Celebrity

ကျိုက်ထီးရိုးရင်ပြင်မှာ လူပေါင်း (၁၅၀၀) ကြိတ်ကြိတ်တိုးစည်ကားအောင် ပါရမီဖြည့်ပေးနိုင်ခဲ့တဲ့ စမိုင်းလ်

သရုပ်ဆောင် စမိုင်းလ်ရဲ့ ရွှေတိဂုံ-ကျိုက်ထီးရိုး ကက်ကင်းအဓိဌာန်လေးကတော့ အောင်မြင်စွာပြီးစီးသွားခဲ့ပါပြီ။

မကြာခင်မှာကျရောက်လာတော့မယ့် ချစ်သူများနေ့မှာ စုံတွဲတွေကိုယ်စီ ရိုဆန်ဆန် Surprise တွေနဲ့ ဖြတ်သန်းကြဖို့ စီစဉ်နေချိန်မှာ သရုပ်ဆောင် စမိုင်းလ်က သူမရဲ့ ခင်ပွန်းဖြစ်သူဆီကနေ ဘာ Surprise မှမတောင်းဆိုဘဲ လူပေါင်း (၁၅၀၀) ကို ရွှေတိဂုံ-ကျိုက်ထီးရိုး အဓိဌာန်ပို့ပေးဖို့သာ ဆုတောင်းခဲ့တာဖြစ်ပါတယ်။

Advertisements

သရုပ်ဆောင် စမိုင်းလ်က သူမကိုယ်တိုင်လည်း ဘာသာတရားတွေကို တစိုက်မတ်မတ်လုပ်ကိုင်နေသူဖြစ်ရုံမက သူမနဲ့ပတ်သက်သူ၊ အားပေးနေတဲ့ ပရိသတ်တွေကိုပါ သူမကဲ့သို့ ဘာသာတရားကိုအချိန်ပေး လုပ်ကိုင်နိုင်အောင် စီစဉ်ပြီး ပါရမီဖြည့်ပေးနေတာဖြစ်ပါတယ်။ ရှေးအပိုင်းတွေမှာလည်း ကျိုက်ငါးကျိုက်၊ ညောင်ဆယ်ပင်အဓိဌာန်တွေကို လူပေါင်းထောင်ချီအတွက် စီစဉ်ပေးနိုင်ခဲ့ပါတယ်။

Advertisements

နောက်ဆုံးတစ်ခေါက်ဖြစ်တဲ့ ရွှေတိဂုံ-ကျိုက်ထီးရိုး အဓိဌာန်လေးကတော့ ခင်ပွန်းဖြစ်သူဆီက တောင်းဆိုထားတဲ့ အဓိဌာန်လေးဖြစ်ပါတယ်။ ဒီအဓိဌာန်လေးကို ကျိုက်ထီးရိုးရင်ပြင်တော်မှာ လူအပြည့်ကြိတ်ကြိတ်တိုးစည်ကားပြီးတော့ အဓိဌာန်ဝင်နိုင်အောင် ပါရမီဖြည့်ပေးနိုင်ခဲ့တာပါ။


သူမရဲ့ ရွှေတိဂုံ-ကျိုက်ထီးရိုး ကက်ကင်းအဓိဌာန်ကို သစ်တံခါးဆရာတော်ကြီးကိုယ်တိုင်ကြွရောက် တရားပေးခဲ့ပြီးတော့ ငွေကျပ် (၁၀) သိန်းလည်း စွန့်ပြီးလှူဒန်းခဲ့တာဖြစ်ပါတယ်။

စမိုင်းလ်က သူမရဲ့ အဓိဌာန်ပြီးမြောက်အောင်မြင်သွားပုံလေးတွေကိုကြည့်ပြီး အင်မတန်မှ ဝမ်းသာပီတိတွေဖြစ်နေတာ ဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း စမိုင်းလ်ရဲ့ ကုသိုလ်တွေကို သာဓုခေါ်ဆိုပေးလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်နော်။

Cele Star

WP2Social Auto Publish Powered By : XYZScripts.com
Close