Local





Advertisements

Unicode

မြဝတီမြို့တွင် လျှပ်စစ်ဝန်ထမ်းတစ်ဦး ဓာတ်လိုက်သေဆုံး

မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်၊ နတ်သျှင်နောင်လမ်းနှင့် ဗိုလ်ဗထူးလမ်းထောင့်ရှိ ဓာတ်တိုင်တစ်တိုင်တွင် မြဝတီမြို့ ငှက်ပျောတောရပ်(အမှတ် ၃ ရပ်ကွက်)နေ လျှပ်စစ်ဝန်ထမ်း ကိုချစ်မင်း(၂၅)နှစ် ဆိုသူ မီးကြိုး သွယ်တန်းရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် ဓါတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သတ်၍ မြဝတီမြို့မရဲစခန်းတွင် သေမှုသေခင်း အမှုအမှတ်စဉ် (၅/၂၀၂၀)ဖြင့် အမှုဖွင့်စစ်ဆေးနေလျှက်ရှိကြောင်း သိရသည်။

Close