Celebrity
Loading...
Unicode Version
မြမြဇာတ်ကားကို စလက်ခံကတည်းက အဆဲခံနိုင်ဖို့ကို ကြိုတင်ပြင်ဆင်ထားပါတယ်ဆိုတဲ့ ဖြိုးမြတ်အောင်
ပရိတ်သတ်ကြီးရေ ဒီတစ်ခါ တင်ဆက်မှာကတော့ Myanmar Idol Winner ဆုရှင်တစ်ယောက်ဖြစ်တဲ့ ဖြိုးမြတ်အောင်ပါပဲ။ ဖြိုးမြတ်အောင်ဟာ မိဘအပေါ်မှာ သိတက်ပြီး၊ လူမှုရေးမှာလည်း လိမ္မာယဉ်ကျေးသူ တစ်ယောက်ဖြစ်လို့ ပရိတ်သတ်ကြီး ချစ်ခင်မှုကို ရခဲ့ပါတယ်။ အခုဆိုရင် ဖြိုးမြတ်အောင်တစ်ယောက် ရုပ်ရှင်ဇတ်ကားရိုက်ဖို့ ကမ်းလမ်းမှုကို လက်ခံလိုက်ပြီဖြစ်ပါတယ်။ဒီကားကတော့ ပရိတ်သတ်ကြီး သိပြီးသားဖြစ်တဲ့ မြမြ ဇတ်ကားလေးပါပဲ။ မင်းသမီးက သင်ဇာဝင့်ကျော် ဖြစ်ပါတယ်။
ဒီကားရိုက်ဖို့ အတွက် ဖြိုးမြတ်အောင် အင်တာဗျူးလေးမှာ ယခုကဲ့ သို့ ဖြေားပါတယ်။ ဒီကားကို ရိုက်ဖို့ အရင်ဆုံး စစ်ခင်းရတာကတော့ အမေနဲ့ပါ၊ အမေက ခွင့်မပြုဘူး။ ပထမတော့ ကားကို ပေါမယ်လို့ ထင်တာပေ့ါ။ ဇတ်ညွန်း ဇတ်လမ်းကို ဖတ်တဲ့အခါ ပညာပေးကားဖြစ်နေတယ်။ ဒီလိုကောင်တွေကို ရွံမုန်းသွားစေချင်တာ။ မင်းသမီးနဲ့ ထိရဖက်ရမယ့် အခန်းတွေပါလာရင် ကျနော်မကိုင်ရဲဘူး၊ မင်းသမီးနဲ့ ဆုံရမယ့်အခန်းနည်းပေမယ့် ဒါရိုက်တာ ညွှန်ကြားတဲ့အတိုင်း သရုပ်ဆောင်သွားမှာပါ၊
ဒီကားမရိုက်ခင်ကတည်းက တစ်လ နှစ်လောက်ကတည်းက ကြိုတင်ပြင်ဆင်ထားပါတယ်။ ဘယ်လိုတွေ အပြောခံရမလဲဆိုတာကိုပေ့ါ။ ဝေဖန်မှုတွေ ရှိလားရင်လည်း ခံနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားပါတယ်။
Loading...
Related Articles
Close