Local

လုပ်ငန်းရှင်အချို့ ထိခိုက်မှုများရှိနေချိန် အလုပ်သမား လုပ်ခလစာများ ဆက်ပေးနိုင်ရန်အတွက် နိုင်ငံတော်က ကျပ် ဘီလီယံ (၁၀၀) ချေးပေးမည်

ကိုရိုနာ ဗိုင်းရပ်စ် ဂ ယက်ကြောင့် လုပ်ငန်း ခွင်အချို့ ထိခိုက်မှု များ ရှိနေချိန် တွင် အလုပ်သမား လစာများ ဆက်ပေးနိုင် ရန် အတွက် လုပ်ငန်းရှင် များအား နိုင်ငံတော် က ကျပ်ဘီလီယံ (၁၀၀) ချေးပေး သွားမည်ဟု အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင် အား ဝန်ကြီးဌာ နမှ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က သတင်းမီဒီယာများသို့ပြော သည်။

မတ် (၂၅) ရက်က နေပြည်တော်ရှိ အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာ နအစည်းအဝေးခန်းမတွင် ပြုလုပ်သည့် COVID 19 ရိုက်ခတ် မှုကြောင့် ရင်ဆိုင်နေရသော အခက်အခဲများ၊ အကျပ်အတည်းများအပေါ် ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများဆွေးနွေးသည့် အစည်းအဝေးအပြီး ပြောကြားခြင်းဖြစ်သည်။

“နိုင်ငံတော်အနေနဲ့ ဒီအလုပ် သမားတွေအတွက် ဦးစားပေးပြီးတော့မှ လူမှုဖူလုံရေးရန်ပုံငွေက ကျပ် ၅၀ ဘီလီယံ၊ နိုင်ငံတော်ရဲ့ ရန်ပုံငွေက ကျပ်( ၅၀) ဘီလီယံဆိုပြီးတော့ စုစုပေါင်း ကျပ် ဘီလီယံတစ်ရာနဲ့ CMP လုပ်ငန်းတွေ၊ဟိုတယ်လ်နဲ့ တိုးရစ်လုပ်ငန်းတွေ၊ SME လုပ်ငန်းတွေမှာရှိတဲ့ လုပ်ငန်းရှင်တွေကို ငွေချေးပေးဖို့ စီစဉ်ထားပါတယ်။ ချေးပေးတဲ့နေရာမှာလည်း အတိုးက ၁ ရာခိုင်နှုန်းနဲ့ တစ်နှစ်ချေးပေးမှာ ဖြစ်ပါတယ်။ ချေးပေးရတဲ့ ရည်ရွယ်ချက်က အဲ့ဒီ ချေးငွေတွေကို အလုပ်သမားတွေကို လုပ်ခလစာတွေဆက် ပေးနိုင်အောင်လို့ အလုပ်သမားတွေကို အလုပ်ဖြုတ်ရတာတွေ လျှော့ရတာတွေဖြစ်မှာစိုးလို့ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ချေးငွေထုတ်ပေးသည့် လုပ်ငန်းကို ကော်မတီဖွဲ့စည်းကာ စနစ်တကျဆောင်ရွက်မည်ဖြစ်ပြီး နိုင်ငံတော် အကြီးအကဲများကိုယ်တိုင်ကလည်း နိုင်ငံတော်အတွင်း အလုပ်ရှင်၊ အလုပ်သမားတို့ ဆက်ဆံရေးကောင်းမွန်ပြီး လုပ်ငန်းများတိုးတက်ေ စလိုကြောင်း သိရသည်။ ထို့ပြင် COVID 19 ရောဂါ မပြန့်ပွားရန်နှင့် ပညာပေးလုပ်ငန်းများကို ကျယ် ပြန့်စွာဆောင်ရွက်ရန် လမ်းညွှန်ထားကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် COVID 19 နှင့် ပတ်သက်သည့် ပညာပေးလုပ်ငန်းများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ညွှန်ကြားချက်များအတိုင်း ဆောင်ရွက် လျက်ရှိကြောင်းပြောသည်။

Advertisements

“နိုင်ငံ တော်အနေနဲ့ စက်ရုံ အလုပ်ရုံတွေကို တတ်နိုင်သမျှ မပိတ်သွားအောင်၊ မပိတ်ဖို့ ဆောင်ရွက်နေပါ တယ်။ ဥရောပက ဝယ်လက်တွေ လျော့နည်းသွားရင်လည်း အခြားသော Market တွေ၊ ဈေးကွက်အသစ်တွေ ရှာနိုင်အောင် ပြည်တွင်းမှာ ရောင်းနိုင်အောင်လို့ ဒါကိုလည်း နိုင်ငံတော်အနေနဲ့ စဉ်းစားနေပါတယ်။ ပြီးရင် လုပ်ငန်းရှင်တွေအနေနဲ့လည်း သူများနဲ့ ယှဉ်ပြိုင်တဲ့အခါမှာ ပိုမိုပြီး လုပ်ငန်းတွေကို ပိုလုပ်ဆောင်နိုင်ဖို့ နိုင်ငံတော်အနေနဲ့ ဖြေလျော့နိုင်တဲ့ကိစ္စ ဖြေလျော့ပေးနိုင်ဖို့ စဉ်းစားဆာင်ရွက်နေပါတယ်”ဟု ၎င်းက ဆိုသည်။

ယနေ့ ပြုလုပ်သည့် အစည်းအဝေး အတွင်း နိုင်ငံတော်အတွင်း COVID 19 ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ယခုလိုကာလအတွင်း အလုပ် သမားများဖက်မှ ဆန္ဒမပြရန် သဘောတူညီမှုရရှိခဲ့ပြီး အလုပ်ရှင်များဖက်မှလည်း ယင်းသဘောတူညီချက်ကို ကြိုဆိုကြောင်း သိရသည်။ သို့ရာတွင် အလုပ်သမားနှင့် အလုပ်ရှင်တို့ ညှိနှိုင်းရမည့် ပြဿနာများကိုမူ မြန်မြန်ဆန်ဆန်ဖြင့် အားလုံးညှိနှိုင်းရမည်ဖြစ်ကြောင်း ထည့် သွင်းဖြေကြားခဲ့သည်။

crd:The myanmar Time

Close