Teach

ဒီနေ့မှာသူငယ်ချင်းဆိုပေမယ့် မနက်ဖြန်ရန်သူဖြစ်သွားနိုင်လို့ ဒီအရာတွေကိုဘယ်သူ့ကိုမှရင်မဖွင့်ပါနဲ့

သင်ဟာ သူငယ်ချင်းတွေကို အရမ်းယုံတတ်ပြီး ကိုယ့်အကြောင်းတွေကို အစကနေအဆုံး၊ အိတ်သွန်ဖာမှောက်ပြောပြတတ်တဲ့သူလား။ ဒါဆိုရင်တော့ ဒီစာလေးကိုဆုံးအောင်ဖတ်စေချင်ပါတယ်။ သူငယ်ချင်းတွေဟာ ကိုယ့်ရဲ့အကောင်း၊အဆိုးအားလုံးကို ဖွင့်ပြောပြဖို့အတွက် ယုံကြည်ရတဲ့သူတွေဖြစ်ပါ့မလား။ သင်နဲ့သူငယ်ချင်းဖြစ်နေသရွေ့တော့ လူတွေကိုယုံကြည်လို့ရနိုင်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် သဘောထားမတိုက်ဆိုင်ကြတော့တဲ့အခါမျိုးမှာ သင်ကိုယ်တိုင်ပြောပြခဲ့တဲ့ သင့်အကြောင်းတွေက သူတို့အတွက် အသုံးချစရာလက်နက်တွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ဘယ်လောက်ခင်တဲ့သူငယ်ချင်းဖြစ်ဖြစ် ဒီအကြောင်းအရာတွေကို ဖွင့်မပြောပါနဲ့။

မိသားစုပဋိပက္ခ

ကိုယ့်မိသားစုထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေ၊ ပဋိပက္ခတွေဆိုတာ ဘေးလူတွေသိဖို့မလိုတဲ့အကြောင်းအရာတွေပါ။ ကိုယ်က မိသားစုနဲ့ခဏတဖြုတ်စိတ်ဆိုးတုန်းမှာ စိတ်လိုက်မာန်ပါနဲ့ ကိုယ့်မိသားစုမကောင်းကြောင်းကို ပြောလိုက်မိတဲ့အခါ အဲ့ဒီအကြောင်းအရာက သူစိမ်းတွေပါးစပ်ဖျားမှာ သင်ကိုယ်တိုင်ပြောတဲ့စကားတွေဆိုပြီး ပြောစရာဖြစ်လာပါလိမ့်မယ်။ အဲ့ဒီအချိန်မှ သွားပြီးတားလို့လည်းမရတော့ပါဘူး။ ပြီးတော့ တကယ်တမ်း ကိုယ်အခက်အခဲဖြစ်နေချိန်မှာ သူစိမ်းတွေကလာပြီး ကူညီမှာမဟုတ်ပါဘူး၊ ကိုယ့်မိသားစုကသာ ကိုယ့်အတွက်ရှိနေမှာပါ။ ဒါကြောင့် ဘယ်လောက်ပဲခင်တဲ့သူဖြစ်နေပါစေ၊ ကိုယ့်မိသားစုအကြောင်းတွေ သွားမပြောမိပါစေနဲ့။

သင့်ရဲ့အကြီးဆုံးအားနည်းချက်နဲ့ ကိုယ်အကြောက်ဆုံးအရာ

ကိုယ့်ရဲ့အားနည်းချက်နဲ့ ကိုယ်အကြောက်ဆုံးအရာတွေဆိုတာကလည်း ဘယ်သူ့ကိုမှမပြောဘဲ လျှို့ဝှက်ထားသင့်တဲ့အရာတွေပါ။ အဲ့ဒီအရာတွေကိုပြောပြလိုက်ရင် ဒါတွေက သူတို့အတွက်အသုံးချစရာဖြစ်သွားတတ်လို့ မပြောမိအောင် ဆင်ခြင်ပါ။

သင့်ရဲ့အကောင်းဆုံးအရည်အချင်း

ကိုယ့်ရဲ့အားနည်းချက်ကိုလည်းမပြောသင့်သလို ကိုယ့်ရဲ့အားသာချက်၊ အရည်အချင်းတွေအကြောင်းတွေကိုလည်း မပြောတာအကောင်းဆုံးပါ။ သင့်ရဲ့ အကောင်းဆုံးအရည်အချင်းကိုသိတဲ့အခါ ဒါကိုအသုံးမချဖြစ်အောင် လိုက်ပြီး ပိတ်ပင်တားဆီးတာမျိုး၊ ဒီအရည်အချင်းကို စိတ်ပျက်စရာဖြစ်အောင်ပြောတာမျိုး၊ ကိုယ်ပိုင်ဆိုင်ထားတဲ့အရည်အချင်းက အသုံးမကျတဲ့အရာတစ်ခုလိုခံစားရအောင်လုပ်တာမျိုးတွေ ဖြစ်လာနိုင်လို့ ဒါကိုလည်း မပြောမိဖို့သတိထားပါ။

Advertisements

သင့်ရဲ့ဘဝရည်မှန်းချက်

ကိုယ့်ဘဝမှာ ဘာဖြစ်ချင်တယ်၊ ဘာအချိန်မှာဘာလုပ်မယ်၊ ဘယ်လိုရည်မှန်းချက်မျိုးထားထားတယ်ဆိုတာကိုလည်း ဘယ်သူ့ကိုမှပြောပြသင့်ပါဘူး။ ဘယ်လောက်ပဲယုံကြည်ရတဲ့သူဖြစ်ပါစေ၊ လူဆိုတာ စိတ်အပြောင်းအလဲရှိနိုင်တာမို့ ဒါတွေကိုပြောလိုက်တာက ကိုယ်မထင်မှတ်ထားတဲ့အတားအဆီး၊ အနှောက်အယှက်တွေ ဖြစ်လာနိုင်ပါတယ်။

သင့်အချစ်ရေး

အချစ်ရေးအဆင်မပြေရင် သူငယ်ချင်းတွေကိုတိုင်ပင်ချင်ကြတာ သဘာဝပါ။ ဒါပေမယ့် ကိုယ်ကချစ်သူနဲ့အဆင်မပြေတဲ့အခါ ပြတ်ပြီဆိုပြီး ကိုယ့်သူငယ်ချင်းဆီမှာ ရင်ဖွင့်ပေါက်ကွဲလိုက်၊ အဆင်ပြေသွားရင် ပြန်တွဲလိုက်နဲ့ သံသရာလည်နေမယ်ဆိုရင် သူငယ်ချင်းနဲ့ကိုယ်နဲ့ကြားမှာ အဆင်မပြေတာတွေဖြစ်လာနိုင်ပါတယ်။ အချစ်ရေးဆိုတာကလည်း လျှို့ဝှက်ထားနိုင်တာ အကောင်းဆုံးဖြစ်ပါတယ်။

written by PP

WP2Social Auto Publish Powered By : XYZScripts.com
Close