Celebrity

ဝူဟန်ဗိုင်းရပ်စ်ဟာ ပိုက်ဆံဘယ်လောက်ရှိရှိ ကုမရနိုင်လို့ သတိရှိကြဖို့ပြောလာတဲ့ ကျော်ကျော်ဗို

မြန်မာနိုင်ငံကလူတွေ စိုးရိမ်နေကြတဲ့ ဝူဟန်ဗိုင်းရပ်စ်က ဒီကနေ့ နံနက်မှာပဲ သံသယရှိသူတစ်ယောက် ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ ဝူဟန်ဗိုင်းရပ်စ် သံသယရှိသူဟာ တရုတ်နိုင်ငံသားတစ်ယောက်ဖြစ်ပြီး ဒီကနေ့ နံနက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆိုက်ရောက်လာတဲ့ လေယာဉ်နဲ့ လိုက်ပါလာသူပဲ ဖြစ်ပါတယ်။ ထိုသံသယရှိသူကိုတော့ ရန်ကုန် ဝေဘာဂီဆေးရုံမှာ စောင့်ကြည့်နေတာပဲ ဖြစ်ပါတယ်။

Image may contain: 1 person, smiling, hat

အနုပညာရှင်တွေအနေနဲ့လည်း သူတို့ သိထားသမျှကို ပရိသတ်တွေ၊ ပြည်သူတွေထံ မျှဝေပေးနေတာဖြစ်ပြီး သရုပ်ဆောင် အကယ်ဒမီ ကျော်ကျော်ဗိုကလည်း အခုလို သတိပေးထားပါတယ်။

Image may contain: text

“သာမန်လူတွေထက်ဆေးပညာ ဗဟုသုတအများကြီးပိုတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ ဒီလိုဝတ်စုံမျိုးတွေကို လှလို့ဝတ်ထားကြတာမဟုတ်ဘူးနော်။ ကျွန်တော်တို့တွေနှာခေါင်းလေးအုပ်လိုက်ရုံ … Mask  လေးတပ်လိုက်ရုံနဲ့ လုံခြုံသွားပြီလား…? လူထူထပ်တဲ့နေရာတွေမသွားပါနဲ့”

Advertisements

Image may contain: one or more people

“ဖြစ်လာရင်…ပိုက်ဆံဘယ်လောက်ရှိရှိ နိင်ငံခြားသွားကုလို့ရတဲ့ရောဂါမဟုတ်ဘူး ရှိတာနဲ့ကု …မရှိရင်မကုနဲ့ …ဒါပါပဲသတိရှိကြပါ” ဆိုပြီး သတိပေးလာပါတယ်။

ဝူဟန်ဗိုင်းရပ်စ်ဟာ အခုဆိုရင် လေထုထဲကတဆင့် ပျံ့နှံနေတာမို့ Mask လေးတွေ အသုံးပြုကာကွယ်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

Image may contain: 1 person, sky, outdoor and closeup

Advertisements

မိုမိုလေး

WP2Social Auto Publish Powered By : XYZScripts.com
Close