International

ကိုရိုနာကြောင့် အသက်ဆုံးရသူပေါင်း ၇၅၀၀ ကျော်သွားတဲ့ အီတလီ

ကိုရိုနာကြောင့် ထိခိုက်မှုအများဆုံးဖြစ်ခဲ့တဲ့အီတလီဟာ ယခုအချိန်ထိလည်း အခြေအနေတွေ ဆိုးဝါးနေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၄နာရီအတွင်း လူပေါင်း ၆၈၃ယောက် ထပ်မံ သေဆုံးခဲ့ရပြန်ပါတယ်။

ဒါဟာ အင်္ဂါ(မတ် ၂၄) နေ့ကနဲ့ စာရင် သေဆုံးနှုန်းလျော့သွားတယ်ဆိုပေမယ့် အလွန်များပြားလှတဲ့ အရေအတွက်ဖြစ်ပါတယ်။ အင်္ဂါနေ့ကတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ လူပေါင်း ၇၄၃ယောက်အထိ သေဆုံးခဲ့ပါတယ်။

ဒီလိုနေ့စဉ် ဆက်တိုက် သေဆုံးမှုတွေကြောင့် အီတလီရဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ စုစုပေါင်းဟာ ၇၅၀၃ယောက် အထိရှိသွားပြီး ကမ္ဘာပေါ်က သေဆုံးမှုစုစုပေါင်း ၃ပုံ၁ပုံ ဟာ အီတလီ တနိုင်ငံထဲမှာ ဖြစ်ခဲ့တာပါ။

အဆိုးဆုံးခံစားနေရတာကတော့ အီတလီမြောက်ပိုင်း Lombardy ဒေသဖြစ်ပါတယ်။

Advertisements

လက်ရှိမှာတော့ အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၇၄၃၈၆ ယောက် ရှိခဲ့ပြီဖြစ်သလို သေဆုံးသူပေါင်း ၇၅၀၃ ဖြစ်ကာ ပြန်လည်ကျန်းမာလာသူ အရေအတွက်ကတော့ ၉၃၆၂ယောက် ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ကျန်းမာရေး စောင့်ရှောက်မှု နဲ့ စီးပွားရေး အကောင်းဆုံးနိုင်ငံတွေထဲက တနိုင်ငံဖြစ်တဲ့ အီတလီတောင် ကိုရိုနာရဲ့ဒဏ်ကို ဆိုးဆိုးဝါးဝါး ခံနေရတာဖြစ်ပါတယ်။

Credit.thutazone

Close