Celebrity

မင္းေသြး ေသဆုံးၿပီးေနာက္ လူျပန္ဝင္စားတယ္လို႔ လူမႈကြန္ရက္မွာ နာမည္ႀကီးေနတဲ့ ကေလးေလး

မင္းေသြး “‘ေယာက္်ား ညက အိပ္မက္ ထူးျခားတယ္သိလား ‘ ဘာေတြမက္လို႔လဲ နန္း .. ထီဂဏန္းလား ….? “ဟုတ္ပါဘူး ဆုံးသြားတဲ့ ဟိုမင္းသား မင္းေသြးေလ သူ႔ကိုမက္တာ …

အိပ္မက္ထဲ သူနဲ႔ေတြ႕ၿပီး စကားေျပာရတယ္”“ဘာေတြေျပာ” သူ က်မေရွ႕မွာ လာထိုင္ေနတယ္ မ်က္ႏွာလဲ မသာမယာနဲ႔ ဟဲ့ … “နင္ မင္းေသြးမဟုတ္လား …လို႔ ေမးလိုက္တယ္ ဟုတ္တယ္အမတဲ့ … ဟင္ နင္က ေသၿပီးၿပိေလ ဘာလို႔ ဒီမွာလာထိုင္ေနတာလဲ..?“က်ေနာ္ အမတို႔နဲ႔ လာေနခ်င္လို႔ပါ” …“ဟဲ့ နင္က ေသၿပီးၿပိ ငါတို႔နဲ႔ ဘယ္လိုေနလို႔ျဖစ္မလဲ” က်မအဲလိုျပန္ေျပာၿပီး အိပ္မက္က ဟိုေရာက္ဒီေရာက္ျဖစ္သြားတယ္ ။

“နန္းရယ္ နင္ ေဖ့ဘုက္ေတြဖတ္ၿပီး သူ႔ကိုစိတ္စြဲလို႔ ျဖစ္ပါလိမ့္မယ္” …“သူဆုံးတာ ႏွစ္လေက်ာ္ေနၿပီေလ သူ႔သတင္းေတြလဲေဖ့ဘုက္မွာ မတက္လာေတာ့ပါဘူး က်မလဲ သူ႔သတင္းေတြ

ေမ့ေမ့ေပ်ာက္ေပ်ာက္ျဖစ္ေနပါၿပီစိတ္စြဲလမ္းတာေတာ့ မျဖစ္ဘူး ေယာက္်ားရဲ႕” ..“ဒါဆိုလဲ နန္း ဘုရားရွိခိုးၿပီး သူ႔ကိုအမွ်ေဝေပးလိုက္ေပါ့ၿပိးရင္ နင္ ငါတို႔ဆီ တကယ္လာေနခ်င္တယ္ဆိုရင္ သုံးခါတိတိ အိပ္မက္ေပးပါလို႔ ေျပာထားလိုက္ .. ၿပီးရင္ ေစာင့္ၾကည့္ၾကတာေပါ့” …. ။

Loading...

အဲဒီညမွာပါပဲ မေန႔က ပုံစံအတိုင္း တေထရာတည္း ပုံစံတူ အိပ္မက္မ်ိဳး ျပန္မက္လာတယ္ … မနက္မိုးလင္း ေယာက္်ားကို ေျပာျပေတာ့ နင္လာမယ္ဆိုရင္ အမွတ္အသားတခုခု လုပ္လာလို႔ ေျပာထားလိုက္လို႔ ေယာက္်ားျဖစ္သူ အႀကံေပးလိုက္သည္ . ေမာင္ႏွမ သုံးေယာက္ မိသားစု ႏွစ္စု စက္႐ုံအလုပ္႐ုံနဲ႔ နီးတဲ့

ဆိပ္ၿငိမ္ရပ္ကြက္ေလးတခုက လုံးခ်င္းအိမ္ေလးတလုံးမွာ စုေပါင္းငွါးေနၾကသည္ အိမ္ေထာင္သည္ေတြလဲျဖစ္ ေမာင္ႏွမမ်ားလဲ ျဖစ္ၾကေတာ့သင့္သင့္ျမတ္ျမတ္ရွိၾကသည္ အေသာက္အစားမရွိၾကအားလုံး အလုပ္ကျပန္ေရာက္ ညစာစားၿပိး လူတိုင္းဘုရားကန္ေတာ့ၿပီးမွ အိပ္ရာဝင္ၾကသည္

အိမ္ဦးခမ္းမွာ ဘုရားခန္းကိုလဲ သိးသိးသန႔္သန႔္ သပ္သပ္ရပ္ရပ္ ပူေဇာ္ထားသည္ ။ မနက္လင္းေတာ့ ေယာက္်ားျဖစ္သူ စေမးလာသည္ ညက “ထူးျခားေသးလားနန္း” …. “ထူးျခားတယ္ ေယာက္်ား အရင္ကညေတြက ပုံစံအတိုင္းပဲ ေယာက္်ားေျပာသလို သူေျပာသြားတယ္” အမ ေက်ေေနာ္လာမယ္ေနာ္ …က်ေနာ့္ ဘယ္ဘက္ ေျခေတာက္မွာ အမွတ္အသားေပးထားၿပိးၿပီ … အင္းေလ ဒါဆိုလဲ လာေပါ့

လို႔ ေျပာၿပိး ေပ်ာက္သြားတယ္ …. “သတၱဝါတခု ကံတခုေပါ့ နန္းရယ္ သူလာခ်င္ေနတာ တို႔ တားလို႔ရတာလဲ မဟုတ္ တို႔နဲ႔ ကံစပ္ရင္ သူေရာက္လာခ်င္ ေရာက္လာမွာေပါ့” … နန္းတို႔ အိမ္ေထာင္က်ၿပီး ၇ လအၾကာမွာ အထက္ပါ အျဖစ္အပ်က္မ်ား ျဖစ္လာခဲ့သည္

နန္းနဲ႔ မင္းေသြး ေနတိုး တို႔ဆိုတဲ့ ႏိုင္ေက်ာ္မင္းသားေတြနဲ႔ဘယ္လိုမွ မပတ္သက္ခဲ့ဘူး နန္းက သာမန္ ဆင္းရဲသူ အမ်ားနည္းတူ မေလးရွားသြား အလုပ္လုပ္ရင္း သူနဲ႔ အေၾကာင္းပါလို႔ ေနာက္တေခါက္ မေလးရွားျပန္ၿပီ သူနဲ႔ အိမ္ေထာင္ျပဳျဖစ္တယ္ သူ႔နာမည္က ကိုေအာင္ေက်ာ္ေဇာ ကိုေအာင္နဲ႔ အေၾကာင္းပါၿပီး သူ႔အလုပ္မွာပဲ

လိုက္ေနရင္း လင္းမယားႏွစ္ေယာက္လုံး သူတို႔အလုပ္မွာပဲ အတူလုပ္ၾကတာ တရက္ နန္းေနမေကာင္းလို႔ ေဆးခန္းသြားျပေတာ့ နန္းမွာ တလသား ကိုယ္ဝန္လြယ္ထားရၿပီဆိုတာ သိခဲ့ရတယ္ ဒီလို အိပ္မက္ေတြ မက္ရေလာက္ေအာင္ မင္းေသြး တို႔နဲ႔ နန္းတို႔ ဘာဆိုဘာမွ မပတ္သက္ခဲ့ဘူး

စကားလဲမေျပာဘူး တေယာက္ကို တေယာက္လဲ မေတြ႕ခဲ့ဖူးဘူး/ တခုေတာ့ရွိတယ္ ရခိုင္ျပည္နယ္ မာန္ေအာင္ၿမိ့ုနယ္ ဇလပ္ျပင္႐ြာ ငယ္ေလးမွာ အတူတူ လူျဖစ္ခဲ့ၾကတာပဲ ရွိတာ အိပ္မက္က သုံးခါတိတိမက္႐ုံနဲ႔ မၿပီးေသးဘူးေနာက္တရက္ဆက္မက္ခဲ့ေသးတယ္ အိပ္မက္ထဲ ႐ြာမွာ ေလ်ာက္သြားေနတုန္း အေဒၚႀကီးအ႐ြယ္ အမ်ိဳးသမိးႀကီးတေယာက္နဲ႔ လမ္းမွာဆုံးၾကရင္း …. “ဟဲ့ သမီ

း ဒီေန႔ မင္းေသြး တလျပည့္ ဆြမ္းတရားနာတာ ညဥ္းမသြားဘူးလား” … “က်မ ဘာလို႔သြားရမွာလဲ က်မနဲ႔လဲ မပတ္သက္ဘူး က်မကိုလဲ မဖိတ္ပါဘူး”လို႔ ျပန္ေျပာလိုက္ေတာ့ အဲလိုဘယ္ဟုတ္မလဲ တ႐ြာတည္းသားဆိုတာ ဖိတ္ဖိတ္ မဖိတ္ဖိတ္ သြားရတယ္ ဆိုမွ …

ေအာ္ … ဟုတ္ က်မ သြားလိုက္ပါ့မယ္ အန္တီ လို႔ေျပာၿပီး မင္းေသြးတို႔အိမ္ေရာက္သြားတယ္ က်မေရာက္သြားခ်ိန္မွာ အမွ်ေဝေနၿပီ က်မလဲ ေနာက္နားဝင္ထိုင္ရင္း သာဓုေခၚၿပီးျပန္ခဲ့တယ္ ။ ပရိတ္တရားနာၿပီး မင္းေသြးဝင္စားတယ္လို႔ ထင္ရတဲ့

ကေလးအေမကိုယ္တိုင္က ဒီကေလးေလးရဲ႕ ကိုယ္ဝန္လြယ္ထားခ်ိန္က ထူးျခားတဲ့ အိပ္မက္အေၾကာင္းေတြကို ကိုယ္တိုင္ေျပာျပလာလို႔ အလ်င္းသင့္သလို ျပန္လည္ စာစီလိုက္မိသည္

“ဒါနဲ႔ သမိး သူအမွတ္အသားေပးခဲ့တယ္ ဆိုတာကေရာ” “တင္ပါ သူ႔ဘယ္ဘက္ေျခေတာက္ ေပါင္လည္မွာဘုရား ေမြးခါစကေတာ့ အေတာ္ထင္ထင္ရွားပါဘုရား အခု ငါးလသားမွာ နည္းနည္း အေရာင္ မိန္လာေနတယ္ဘုရား” တဲ့

ဒါနဲ႔ ကေလးေမာင္ေလးကို လွန္ၾကည့္မိေတာ့အမွတ္ မဲမဲေရာင္ေလးကို ေတြ႕ခဲ့ရသည္ ကံ ကံရဲ႕ အႀကိဳးတရားကို ယုံၾကည့္ၾကတဲ့ဗုဒၵဘာသာဝင္ေတြ အတြက္ လူဝင္စားကိစၥဆိုတာ

အဆန္းတၾကယ္ေတာ့မဟုတ္ သံသရာဆိုတာနဲ႔ တြဲဖက္ၿပီး လူဝင္စား ဆိုတာ ယုံၾကည့္လက္ခံၿပီးသား တခုပဲ တကယ္မင္းေသြး ဟုတ္မဟုတ္ဆိုတာေတာ့ ဒီကေလးေလး စကားေျပာတတ္ခါစအ႐ြယ္မွာ ေစာင့္ၾကည့္ၿပီး သူ႔ဘဝေနာက္ေၾကာင္းေတြ တစြန္းတစ ျပန္ေျပာျပလာႏိုင္တယ္ဆိုရင္ …..

ကေလးမိဘမ်ား ႏွင့္ မေလးရွားမွာ ရင္းႏွီးကြၽမ္းဝင္တာၾကာေပမယ့္ အိမ္ေထာင္က်ၿပိးကတည္းက မေတြ႕တာၾကာလို႔ သူတို႔ေနတဲ့ အိမ္ထဲ အလည္ သြားေတြ႕မိတယ္ သားေလးတေယာက္ ဖြါးျမင္ ေၾကာင္း ကိုယ္ဝန္လြယ္ၿပီး တလ ေလာက္မွာ ယခုလို အိပ္မက္ေတြေပးေၾကာင္း ေျပာျပလာတယ္

ဦးဇင္းေရာက္သခိုက္ ပတ္ဝန္က်င္က ျမန္မာမ်ားလဲ သံဃာႂကြလာတယ္ဆိုေတာ့ တရားနာလိုေၾကာင္း ေတာင္းဆိုလို႔ သီလေပး တရားေပး တရားေဆြးေႏြး ေပးရတာ အခ်ိန္ ၂ နာရီေက်ာ္ၾကာသြားခဲ့တယ္

ေစ့ေစ့စပ္စပ္ ကေလးနဲ႔ ပတ္သက္ၿပိး ေမေပးျမန္မိခဲ့ မင္းေသြးဆိုတာ ဆုံးပါးသြားမွ မင္းသာ ေနတိုးညီ သူလဲ ႐ုပ္ရွင္မင္းသားဆိုတာ သိခဲ့တာ သူဆုံးတဲ့ ရက္ေန႔လေတြ အမွတ္တမဲ့သာ ဒီပိုစ့္ကို ေရးမိလိုက္ေတာ့ ေထာက္ျပေဝဘန္ လာတာေတြ ေတြ႕မွ ဟုတ္သားပဲလို႔ သတိထားမိလိုက္တယ္

..အဘိဓမၼာသေဘာတရားအရ သဘာဝနိယာမအရ ရက္နဲ႔ တြက္ၾကည့္ရင္ မျဖစ္ႏိုင္တာေတြ႕ရလို႔ ကေလးမိဘမ်ားကို ကေလးအသက္ကို ျပန္လည္ေမးၾကည့္မိမွ ရက္လ ေတြ သိပ္ကြာဟတာ မေတြ႕ရ ျဖစ္မယ္ဆိုလဲ ျဖစ္ႏိုင္ေျခရွိသလို ျဖစ္ေကာင္းမွလဲ ျဖစ္ပါလိမ့္မယ္ …

ကေလးမိဘမ်ားဘက္က တကယ့္ကို ႐ိုး႐ိုးသားသား ဘာရည္႐ြယ္ခ်က္မွမရွိ ထူးျခားလို႔ ဦးဇင္းကို တိုင္ပင္ေျပာျပ႐ုံသက္သက္သာ ဦးဇင္းဘက္ကလဲ မင္းေသြးတို႔ အမ်ိဳးအေဆြေတြ အေနဲ႔ သူ လူျပန္ျဖစ္ႏိုင္တယ္ဆိုတာ ေကာင္းသတင္းမို႔ ႐ိုး႐ိုးသားသား ေရလိုက္မိျခင္းသာျဖစ္၏

ကြန္မန႔္မွာ ဆဲဆူျခင္း မတရားစြပ္စြဲျခင္းမ်ားက ကေလးမိဘမ်ားအတြက္ နစ္နာေစတဲ့အတြက္ ေျပာစရာရွိရင္ ဦးဇင္းဆီသာ တိုက္႐ိုက္ ဆက္သြယ္ ဆဲလိုကဆဲ ေျပာလိုကေျပာႏိုင္ေၾကာင္းအသိေပးအပ္ပါသည္

Source : အရွင္နာရဒ ၀၁၈ ၆၆၉၉ ၃၁၅ | Reference & Credit : https://www.myanmarnewsmarket.net

Unicode Version

မင်းသွေး သေဆုံးပြီးနောက် လူပြန်ဝင်စားတယ်လို့ လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ကလေးလေး

မင်းသွေး “‘ယောက်ျား ညက အိပ်မက် ထူးခြားတယ်သိလား ‘ ဘာတွေမက်လို့လဲ နန်း .. ထီဂဏန်းလား ….? “ဟုတ်ပါဘူး ဆုံးသွားတဲ့ ဟိုမင်းသား မင်းသွေးလေ သူ့ကိုမက်တာ …

အိပ်မက်ထဲ သူနဲ့တွေ့ပြီး စကားပြောရတယ်”“ဘာတွေပြော” သူ ကျမရှေ့မှာ လာထိုင်နေတယ် မျက်နှာလဲ မသာမယာနဲ့ ဟဲ့ … “နင် မင်းသွေးမဟုတ်လား …လို့ မေးလိုက်တယ် ဟုတ်တယ်အမတဲ့ … ဟင် နင်က သေပြီးပြိလေ ဘာလို့ ဒီမှာလာထိုင်နေတာလဲ..?“ကျနော် အမတို့နဲ့ လာနေချင်လို့ပါ” …“ဟဲ့ နင်က သေပြီးပြိ ငါတို့နဲ့ ဘယ်လိုနေလို့ဖြစ်မလဲ” ကျမအဲလိုပြန်ပြောပြီး အိပ်မက်က ဟိုရောက်ဒီရောက်ဖြစ်သွားတယ် ။

“နန်းရယ် နင် ဖေ့ဘုက်တွေဖတ်ပြီး သူ့ကိုစိတ်စွဲလို့ ဖြစ်ပါလိမ့်မယ်” …“သူဆုံးတာ နှစ်လကျော်နေပြီလေ သူ့သတင်းတွေလဲဖေ့ဘုက်မှာ မတက်လာတော့ပါဘူး ကျမလဲ သူ့သတင်းတွေ

မေ့မေ့ပျောက်ပျောက်ဖြစ်နေပါပြီစိတ်စွဲလမ်းတာတော့ မဖြစ်ဘူး ယောက်ျားရဲ့” ..“ဒါဆိုလဲ နန်း ဘုရားရှိခိုးပြီး သူ့ကိုအမျှဝေပေးလိုက်ပေါ့ပြိးရင် နင် ငါတို့ဆီ တကယ်လာနေချင်တယ်ဆိုရင် သုံးခါတိတိ အိပ်မက်ပေးပါလို့ ပြောထားလိုက် .. ပြီးရင် စောင့်ကြည့်ကြတာပေါ့” …. ။

အဲဒီညမှာပါပဲ မနေ့က ပုံစံအတိုင်း တထေရာတည်း ပုံစံတူ အိပ်မက်မျိုး ပြန်မက်လာတယ် … မနက်မိုးလင်း ယောက်ျားကို ပြောပြတော့ နင်လာမယ်ဆိုရင် အမှတ်အသားတခုခု လုပ်လာလို့ ပြောထားလိုက်လို့ ယောက်ျားဖြစ်သူ အကြံပေးလိုက်သည် . မောင်နှမ သုံးယောက် မိသားစု နှစ်စု စက်ရုံအလုပ်ရုံနဲ့ နီးတဲ့

ဆိပ်ငြိမ်ရပ်ကွက်လေးတခုက လုံးချင်းအိမ်လေးတလုံးမှာ စုပေါင်းငှါးနေကြသည် အိမ်ထောင်သည်တွေလဲဖြစ် မောင်နှမများလဲ ဖြစ်ကြတော့သင့်သင့်မြတ်မြတ်ရှိကြသည် အသောက်အစားမရှိကြအားလုံး အလုပ်ကပြန်ရောက် ညစာစားပြိး လူတိုင်းဘုရားကန်တော့ပြီးမှ အိပ်ရာဝင်ကြသည်

အိမ်ဦးခမ်းမှာ ဘုရားခန်းကိုလဲ သိးသိးသန့်သန့် သပ်သပ်ရပ်ရပ် ပူဇော်ထားသည် ။ မနက်လင်းတော့ ယောက်ျားဖြစ်သူ စမေးလာသည် ညက “ထူးခြားသေးလားနန်း” …. “ထူးခြားတယ် ယောက်ျား အရင်ကညတွေက ပုံစံအတိုင်းပဲ ယောက်ျားပြောသလို သူပြောသွားတယ်” အမ ကျေေနော်လာမယ်နော် …ကျနော့် ဘယ်ဘက် ခြေတောက်မှာ အမှတ်အသားပေးထားပြိးပြီ … အင်းလေ ဒါဆိုလဲ လာပေါ့

လို့ ပြောပြိး ပျောက်သွားတယ် …. “သတ္တဝါတခု ကံတခုပေါ့ နန်းရယ် သူလာချင်နေတာ တို့ တားလို့ရတာလဲ မဟုတ် တို့နဲ့ ကံစပ်ရင် သူရောက်လာချင် ရောက်လာမှာပေါ့” … နန်းတို့ အိမ်ထောင်ကျပြီး ၇ လအကြာမှာ အထက်ပါ အဖြစ်အပျက်များ ဖြစ်လာခဲ့သည်

နန်းနဲ့ မင်းသွေး နေတိုး တို့ဆိုတဲ့ နိုင်ကျော်မင်းသားတွေနဲ့ဘယ်လိုမှ မပတ်သက်ခဲ့ဘူး နန်းက သာမန် ဆင်းရဲသူ အများနည်းတူ မလေးရှားသွား အလုပ်လုပ်ရင်း သူနဲ့ အကြောင်းပါလို့ နောက်တခေါက် မလေးရှားပြန်ပြီ သူနဲ့ အိမ်ထောင်ပြုဖြစ်တယ် သူ့နာမည်က ကိုအောင်ကျော်ဇော ကိုအောင်နဲ့ အကြောင်းပါပြီး သူ့အလုပ်မှာပဲ

လိုက်နေရင်း လင်းမယားနှစ်ယောက်လုံး သူတို့အလုပ်မှာပဲ အတူလုပ်ကြတာ တရက် နန်းနေမကောင်းလို့ ဆေးခန်းသွားပြတော့ နန်းမှာ တလသား ကိုယ်ဝန်လွယ်ထားရပြီဆိုတာ သိခဲ့ရတယ် ဒီလို အိပ်မက်တွေ မက်ရလောက်အောင် မင်းသွေး တို့နဲ့ နန်းတို့ ဘာဆိုဘာမှ မပတ်သက်ခဲ့ဘူး

စကားလဲမပြောဘူး တယောက်ကို တယောက်လဲ မတွေ့ခဲ့ဖူးဘူး/ တခုတော့ရှိတယ် ရခိုင်ပြည်နယ် မာန်အောင်မြိ့ုနယ် ဇလပ်ပြင်ရွာ ငယ်လေးမှာ အတူတူ လူဖြစ်ခဲ့ကြတာပဲ ရှိတာ အိပ်မက်က သုံးခါတိတိမက်ရုံနဲ့ မပြီးသေးဘူးနောက်တရက်ဆက်မက်ခဲ့သေးတယ် အိပ်မက်ထဲ ရွာမှာ လျောက်သွားနေတုန်း အဒေါ်ကြီးအရွယ် အမျိုးသမိးကြီးတယောက်နဲ့ လမ်းမှာဆုံးကြရင်း …. “ဟဲ့ သမီ

း ဒီနေ့ မင်းသွေး တလပြည့် ဆွမ်းတရားနာတာ ညဉ်းမသွားဘူးလား” … “ကျမ ဘာလို့သွားရမှာလဲ ကျမနဲ့လဲ မပတ်သက်ဘူး ကျမကိုလဲ မဖိတ်ပါဘူး”လို့ ပြန်ပြောလိုက်တော့ အဲလိုဘယ်ဟုတ်မလဲ တရွာတည်းသားဆိုတာ ဖိတ်ဖိတ် မဖိတ်ဖိတ် သွားရတယ် ဆိုမှ …

အော် … ဟုတ် ကျမ သွားလိုက်ပါ့မယ် အန်တီ လို့ပြောပြီး မင်းသွေးတို့အိမ်ရောက်သွားတယ် ကျမရောက်သွားချိန်မှာ အမျှဝေနေပြီ ကျမလဲ နောက်နားဝင်ထိုင်ရင်း သာဓုခေါ်ပြီးပြန်ခဲ့တယ် ။ ပရိတ်တရားနာပြီး မင်းသွေးဝင်စားတယ်လို့ ထင်ရတဲ့

ကလေးအမေကိုယ်တိုင်က ဒီကလေးလေးရဲ့ ကိုယ်ဝန်လွယ်ထားချိန်က ထူးခြားတဲ့ အိပ်မက်အကြောင်းတွေကို ကိုယ်တိုင်ပြောပြလာလို့ အလျင်းသင့်သလို ပြန်လည် စာစီလိုက်မိသည်

“ဒါနဲ့ သမိး သူအမှတ်အသားပေးခဲ့တယ် ဆိုတာကရော” “တင်ပါ သူ့ဘယ်ဘက်ခြေတောက် ပေါင်လည်မှာဘုရား မွေးခါစကတော့ အတော်ထင်ထင်ရှားပါဘုရား အခု ငါးလသားမှာ နည်းနည်း အရောင် မိန်လာနေတယ်ဘုရား” တဲ့

ဒါနဲ့ ကလေးမောင်လေးကို လှန်ကြည့်မိတော့အမှတ် မဲမဲရောင်လေးကို တွေ့ခဲ့ရသည် ကံ ကံရဲ့ အကြိုးတရားကို ယုံကြည့်ကြတဲ့ဗုဒ္ဒဘာသာဝင်တွေ အတွက် လူဝင်စားကိစ္စဆိုတာ

အဆန်းတကြယ်တော့မဟုတ် သံသရာဆိုတာနဲ့ တွဲဖက်ပြီး လူဝင်စား ဆိုတာ ယုံကြည့်လက်ခံပြီးသား တခုပဲ တကယ်မင်းသွေး ဟုတ်မဟုတ်ဆိုတာတော့ ဒီကလေးလေး စကားပြောတတ်ခါစအရွယ်မှာ စောင့်ကြည့်ပြီး သူ့ဘဝနောက်ကြောင်းတွေ တစွန်းတစ ပြန်ပြောပြလာနိုင်တယ်ဆိုရင် …..

ကလေးမိဘများ နှင့် မလေးရှားမှာ ရင်းနှီးကျွမ်းဝင်တာကြာပေမယ့် အိမ်ထောင်ကျပြိးကတည်းက မတွေ့တာကြာလို့ သူတို့နေတဲ့ အိမ်ထဲ အလည် သွားတွေ့မိတယ် သားလေးတယောက် ဖွါးမြင် ကြောင်း ကိုယ်ဝန်လွယ်ပြီး တလ လောက်မှာ ယခုလို အိပ်မက်တွေပေးကြောင်း ပြောပြလာတယ်

ဦးဇင်းရောက်သခိုက် ပတ်ဝန်ကျင်က မြန်မာများလဲ သံဃာကြွလာတယ်ဆိုတော့ တရားနာလိုကြောင်း တောင်းဆိုလို့ သီလပေး တရားပေး တရားဆွေးနွေး ပေးရတာ အချိန် ၂ နာရီကျော်ကြာသွားခဲ့တယ်

စေ့စေ့စပ်စပ် ကလေးနဲ့ ပတ်သက်ပြိး မေပေးမြန်မိခဲ့ မင်းသွေးဆိုတာ ဆုံးပါးသွားမှ မင်းသာ နေတိုးညီ သူလဲ ရုပ်ရှင်မင်းသားဆိုတာ သိခဲ့တာ သူဆုံးတဲ့ ရက်နေ့လတွေ အမှတ်တမဲ့သာ ဒီပိုစ့်ကို ရေးမိလိုက်တော့ ထောက်ပြဝေဘန် လာတာတွေ တွေ့မှ ဟုတ်သားပဲလို့ သတိထားမိလိုက်တယ်

..အဘိဓမ္မာသဘောတရားအရ သဘာဝနိယာမအရ ရက်နဲ့ တွက်ကြည့်ရင် မဖြစ်နိုင်တာတွေ့ရလို့ ကလေးမိဘများကို ကလေးအသက်ကို ပြန်လည်မေးကြည့်မိမှ ရက်လ တွေ သိပ်ကွာဟတာ မတွေ့ရ ဖြစ်မယ်ဆိုလဲ ဖြစ်နိုင်ခြေရှိသလို ဖြစ်ကောင်းမှလဲ ဖြစ်ပါလိမ့်မယ် …

ကလေးမိဘများဘက်က တကယ့်ကို ရိုးရိုးသားသား ဘာရည်ရွယ်ချက်မှမရှိ ထူးခြားလို့ ဦးဇင်းကို တိုင်ပင်ပြောပြရုံသက်သက်သာ ဦးဇင်းဘက်ကလဲ မင်းသွေးတို့ အမျိုးအဆွေတွေ အနေဲ့ သူ လူပြန်ဖြစ်နိုင်တယ်ဆိုတာ ကောင်းသတင်းမို့ ရိုးရိုးသားသား ရေလိုက်မိခြင်းသာဖြစ်၏

ကွန်မန့်မှာ ဆဲဆူခြင်း မတရားစွပ်စွဲခြင်းများက ကလေးမိဘများအတွက် နစ်နာစေတဲ့အတွက် ပြောစရာရှိရင် ဦးဇင်းဆီသာ တိုက်ရိုက် ဆက်သွယ် ဆဲလိုကဆဲ ပြောလိုကပြောနိုင်ကြောင်းအသိပေးအပ်ပါသည်

Source : အရှင်နာရဒ ၀၁၈ ၆၆၉၉ ၃၁၅ | Reference & Credit : https://www.myanmarnewsmarket.net

Related Articles

Close