Local

ဗိုင်းရပ်စ်အန္တရာယ်ကြောင့် မန္တလေး ရှိ စားသောက် ဆိုင်၊ လက်ဖက်ရည် ဆိုင် များတွင် ထိုင်စားခြင်း မပြုလုပ်ရန်နှင့် ပါဆယ်သာ ရောင်းရန် အမိန့်ထုတ်

မြန်မာနိုင်ငံ၌ ပထမဆုံးသော Covid-19 ရောဂါ ကူးစက်ဖြစ်ပွားနေသူ အမျိုးသားနှစ်ဦးကို ချင်းပြည်နယ် တီးတိန်မြို့နှင့် ရန်ကုန်မြို့၌ စစ် ဆေးတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ မတ်လ(၂၃)ရက်ညပိုင်းတွင် ထုတ်ပြန်သည်။

အမေရိကန်နိုင်ငံမှ လေ ကြောင်းခရီးဖြင့် ဝင်ရောက်လာပြီး တီးတိန်မြို့၌ နေထိုင်သည့် အသက်(၃၆)နှစ်အရွယ် အမျိုးသားနှင့် အင်္ဂလန်နိုင်ငံမှ လေ ကြောင်းခရီးဖြင့် ဝင်ရောက်လာပြီး ရန်ကုန်မြို့ ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်းတိုက်၌ စောင့်ကြည့်မှု ခံယူနေသည့် အသက်(၂၆)နှစ်အရွယ် အမျိုးသားတို့တွင် ဓါတ်ခွဲစစ်ဆေးချက်များအရ Covid-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

လက်ရှိတွင် အဆိုပါ အမျိုးသားနှစ်ဦးကို တီးတိန်မြို့ ဆေးရုံနှင့် ရန်ကန်ုမြို့ ဝေဘာဂီအထူးကုဆေးရုံသို့ ပို့ဆောင်ကာ ကုသမှုများ လုပ် ဆောင်နေသည်ဟု ဆိုသည်။အဆိုပါ အမျိုးသား နှစ်ဦးနှင့် ထိတွေ့ခဲ့သူများ အားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။မန္တေ လးမြို့ပေါ်ရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ခေါက် ဆွဲဆိုင်များအနေဖြင့် ဆိုင်တွင် ထိုင်စားရောင်းချခြင်း မပြုလုပ်ကြရန်နှင့် ပါဆယ်သာ ရောင်းချကြရန် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများက ယနေ့ မတ်လ(၂၄)ရက်တွင် ညွှန်ကြားစာထုတ် တားမြစ်လိုက်သည်။

မြန်မာနိုင်ငံတွင်း Covid-19 ရောဂါ ဖြစ်ပွားသူ နှစ်ဦး စတင်တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပတည်ပြုလိုက်ပြီဖြစ်၍ ယင်းရောဂါ ကူးစက်ပျံ့ပွားမှုမှ ကာကွယ်နိုင်ရေး အထက်ပါ ပါဆယ်သာ ရောင်းချရန် ညွှန်ကြားခြင်းဖြစ်သည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများမှ ဈေးဆိုင်များသို့ ပေးပို့သည့် ညွှန်ကြားစာတွင် ဖော်ပြထားသည်။

Advertisements

စားသောက်ဆိုင်များအားလုံး၊ လက်ဖက်ရည်ဆိုင်များအားလုံး၊ ခေါက်ဆွဲဆိုင်များအားလုံး ဆိုင်တွင်ထိုင်စား ရောင်းချခြင်း လုံးဝ မပြုလုပ်ရန်နှင့် ပါဆယ်သာ ရောင်းချရန်ဟု ယနေ့ မတ်လ (၂၄)ရက် နံနက်(၇)နာရီအချိန် ရက်စွဲဖြင့် ထုတ်ပြန်သည့် ညွှန်ကြားစာတွင် ဖော်ပြထားသည်။

“ဟုတ်ပါတယ်။ စာထုတ်တာ။ အခု ဆိုင်တွေ လိုက်ပြီး ပြောနေတယ်”ဟု မဟာအောင်မြေမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက Mandalay In-depth News အား ပြောသည်။

REF: Mandalay_Indepth_News

Close