Local

ရှားပါးအောက်ချင်းငှက်ကြီး အိမ်ကအုန်းပင်ပေါ်ရောက်နေတာ (၄)ရက်ရှိပါ ပြ်ီ

Zawgyi Versionဖြင့်ဖတ်ရန်




Advertisements


Unicode Versionဖြင့်ဖတ်ရန်

အကူအညီတောင်းပါရစေ တတ်သိကြတဲ့သူများကူညီပေးစေလိုပါတယ် (2)ရပ်ကွက် ဒဂုံအရှေ့မြို့နယ်က အိမ်ရဲ့နောက်ဘက်နောက်ဖေးလမ်းကြားမှာပုံထဲကငှက်ကြီးရောက်နေတာ လေးရက်လောက်ရှိနေပါပြီတဲ့ တွေ့မိကြတဲ့လူတစ်ချို့ကငှက်ကြီးကိုလေးခွနဲ့ပစ်ကြလို့မပစ်ဖို့တားရတာအဆင်မပြေဖြစ်နေပါပြီတဲ့

သူတိုလင်မယားက ဒီငှက်ကြီးက အောက်ချင်းငှက်ဆိုရင် ရှားပါးငှက်မို့တိရိစ္ဆာန်ရုံကိုအကြောင်းကြားပြီးလာဖမ်းစေချင်တာပါ ခက်တာက

ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်ရဲ့Page ကဖုန်းကိုဆက်တော့ဖုန်းမှားနေပါတယ်တဲ့ အဲဒီတစ်လုံးပဲရှိတာဆိုတော့သူတို့ကဘာလုပ်ရမလဲတဲ့ ငှက်ကြီးလေးခွစာမိသွားမှာစိုးလို့ပါတဲ့ ဒီပို့စ်ကို ဦးအာကာအောင်မြင်မိရင်တော့ကူညီနိုင်ကောင်းပါရဲ့ဆိုပြီးတင်ရတာပါရှင်

တစ်ကယ်လို့များကူညီပေးနိုင်တဲ့သူများရှိရင်ဖမ်းပြီးတိရိစ္ဆာန်ရုံကိုပို့ပေးစေချင်တာပါကူညီနိုင်မယ်ဆိုရင်(သူ့ကိုဘေးအန္တရာယ်မရှိအောင်ဖမ်းပေးဖို့ပါ) လိုအပ်ရင်ဖုန်းနံပါတ်ပေးပါ့မယ်..

Close