Celebrity

ေသးသြယ္တဲ့ ခႏၶာကိုယ္ေကာက္ေၾကာင္း ေပၚလြင္ေနတဲ့ ဝတ္စုံေလးနဲ႔ ေလ့က်င့္ခန္းလုပ္ေနတဲ့ ေနျခည္ဦးရဲ႕ဗီဒီယို

မိန္းကေလးေတြကို အလွအပနဲ႔ ပတ္သတ္တဲ့ အႀကံေကာင္းေတြကို ေဝမွ်ေပးေလ့ရွိတဲ့ Beauty Blogger မေလး ေနျခည္ဦးကေတာ့ အႏုပညာမွာလည္း ပါရမီထူးသူတစ္ဦးမို႔ အခ်ိန္တိုေလးအတြင္းမွာ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြေတာင္ ႐ိုက္ကူးေနရၿပီပဲ ျဖစ္ပါတယ္။

အၿမဲလိုလို သူမရဲ႕လႈပ္ရွားမႈေတြကို ပရိသတ္ေတြဆီ ေဝမွ်ေပးေလ့ရွိတဲ့ ခ်ီခ်ီကေတာ့ လတ္တေလာမွာလည္း ေကာက္ေၾကာင္းအလွေတြ ေပၚလြင္ေနတဲ့ ဖက္ရွင္နဲ႔ ေလ့က်င့္ခန္းလုပ္ေနတဲ့ သူမရဲ႕ဗီဒီယိုေလးကို လူမႈကြန္ယက္မွာ တင္ေပးလိုက္တာ ေတြ႕ရပါတယ္။ အခ်ိန္တစ္ခုအတြင္းမွာ လုံးဝကို ေျပာင္းလဲသြားတဲ့ ေနျခည္ဦးရဲ႕ခႏၶာကိုယ္အခ်ိဳးအစားကေတာ့ အရမ္းကို အားက်စရာ ေကာင္းလွပါတယ္ေနာ္။

ခ်စ္ပရိသတ္ေတြအတြက္ ေသးသြယ္တဲ့ ခႏၶာကိုယ္ေကာက္ေၾကာင္းအလွေတြ ေပၚလြင္ေနတဲ့ ဝတ္စုံေလးနဲ႔ ႀကိဳးခုန္ၿပီး ေလ့က်င့္ခန္းလုပ္ေနတဲ့ ေနျခည္ဦးရဲ႕ဗီဒီယိုေလးကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Loading...

ေနျခည္ဦးကေတာ့ သူမရဲ႕ဗီဒီယိုေလးကို အင္စတာဂရမ္မွတစ္ဆင့္ ေဝမွ်ေပးထားတာျဖစ္ၿပီး ေျပာင္းလဲလာတဲ့ သူမရဲ႕ခႏၶာကိုယ္အလွကို ျပသခဲ့တာပဲ ျဖစ္ပါတယ္။ အခ်စ္ေရးမွာလည္း ကံေကာင္းတဲ့ ေနျခည္ဦးကေတာ့ မၾကာခဏဆိုသလို ပန္းစည္းႀကီးေတြနဲ႔ Romantic ဆန္ဆန္ အေခ်ာ့ခံရတဲ့အေၾကာင္းလည္း လူမႈကြန္ယက္မွာ ေဝမွ်ေပးေလ့ရွိပါတယ္။

crd

Unicode Version

သေးသွယ်တဲ့ ခန္ဓာကိုယ်ကောက်ကြောင်း ပေါ်လွင်နေတဲ့ ဝတ်စုံလေးနဲ့ လေ့ကျင့်ခန်းလုပ်နေတဲ့ နေခြည်ဦးရဲ့ဗီဒီယို

မိန်းကလေးတွေကို အလှအပနဲ့ ပတ်သတ်တဲ့ အကြံကောင်းတွေကို ဝေမျှပေးလေ့ရှိတဲ့ Beauty Blogger မလေး နေခြည်ဦးကတော့ အနုပညာမှာလည်း ပါရမီထူးသူတစ်ဦးမို့ အချိန်တိုလေးအတွင်းမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေတောင် ရိုက်ကူးနေရပြီပဲ ဖြစ်ပါတယ်။

အမြဲလိုလို သူမရဲ့လှုပ်ရှားမှုတွေကို ပရိသတ်တွေဆီ ဝေမျှပေးလေ့ရှိတဲ့ ချီချီကတော့ လတ်တလောမှာလည်း ကောက်ကြောင်းအလှတွေ ပေါ်လွင်နေတဲ့ ဖက်ရှင်နဲ့ လေ့ကျင့်ခန်းလုပ်နေတဲ့ သူမရဲ့ဗီဒီယိုလေးကို လူမှုကွန်ယက်မှာ တင်ပေးလိုက်တာ တွေ့ရပါတယ်။ အချိန်တစ်ခုအတွင်းမှာ လုံးဝကို ပြောင်းလဲသွားတဲ့ နေခြည်ဦးရဲ့ခန္ဓာကိုယ်အချိုးအစားကတော့ အရမ်းကို အားကျစရာ ကောင်းလှပါတယ်နော်။

ချစ်ပရိသတ်တွေအတွက် သေးသွယ်တဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှတွေ ပေါ်လွင်နေတဲ့ ဝတ်စုံလေးနဲ့ ကြိုးခုန်ပြီး လေ့ကျင့်ခန်းလုပ်နေတဲ့ နေခြည်ဦးရဲ့ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

နေခြည်ဦးကတော့ သူမရဲ့ဗီဒီယိုလေးကို အင်စတာဂရမ်မှတစ်ဆင့် ဝေမျှပေးထားတာဖြစ်ပြီး ပြောင်းလဲလာတဲ့ သူမရဲ့ခန္ဓာကိုယ်အလှကို ပြသခဲ့တာပဲ ဖြစ်ပါတယ်။ အချစ်ရေးမှာလည်း ကံကောင်းတဲ့ နေခြည်ဦးကတော့ မကြာခဏဆိုသလို ပန်းစည်းကြီးတွေနဲ့ Romantic ဆန်ဆန် အချော့ခံရတဲ့အကြောင်းလည်း လူမှုကွန်ယက်မှာ ဝေမျှပေးလေ့ရှိပါတယ်။

crd

Loading...

Related Articles

Close