် အာဟာရနည်းပါးပြတ်တောက်မှုအရ အသက်အရွယ်ကြီးလာတဲ့အချိန်မှာ အင်ဆူလင်ပမာဏပိုမိုများပြားပြီး အဆီပိုတွေပိုမိုစုစည်းလာတယ်လို့ သိရှိရတာပါ။

Loading...

နောက်ထပ် လေ့လာမှုတခုကတော့ နယူးယောက်က ဒေါက်တာ Maria Peña ရဲ့လေ့လာမှုပါ။ မိခင်တွေဟာ သားဦးကလေးတွေကို ကျန်းမာစေအောင် လိုအပ်တဲ့ပမာဏထက်ပိုပြီး ကျွေးတတ်မွေးတတ်လေ့ရှိတာကြောင့် ဒါဟာ ကလေးအတွက် ဘဝနောက်ပိုင်းမှာ အစားပိုစားတတ်တဲ့အကျင့်ဖြစ်သွားစေတာကြောင့် လို့ သိရှိရတာပါ။

နောက်တချက်ကတော့ အကြီးတွေဟာ အစာစားချိန်မှာအငယ်တွေကို ဗိုလ်ကျအနိုင်ကျင့်ပြီး လုယူစားသောက်တတ်တဲ့အကျင့်ကြောင့်လည်းဖြစ်နိုင်ကြောင်း ကောက်ချက်တွေလည်းရှိခဲ့တာပါ။

Credit to နာမည်ကြီး

Loading...

Related Articles

Close