International

ကိုရိုနာဗိုင်းရပ်စ် လူနာတွေကို ကုသရန် တရုတ်က ကုတင် ၁၀၀၀ ဆံ့ ဆေးရုံကို ခြောက်ရက်နဲ့ အပြီးတည်ဆောက်နေ

ကိုရိုနာဗိုင်းရပ်စ် လူနာတွေကို ကုသရန် တရုတ်က ကုတင် ၁၀၀၀ ဆံ့ ဆေးရုံကို ခြောက်ရက်နဲ့ အပြီးတည်ဆောက်နေ

ကိုရိုနာဗိုင်းရပ်စ် လူနာတွေကို ကုသဖို့အတွက် ဝူဟန်မြို့မှာ ကုတင် ၁၀၀၀ ဆံ့ ဆေးရုံသစ်ကြီးကို ခြောက်ရက်အတွင်း အပြီးတည်ဆောက်ဖို့ တရုတ်နိုင်ငံဟာ ကြီးမားတဲ့ စီမံကိန်းတစ်ရပ်ကို စတင်ဆောင်ရွက်နေပါပြီ။

ဒီ တည်ဆောက်တဲ့ ဆေးရုံဟာ လာမယ့် သီတင်းပတ်အစောပိုင်းမှာပဲ လူနာတွေကို ကုသမှု ပေးနိုင်လိမ့်မယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာက ဖော်ပြကြောင်း ရိုက်တာသတင်းက ကိုးကားပါတယ်။

လက်ရှိအထိ အခု ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူပေါင်း ၂၅ ဦး ရှိပြီး ၈၀၀ ကျော်ထက်မနည်း ကူးစက်ခံထားရတယ်လို့ အစိုးရက သောကြာနေ့မှာ ထုတ်ပြန်ပါတယ်။

Advertisements

အဆိုပါ ရောဂါပိုးနဲ့ ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က အရေးပေါ်အခြေအနေတစ်ရပ် ကြေညာခဲ့ပေမယ့် နိုင်ငံတကာစိုးရိမ်မှုတွေ ပြန့်နှံ့လာတာကြောင့် ကြေညာချက်ကို အချိန်တိုအတွင်း ရပ်ပစ်လိုက်ပါတယ်။

အခု ဗိုင်းရပ်စ်သစ်ဟာ ဒီဇင်ဘာ ၃၁ ရက်မှာ တရုတ်အလယ်ပိုင်း ဝူဟန်မြို့ကနေ စတင်ပုံရပြီး ပြန့်နှံ့ခဲ့ပါတယ်။

ခြောက်ရက်အတွင်း အပြီးတည်ဆောက်မယ့် အခု ဆေးရုံဟာ ဝူဟန်မြို့ပြင် ရေကန်တစ်ခုနားမှာဖြစ်ပြီး ဆေးရုံဝင်းမှာ အလုပ်သမားတွေ အပန်းဖြေနိုင်အောင်ပါ ဝင်းခြံထည့်သွင်းတည်ဆောက်သွားမှာ ဖြစ်ပါတယ်။

တည်ဆောက်မည့်နေရာကို မြေတူးစက် ၃၅ စင်းနဲ့ ဘူဒိုဇာ ၁၀ စင်း ရောက်ရှိလို့ လုပ်ငန်းစတင်နေပြီ ဖြစ်ပါတယ်။

၂၀၀၃ ခုနှစ်အတွင်းက တရုတ်နိုင်ငံဟာ ပြင်းထန်အဆုတ်ရောင်ရောဂါ SARS ဖြစ်ပွားမှုကို ရင်ဆိုင်ကြုံတွေ့ခဲ့ဖူးတဲ့ နိုင်ငံပဲ ဖြစ်ပါတယ်။

Advertisements

ကမ္ဘာ့နိုင်ငံ ၃၀ နီးပါးကို ပျံ့နှံ့ခဲ့တဲ့ ဒီ SARS ရောဂါကြောင့် လူပေါင်း ၇၇၄ ဦး သေဆုံးခဲ့ပါတယ်။

Rf; mothership

credit -မောင်သံဆင့်(XYZ News)

WP2Social Auto Publish Powered By : XYZScripts.com
Close