Local

မီးရႈိ႕ျခင္းကို ခံခဲ့ရတဲ့ မလြင္မာဦးရဲ႕မိသားစုကို ရန္ကုန္တိုင္းလႊတ္ေတာ္ဥကၠ႒နဲ႔ လႊတ္တာ္အမတ္အခ်ိဳ႕ လာေရာက္ေတြ႕ဆုံအားေပးခဲ့

ခင္ပြန္းေဟာင္းျဖစ္သူ စိုးသူရ (ေခၚ) စိုးႀကီးရဲ႕ မီးရႈိ႕ျခင္းကို ခံခဲ့ရတဲ့ မလြင္မာဦးရဲ႕မိသားစုကို ရန္ကုန္တိုင္းလႊတ္ေတာ္ဥကၠ႒နဲ႔ လႊတ္တာ္အမတ္အခ်ိဳ႕က ေဖေဖာ္ဝါရီလ ၂၁ရက္ေန႔က လာေရာက္ေတြ႕ဆုံအားေပးခဲ့ပါတယ္။

ခင္ပြန္းေဟာင္းျဖစ္သူရဲ႕ မီးရႈိ႕ျခင္းကိုခံခဲ့ရတဲ့ မလြင္မာဦးဟာ ခႏၶာကိုယ္ရဲ႕ ရဝရာခိုင္ႏႈန္း မီးေလာင္ကြၽမ္းသြားၿပီးေနာက္ ေဖေဖာ္ဝါရီလ ၉ရက္ေန႔မွာ ရန္ကုန္ေဆး႐ုံႀကီးမွာေသဆုံးခဲ့ပါတယ္။ ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းၿမိဳ႕နယ္ရဲ႕ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးညီညီက လႊတ္ေတာ္အေနနဲ႔ တရားေရးအရေဆာင္႐ြက္ေနမႈေတြကို လႊမ္းမိုးျခင္းျပဳမွာမဟုတ္ဘူးလို႔ေျပာပါတယ္။

အခင္းျဖစ္ပြားတဲ့ ဇန္နဝါရီလ၁၁ရက္ေန႔ မနက္၄နာရီခန႔္က ခင္ပြန္းေဟာင္းျဖစ္သူ စိုးသူရ (ေခၚ) စိုးႀကီးက မလြင္မာဦးကို လာေရာက္ေခၚေဆာင္ခဲ့ၿပီး ကားေဘာ္ဒီ႐ုံတစ္ခုမွာ ဓာတ္ဆီေလာင္းၿပီး မီးရႈိးခဲ့တာျဖစ္တယ္လို႔ မလြင္မာဦး ေဆး႐ုံတက္ေနစဥ္အတြင္းကေျပာခဲ့ပါတယ္။

Advertisements

ယခုလက္ရွိ တရားခံစိုးသူရ(ေခၚ)စိုးႀကီးဟာ အင္းစိန္အက်ဥ္းေထာင္မွာျဖစ္ၿပီး အျပင္းအထန္နာက်င္ေစမႈ ပုဒ္မ ၃၂၆ကေန လူသတ္မႈ ပုဒ္မ ၃၀၂ကို ေျပာင္းလဲစြဲခ်က္တင္ထားပါတယ္။ မလြင္မာဦးရဲ႕အကိုျဖစ္သူ ကိုေအာင္ေအာင္ဦးက လူသတ္မႈအျပင္ ႀကိဳတင္ႀကံစည္မႈ အျပင္းအထန္နာက်င္ေစမႈေတြနဲ႔ပါ တရားစြဲသင့္တယ္လို႔ေျပာပါတယ္။

ေတာင္ဒဂုံ ၂၆ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးက တစ္ရပ္ကြက္လုံးက စိုးသူရ(ေခၚ)စိုးႀကီးကို ေသဒဏ္ေပးေစခ်င္ေပမယ့္ မလြင္မာဦးဘက္က မ်က္ျမင္သက္ေသထြက္ဆိုမယ့္သူ မရွိဘူးလို႔သိရပါတယ္။လာမယ့္ ေဖေဖာ္ဝါရီလ၂၈ရက္ေန႔မွာ ရန္ကုန္အေရွ႕ပိုင္းခ႐ိုင္တရား႐ုံးမွာ အမႈတြဲတင္မယ္လို႔သိရပါတယ္။တြယ္တာလႈိင္

Videoၾကည့္ရန္

Unicode Versionျဖင့္ဖတ္ရန္

ခင်ပွန်းဟောင်းဖြစ်သူ စိုးသူရ (ခေါ်) စိုးကြီးရဲ့ မီးရှို့ခြင်းကို ခံခဲ့ရတဲ့ မလွင်မာဦးရဲ့မိသားစုကို ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌနဲ့ လွှတ်တာ်အမတ်အချို့က ဖေဖော်ဝါရီလ ၂၁ရက်နေ့က လာရောက်တွေ့ဆုံအားပေးခဲ့ပါတယ်။ခင်ပွန်းဟောင်းဖြစ်သူရဲ့ မီးရှို့ခြင်းကိုခံခဲ့ရတဲ့ မလွင်မာဦးဟာ ခန္ဓာကိုယ်ရဲ့ ရဝရာခိုင်နှုန်း မီးလောင်ကျွမ်းသွားပြီးနောက် ဖေဖော်ဝါရီလ ၉ရက်နေ့မှာ ရန်ကုန်ဆေးရုံကြီးမှာသေဆုံးခဲ့ပါတယ်။ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက လွှတ်တော်အနေနဲ့ တရားရေးအရဆောင်ရွက်နေမှုတွေကို လွှမ်းမိုးခြင်းပြုမှာမဟုတ်ဘူးလို့ပြောပါတယ်။

အခင်းဖြစ်ပွားတဲ့ ဇန်နဝါရီလ၁၁ရက်နေ့ မနက်၄နာရီခန့်က ခင်ပွန်းဟောင်းဖြစ်သူ စိုးသူရ (ခေါ်) စိုးကြီးက မလွင်မာဦးကို လာရောက်ခေါ်ဆောင်ခဲ့ပြီး ကားဘော်ဒီရုံတစ်ခုမှာ ဓာတ်ဆီလောင်းပြီး မီးရှိုးခဲ့တာဖြစ်တယ်လို့ မလွင်မာဦး ဆေးရုံတက်နေစဉ်အတွင်းကပြောခဲ့ပါတယ်။

ယခုလက်ရှိ တရားခံစိုးသူရ(ခေါ်)စိုးကြီးဟာ အင်းစိန်အကျဉ်းထောင်မှာဖြစ်ပြီး အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၆ကနေ လူသတ်မှု ပုဒ်မ ၃၀၂ကို ပြောင်းလဲစွဲချက်တင်ထားပါတယ်။ မလွင်မာဦးရဲ့အကိုဖြစ်သူ ကိုအောင်အောင်ဦးက လူသတ်မှုအပြင် ကြိုတင်ကြံစည်မှု အပြင်းအထန်နာကျင်စေမှုတွေနဲ့ပါ တရားစွဲသင့်တယ်လို့ပြောပါတယ်။

တောင်ဒဂုံ ၂၆ရပ်ကွက်အုပ်ချုပ်ရေးမှူးက တစ်ရပ်ကွက်လုံးက စိုးသူရ(ခေါ်)စိုးကြီးကို သေဒဏ်ပေးစေချင်ပေမယ့် မလွင်မာဦးဘက်က မျက်မြင်သက်သေထွက်ဆိုမယ့်သူ မရှိဘူးလို့သိရပါတယ်။လာမယ့် ဖေဖော်ဝါရီလ၂၈ရက်နေ့မှာ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ အမှုတွဲတင်မယ်လို့သိရပါတယ်။တွယ်တာလှိုင်

Close