Celebrity

ထိုင်းနိုင်ငံတောင်ပိုင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို သီဆိုဧည့်ခံခဲ့တဲ့ ခင်ပိုးပန်းချီ

ချိုသာတဲ့ အသံအေးအေးလေးကြောင့် ပရိသတ်တွေအားလုံးက ချစ်ကြရတဲ့ တေးသံရှင်လေး ခင်ပိုးပန်းချီက တရားပွဲတွေမှာ တရားတောင်းတဲ့ အစီအစဉ်တွေကတဆင့် လူသိများလာတာ ဖြစ်ပါတယ်။ ခင်ပိုးပန်းချီက အရွယ်နဲ့မလိုက်အောင်ကို တည်ငြိမ်အေးချမ်းပြီး မြန်မာဆန်လွန်းတာကြောင့် ပရိသတ်တွေက ချစ်နေရတာ ဖြစ်ပါတယ်။ အထက်တန်းကျောင်းသူလေး ခင်ပိုးပန်းချီက ကျောင်းစာတွေနဲ့အတူတူ အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေလက်ေရှိပါတယ်။

Image may contain: 3 people, tree and outdoor

လွန်ခဲ့တဲ့ရက်ပိုင်းက သီလရှင်ဝတ်ပြီး လူဝတ်လဲခဲ့တဲ့ ခင်ပိုးပန်းချီက လတ်တလောမှာတော့ တရားတောင်းတဲ့ အလုပ်ကိုလုပ်ကိုင်နေသလို သီချင်းတွေလည်း သီဆိုဖျော်ဖြေပေးနေတာ ဖြစ်ပါတယ်။

Image may contain: 4 people, people sitting, tree and outdoor

Image may contain: 4 people, people sitting and outdoor

Advertisements

ခင်ပိုးပန်းချီက ဒီကနေ့ ဖေဖော်ဝါရီလ (၅) ရက်နေ့မှာတော့ ထိုင်းနိုင်ငံတောင်ပိုင်း စူရာက်ဌာနီ တိပိဋက ၈ ပါးပူဇော်ပွဲမစခင် ညနေပိုင်း ကို မြန်မာရွှေ့ပြောင်းအလုပ်သမားနှင့် ပူဇော်ပွဲဖြစ်မြောက်ရေးအဖွဲ့များအား သီဆိုဧည့်ခံခဲ့တယ်လို့ သိရပါတယ်။

Image may contain: 4 people, people standing and child

ခင်ပိုးပန်းချီက (၁၀) တန်း စာမေးပွဲအတွက် စာတွေလည်း ကြိုးစားကျက်မှတ်နေရသလို အနုပညာလုပ်ငန်းတွေလည်း အချိန်ပေးလုပ်ကိုင်နေသူတစ်ယောက် ဖြစ်ပါတယ်။

Image may contain: 3 people, people standing, tree and outdoor

Image may contain: 3 people, people standing, tree and outdoor

Advertisements

ခင်ပိုးပန်းချီလေးကတော့ ပရိသတ်တွေကို ဖျော်ဖြေနေရရင် ပျော်နေတာပဲနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Image may contain: 10 people, people standing and crowd

မိုမိုလေး

WP2Social Auto Publish Powered By : XYZScripts.com
Close