Celebrity






Loading...





Unicode Version

ကောင်လေးကို တင်းတင်းဖက်ပြီး သူမချစ်သူပါလို့ ထုတ်ပြလိုက်တဲ့ မအေးသောင်း

မြန်မာဆန်ပြီး တည်ငြိမ်တဲ့ အလှတရားကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး အေးဝတ်ရည်သောင်းကတော့ လှရက်လွန်းလို့ မြန်မာနိုင်ငံရဲ့ပုရိသကိုကိုတွေရဲ့နှလုံးသားလေး ဆိုလည်း မမှားပါဘူး။

လတ်တလောမှာတော့ မအေးသောင်းက သူမရဲ့အချစ်ရေးနဲ့ပတ်သတ်ပြီး ချစ်သူကောင်လေးကို တင်းတင်းဖက်ထားတဲ့ ပုံလေးနဲ့အတူ အရမ်းချစ်တဲ့အကြောင်းပြောရင်း လူမှုကွန်ယက်မှာ တရားဝင် ထုတ်ပြောလိုက်တာ တွေ့ရပါတယ်။

အချစ်ရေးနဲ့ပတ်သတ်ရင် ဆယ်ကျော်သက်လေးလို နူးညံ့တဲ့ မအေးသောင်းကတော့ မကြာခဏဆိုသလို သူမရဲ့ပါးဖောင်းဖောင်းနဲ့ ချစ်သူလေးအကြောင်း ကဗျာလေးတွေလည်း ရေးလေ့ရှိပါတယ်နော်။

ချစ်ပရိသတ်တွေအတွက် အချစ်ရေးနဲ့ပတ်သတ်ရင် ပွင့်လင်းလွန်းတဲ့ မအေးသောင်းရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

မအေးသောင်းကတော့ “ပါးဖောင်းဖောင်းလေးကိုချစ်တာ” ဆိုပြီး ချစ်သူကို အနောက်ကနေ တင်းတင်းဖက်ထားတဲ့ ပုံလေးနဲ့အတူ အရမ်းချစ်တဲ့အကြောင်း ပြောထားတာပါ။ ပရိသတ်တွေကို အချစ်ရေးအကြောင်း ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့ မအေးသောင်းကတော့ မကြာခဏဆိုသလိုလည်း ချစ်သူနဲ့ပုံလေးတွေ၊ ချစ်သူရဲ့အကြောင်းတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးလေ့ရှိသူတစ်ဦးပါ။

သရုပ်ဆောင်ပိုင်းမှာလည်း ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်လွန်းတဲ့ မအေးသောင်းကိုတော့ သူမရဲ့ပရိသတ်တွေက အကယ်ဒမီရမင်းသမီးတစ်ဦးအဖြစ် မြင်ချင်နေကြပါပြီ။

အချစ်ရေးမှာ ကံကောင်းလွန်းတဲ့ မအေးသောင်းကတော့ မကြာခဏဆိုသလို သူမဘယ်လောက်ထိ အချစ်ခံရလဲဆိုတာ ပြသတတ်သူလေးပဲ ဖြစ်ပါတယ်။

မိုမိုလေးချစ်ပရိသတ်တွေလည်း သူမရဲ့လက်ရှိအချစ်ရေးကို ပွင့်ပွင့်လင်းလင်း ထုတ်ပြလိုက်တဲ့ မအေးသောင်းကိုချစ်ရင် ဒီသတင်းလေးကို အချင်းချင်း ဝေမျှသွားကြပါဦးနော်။

Loading...

Related Articles

Close