Celebrity

သူ့ရဲ့အလှူပွဲကိုလာရောက်ကြတဲ့ ဝါရင့်အနုပညာရှင်ကြီးတွေကိုလည်းငွေသားဖြင့်ထပ်မံဂါရဝပြုခဲ့တဲ့ခင်လှိုင်

ပရိတ်သတ်တွေကိုရယ်မောပျော်ရွှင်စေနိုင်တဲ့အပြင် သရုပ်ဆောင်ပိုင်းမှာလည်းဒရမ်မာမျိုးစုံကို ပိုင်နိုင်စွာလုပ်ဆောင်နိုင်တဲ့ ဦးခင်လှိုင်ကိုတော့လူတိုင်းသိကြမယ်ထင်ပါတယ်။

သူဟာအနုပညာလောကမှာ ဆယ်စုနှစ်နှစ်ခုနီးပါးတိုင်အောင် ရပ်တည်အောင်မြင်နေတဲ့သူဖြစ်ပြီး ပရိတ်သတ်အားပေးမှု အခိုင်အမာရရှိထားသူလည်းဖြစ်ပါတယ်။

ဦးခင်လှိုင်ဟာ လတ်တလောတွင် ရုပ်ရှင်ကားကြီးများအဆက်မပြတ်ရိုက်ကူးနေပြီး မိသားစုကိုလည်း အချိန်ပေးကာ ပျော်ရွှင်သာယာနေတာပဲဖြစ်ပါတယ်။

Advertisements

ဦးခင်လှိုင်ဟာ ယနေ့တွင်သူ့ရဲ့အိမ်ရှေ့မှာဆန်များကိုပေးဝေလှူဒါန်းကာ ကုသိုလ်ဒါနပြုခဲ့တာဖြစ်ပါတယ်။ ဒီအလှူကို အနုပညာရှင်ပေါင်းများစွာလည်း လာရောက်ကူညီပေးခဲ့တာဖြစ်ပြီး ပျော်ပျော်ပါးပါးကုသိုလ်လုပ်ခဲ့ကြတာပါနော်။

ဒါ့ပြင်ဦးခင်လှိုင်ဟာ သူ့ရဲ့အလှူကိုလာရောက်ခဲ့တဲ့ ဝါရင့်အနုပညာရှင်ကြီးများကိုလည်း ငွေသားဖြင့်ဒါနပြုခဲ့တဲ့အကြောင်းကို ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ အိအိတုန်ရဲ့ Facebookစာမျက်နှာတွင် “ချစ်ကိုကြီးသဘောထားပြည့်ချက် အလှူပီးတော့သမီးတို့ကို ထမင်းတွေကျွှေးမရမ်းသီးတွေလည်း စားကြနောက်ကျမှ ရောက်လာတဲ့ဝါရင့်အနုပညာရှင်ကြီးတွေကိုလည်း ပိုက်ဆံဖြင့်ဂါဝရပြုဝမ်းသာပိတိဂွမ်းဆီထိ ဒီထက်မကပေးကမ်းနိုင်သော လက်တစ်စုံဖြစ်နိုင်ပါစေကိုကြီးတို့မိသားစု”ဆိုပြီး ရေးသားထားပါတယ်နော်။

ဦးခင်လှိုင်ဟာလတ်တလောတွင် ရုပ်ရှင်ကားကြီးများလည်း အဆက်မပြတ်ရိုက်ကူးနေပြီး အလှူဒါနများလည်း မကြာခဏဆိုသလိုပြုလုပ်နေတာဖြစ်ပါတယ်။

ပရိတ်သတ်ကြီးရော ဦးခင်လှိုင်ကိုချစ်ခင်အားပေးကြမယ်မလား။ ကျေနပ်ပီတိဖြစ်စရာကောင်းတဲ့ ဦးခင်လှိုင်ရဲ့အလှူပုံရိပ်လေးတွေကို ပရိတ်သတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Close