Celebrity
Loading...
Unicode ဖြင့်ဖတ်ရန်
ရှမ်းမလေးတွေ ဘယ်လောက်ချောလဲဆိုတာ ပြသလိုက်တဲ့ နန်းဆုရတီစိုး
ချစ်ဖို့ကောင်းလွန်းတဲ့ အမူအယာလေးတွေနဲ့ ပရိသတ်တွေကို အချစ်ပိုစေတဲ့ အဆိုတော် မင်းသမီးချောလေး နန်းဆုရတီစိုးကတော့ အနုပညာပိုင်းမှာလည်း ထူးချွန်လွန်းတာကြောင့် အောင်မြင်မှုတွေ ပိုပိုတိုးပြီး ရရှိထားသူလေးပဲ ဖြစ်ပါတယ်။
လတ်တလောမှာတော့ နန်းဆုလေးက သူမရဲ့မွေးနေ့ အမှတ်တရအဖြစ် ရှမ်းဝတ်စုံလေးဝတ်ပြီး ရှမ်းကျောင်းတက်ခဲ့တဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။
ရှမ်းမလေးတွေ လှရင် ဘယ်သူမှ လိုက်မမှီဘူးဆိုတာကို မြင်တွေ့ရနိုင်တဲ့ နန်းဆုလေးရဲ့ပုံရိပ်တွေကတော့ အရမ်းကို လှရက်လွန်းနေတာပါနော်။
ချစ်ပရိသတ်တွေအတွက် ရူးခါနေအောင် လှရက်လွန်းတဲ့ ရှမ်းမလေး နန်းဆုရတီစိုးရဲ့ရှမ်းဘုန်းကြီးကျောင်းတက် ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော။်
နန်းဆုရတီစိုးကတော့ “ရှမ်းမလေး ရှမ်းကျောင်းတက် My Birthday Collection Part 2 မွေးနေ့အတွက် အမှတ်တရ ဓာတ်ပုံလေးတွေ ကြိုရိုက်မယ်ဆိုတော့ ရှမ်းဝတ်စုံလေးနဲ့ အောင်မြေဘုံသာ ကိုးမိုင် ရှမ်းဘုန်းကြီးကျောင်းမှာလည်း အမှတ်တရရိုက်ဖြစ်တယ် ” ဆိုပြီး
သူမရဲ့အလှပုံရိပ်လေးတွေကို ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ နန်းဆုကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သူမရဲ့မွေးနေ့လေးမှာလည်း ချစ်ရတဲ့ ပရိသတ်တွေနဲ့ ပျော်စရာမွေးနေ့ပွဲလေး ကျင်းပခဲ့ပါသေးတယ်နော်။
နန်းဆုရတီစိုးကတော့ လက်ရှိမှာ တစ်ခုခုဖြစ်သွားနိုင်တဲ့ အချစ်ရေးအခြေအနေကြောင့် အကောင်းဆုံးဖြစ်အောင် ဆုံဖြတ်နေတဲ့ အနေအထားဖြစ်ပြီး အရမ်းကို စိတ်ပင်ပန်းနေပေမယ့်လည်း ပရိသတ်တွေအတွက် ပြုံးထားတာ တွေ့ရပါတယ်။
လတ်တလောမှာတော့ နန်းဆုလေးက သီချင်းအသစ်တွေဖန်တီးရင်း အနုပညာကိုသာ ကြိုးစားလုပ်နေတယ်လို့လည်း သိရပါတယ်။ ချစ်ပရိသတ်တွေလည်း ဘယ်အချိန်ကြည့်ကြည့် မရိုးတဲ့ အလှတရားကို ပိုင်ဆိုင်ထားတဲ့ ရှမ်းမလေး နန်းဆုကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Loading...
Related Articles
Close