Local

ယေန့ လူတစ္ဦး လူမႈကြန္ယက္စာမ်က္ႏွာ(facebook)မွာတင္လိုက္တဲ့ ေအာက္ခ်င္းငွက္ႀကီးကို တာဝန္ရိွသူမ်ား သြားေရာက္ဖမ္းဆီးခဲ့

ရန္ကုန္ၿမိဳ႕က ေအာင္ေလာင္ငွက္ဖမ္းပြဲ

အုပ္စုဖြဲ႕ေနထိုင္တက္တဲ့ ေအာင္ေလာင္ငွက္ေတြထဲက သင္းကြဲတစ္ေကာင္ဟာ ရန္ကုန္ၿမိဳ႕ အေရွ႕ဒဂံု ၂ရပ္ကြက္ ဗိုလ္ဗစိုးလမ္းမွာ လြန္ခဲ့တဲ့ ငါးလေလာက္ကေရာက္ရွိလာပါတယ္။ရပ္ကြက္အတြင္းက ေနအိမ္တစ္ခုရဲ႕ သစ္ပင္တစ္ခုမွာ အိပ္တန္းလုပ္ေနထိုင္ခဲ့တာ ၾကာပါၿပီ။

ရပ္ကြက္အတြင္းေနထိုင္တဲ့ ကေလးငယ္အခ်ိဳ႕ကေတာ့ ေလာက္ေလးခြေတြနဲ႔လာလာပစ္ၾကလို႔ ေအာင္ေလာင္ငွက္ေလးက လူေတြကို ေၾကာက္ေနပါတယ္။

ေဖေဖာ္ဝါရီ ၂၂ရက္နံနက္ပိုင္းမွာေတာ့ ရပ္ကြက္အတြင္းမွာေနထိုင္သူတစ္ဦးက လူမႈကြန္ယက္စာမ်က္ႏွာ(facebook)မွာတင္လိုက္တဲ့အတြက္ ရန္ကုန္တိရစၧာန္ဥယ်ာဥ္က တာဝန္ရွိသူေတြအပါအဝင္ သစ္ေတာဦးစီးဌာနက တာဝန္ရွိသူေတြက လာေရာက္ဖမ္းဆီးခဲ့ၾကပါတယ္။

Advertisements

ေအာင္ေလာင္ငွက္ဟာ အထီးျဖစ္ပါတယ္။သူ႔ကိုဖမ္းဖို႔ ရန္ကုန္တိရစၧာန္ဥယ်ာဥ္မွာရွိတဲ့ ေအာင္ေလာင္ငွက္ အထီးတစ္ေကာင္နဲ႔ျမႇားဖမ္းဖို႔ ႀကိဳးစားေနပါတယ္။ညေန ၄နာရီခန္႔မွာ ေမ့ေဆးမႈတ္ေျပာင္းနဲ႔ ပစ္ခဲ့ပါတယ္။

ေအာင္ေလာင္ငွက္ရဲ႕အေတာင္ပံကိုသာထိမွန္ခဲ့တဲ့အတြက္ ဖမ္းမမိခဲ့ပါဘူး။ည၈နာရီဝန္းက်င္မွာ ေမ့ေဆးထပ္မံထိမွန္ခဲ့ပါတယ္။ဒါေပမယ့္ ေအာင္ေလာင္းငွက္ေလးကေတာ့ ထပ္မံထြက္ေျပးလြတ္ေျမာက္သြားပါတယ္။

ငွက္ေလးေတြအေၾကာင္း မသိတဲ့သူေတြလက္ထဲေရာက္သြားရင္ အသတ္ခံရႏိုင္ပါတယ္။ေအာင္ေလာင္ငွက္ေတြဟာ ရွားပါးမ်ိဳးစိတ္ငွက္ကေလးေတြျဖစ္ပါတယ္။သက္ဆိုင္ရာတာဝန္ရွိသူေတြအေနနဲ႔ အျမန္ဆံုးဖမ္းဆီးႏိုင္ပါေစလို႔ ဆုေတာင္းပါတယ္။

photo@myo htet paing

Unicode

ရန်ကုန်မြို့က အောင်လောင်ငှက်ဖမ်းပွဲ

အုပ်စုဖွဲ့နေထိုင်တက်တဲ့ အောင်လောင်ငှက်တွေထဲက သင်းကွဲတစ်ကောင်ဟာ ရန်ကုန်မြို့ အရှေ့ဒဂုံ ၂ရပ်ကွက် ဗိုလ်ဗစိုးလမ်းမှာ လွန်ခဲ့တဲ့ ငါးလလောက်ကရောက်ရှိလာပါတယ်။ရပ်ကွက်အတွင်းက နေအိမ်တစ်ခုရဲ့ သစ်ပင်တစ်ခုမှာ အိပ်တန်းလုပ်နေထိုင်ခဲ့တာ ကြာပါပြီ။

ရပ်ကွက်အတွင်းနေထိုင်တဲ့ ကလေးငယ်အချို့ကတော့ လောက်လေးခွတွေနဲ့လာလာပစ်ကြလို့ အောင်လောင်ငှက်လေးက လူတွေကို ကြောက်နေပါတယ်။ဖေဖော်ဝါရီ ၂၂ရက်နံနက်ပိုင်းမှာတော့ ရပ်ကွက်အတွင်းမှာနေထိုင်သူတစ်ဦးက လူမှုကွန်ယက်စာမျက်နှာ(facebook)မှာတင်လိုက်တဲ့အတွက် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်က တာဝန်ရှိသူတွေအပါအဝင် သစ်တောဦးစီးဌာနက တာဝန်ရှိသူတွေက လာရောက်ဖမ်းဆီးခဲ့ကြပါတယ်။

အောင်လောင်ငှက်ဟာ အထီးဖြစ်ပါတယ်။သူ့ကိုဖမ်းဖို့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာရှိတဲ့ အောင်လောင်ငှက် အထီးတစ်ကောင်နဲ့မြှားဖမ်းဖို့ ကြိုးစားနေပါတယ်။ညနေ ၄နာရီခန့်မှာ မေ့ဆေးမှုတ်ပြောင်းနဲ့ ပစ်ခဲ့ပါတယ်။

အောင်လောင်ငှက်ရဲ့အတောင်ပံကိုသာထိမှန်ခဲ့တဲ့အတွက် ဖမ်းမမိခဲ့ပါဘူး။ည၈နာရီဝန်းကျင်မှာ မေ့ဆေးထပ်မံထိမှန်ခဲ့ပါတယ်။ဒါပေမယ့် အောင်လောင်းငှက်လေးကတော့ ထပ်မံထွက်ပြေးလွတ်မြောက်သွားပါတယ်။

ငှက်လေးတွေအကြောင်း မသိတဲ့သူတွေလက်ထဲရောက်သွားရင် အသတ်ခံရနိုင်ပါတယ်။အောင်လောင်ငှက်တွေဟာ ရှားပါးမျိုးစိတ်ငှက်ကလေးတွေဖြစ်ပါတယ်။သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံးဖမ်းဆီးနိုင်ပါစေလို့ ဆုတောင်းပါတယ်။

photo@myo htet paing

Close