International

ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် သေဆုံးမှု ၂၅၆ ဦးအထိရှိလာပြီး ကူးစက်ခံရသူ တစ်သောင်းကျော်လာ

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် သေဆုံးမှု (၂၅၆) ၊ ကူးစက်ခံရမှု (၁၁၈၂၁) အထိရှိပြီဖစ်ကြောင်း တရုတ်ကျန်းမာရေး အာဏာပိုင်တွေက ထုတ်ပြန်လိုက်တဲ့စာရင်းအရသိရပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ကလဲ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြာသပတေးနေ့မှာ ကြေညာထားပါတယ်။
ဒီလို ကြေညာလိုက်တာကြောင့် ကိုရိုနာဗိုင်းရပ်စ်အရေးကို ကိုင်တွယ်ဖြေရှင်းရာမှာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုမြင့်မားလာစေနိုင်မှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် အဆိုးဆုံး ပျံ့နှံ့ဖြစ်ပွားရာ ဟူဘေးပြည်နယ်မှာဆိုရင် သောကြာနေ့မှာ နောက်ထပ် လူ ၄၂ ဦး သေဆုံးတာကြောင့် စုစုပေါင်း သေဆုံးသူဦးရေဟာ ၂၁၃ ဦးအထိ ရှိသွားပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်းဟာ ၈၁၀၀ ကျော်ထက်မနည်း ရှိကြောင်း အစိုးရက ထုတ်ပြန်ထားပါတယ်။

“အားနည်းတဲ့ ကျန်းမာရေးစနစ်တွေကြားမှာ ကိုရိုနာဗိုင်းရပ်စ်ဟာ ဒီထက်မက ကမ္ဘာ့နိုင်ငံတွေဆီ ပျံ့နှံ့သွားမှာကို ကျွန်တော်တို့ အစိုးရိမ်ဆုံးအပူပန်ဆုံးပဲ။”လို့ WHO ၏ အကြီးအကဲ တီဒရို့စ်အက်ဟမ်နွမ်ဂီဘရီယက်ဆက်က ပြောပါတယ်။

Advertisements

“ခုလို တစ်ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ကြေညာရတာဟာ တရုတ်နိုင်ငံအပေါ် မယုံကြည်လို့ မဟုတ်ဘူး။ ဒီဗိုင်းရပ်စ်ကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် အားနည်းတဲ့ နိုင်ငံတွေကို အကူအညီ အထောက်အပံ့တွေ ပေးနိုင်ဖို့ ရည်ရွယ်ထုတ်ပြန်လိုက်ရတာ ဖြစ်တယ်။”လို့ နိုင်ငံတကာစိုးရိမ်ပူပန်မှု အများပြည်သူ ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာချက် ထုတ်ရာ၌ တီဒရို့စ်က အလေးအနက် ပြောခဲ့တာ ဖြစ်ပါတယ်။

ဒါအပြင် တီဒရို့စ်က ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုအပေါ် တရုတ်အစိုးရက လျင်လျင်မြန်မြန် ဖြေရှင်းနေတာအတွက် အသိအမှတ်ပြု ချီးကျူးစကား ပြောပါတယ်။

“ခုကစလို့ ကျွန်တော်တို့ အားလုံး ကိုရိုနာဗိုင်းရပ်စ် နောက်ထပ် မပြန့်ပွားအောင် တားဆီးဖို့ အတူတကွ ဆောင်ရွက်သွားရလိမ့်မယ်။ အားလုံးပူးပေါင်းဆောင်ရွက်မှပဲ ဒီ ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ရပ်တန့်နိုင်မှာ ဖြစ်တယ်။”ဟု ၎င်းက ပြောခဲ့ပါတယ်။

Rf; SG.News, Strait Times, CNA
Writer_ YK(XYZ News)

Advertisements
WP2Social Auto Publish Powered By : XYZScripts.com
Close