Local

အင်း‌‌တော်မြို့နယ်မှ တာဝန်ရှိသူများ အမြန်ကူညီဆက်သွယ် အကြောင်းကြားပေးပါရန်




Advertisements

Unicode

18/2/2020ရက်နေ့က အမှတ် ၄၂ အစုန်မန္တ‌‌လေး-မြစ်ကြီးနားရထားဖြင့် အင်းတော်မှ ခင်ဦးသို့ ကိုမောင်စိုး+မရီရီဆန်း တို့မိသားစုလိုက်ပါစီးနင်းခဲ့ရာ လမ်းဘူတာတွင် ရထား ၃ စင်းစုံရာမှ ကိုမောင်စိုးနှင့်လူချင်ကွဲပြီး မရီရီဆန်းမှာသမီး‌မိန်းကလေးတစ်ယောက်နှင့် ၎င်းကိုမောင်စိုးနှင့်ရသော ကိုယ်ဝန်အရင့်အမာကြီးဖြင့် ခင်ဦးဘူတာ သို့ရောက်ရှိခဲ့ပါသည်။

ထိုသို့ရောက်ရှိနေချိန်တွင် ဗိုက်နာလာသဖြင့် ခင်ဦးပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးရာ သားယောင်္ကျားလေး အောင်မြင်စွာမွေးဖွာပေးနိုင်ပြီး၊ ယနေ့အချိန်ထိ ‌၎င်းအမျိုးသား‌ ကိုမောင်စိုးမှာရောက်ရှိလာခြင်းမရှိသဖြင့် ဆေးရုံးဝန်ထမ်းများနှင့်စေတနာရှင်များမှ ‌ကျွေးမွေးစောင့်ရှောက်ထားကြောင်း သိရသည်။

သို့ဖြစ်ပါ၍ မရီရီဆန်းမှ မိဘများဖြစ်ကြသော အင်းတော်မြို့နယ် သီပါကျေးရွာနေ ဦးကံစိန်+ဒေါ်အုန်းမြိုင် တို့အား အကြောင်းကြားပေးပါရန် မြို့နယ်ကြက်‌ခြေနီအသင်း ထံသို့အကူအညီတောင်းသဖြင့် ဆောက်ရွက်ရခြင်းဖြစ်ပါသည်။ခင်ဦးပြည်သူ့ဆေးရုံဖုန်း 07570023/မြို့နယ်ကြက်‌ခြေနီအသင်းဥက္ကဌ ဦးစိုးဝင်းအောင်/ဖုန်း 09200139 ထံသို့ ဆက်သွယ်ပါရန်

Close