Life

ရခဲ့သမျှ ဆုငွေတွေစုပြီး မိဘမဲ့စာသင်ကျောင်းဆောက်လုပ်လှူဒါန်းခဲ့တဲ့ တက္ကသိုလ်ဝင်တန်း မြန်မာတစ်နိုင်ငံလုံး ဒုတိယဆုရှင် မိန်းကလေး

မန္တလေးနဂါးသမီး ဦးအောင်ဖေ+ဒေါ်မြနှင်းစောတို့၏သမီးချစ် နှလုံးသားအလှပိုင်ရှင်မလေး “မဖြူးခေတ်” ဟာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၆ ဘာသာဂုဏ်ထူးနဲ့အောင်မြင်ခဲ့သူဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးမှာ ဒုတိယရရှိခဲ့တာပါ….. ဒီလို ပညာရေးမှာ ထူးချွန်တဲ့ သမီးလေးဟာ နှလုံးရည်မှာလည်း

ပြည့်ဝလှသူပါ ၆ ဘာသာဂုဏ်ထူးထွက်လို့ ရရှိခဲ့တဲ့ ဂုဏ်ပြုငွေလေးတွေနဲ့ KG တန်း စာသင်ကျောင်းဆောင်တစ်ဆောင်ကို ဆောက်လုပ်လှူဒါန်းခဲ့လို့ပဲ ဖြစ်ပါတယ်မဖြူးခေတ်ဟာ ၄ တန်း ၅ တန်းက စပြီး ၁၀ တန်းထိတိုင်အောင် ပထမနဲ့

ဒုတိယ ဆုတွေ အလီလီ ရရှိခဲ့သူလို့ သိရပါတယ်.ခု (၁၀)တန်းမှာလည်းပဲ (၆)ဘာသာ ဂုဏ်ထူးနဲ့ မြန်မာတစ်နိုင်ငံလုံးမှာ ပထမရရှိသူနဲ့ တစ်မှတ်ပဲ ကွာပြီး ဒုတိယရရှိခဲ့တာပါ ဒီ့အတွက် မန္တလေး “ဆု” ကိုယ်ပိုင်အထက်တန်းကျောင်း က ဂုဏ်ပြုငွေ သိန်း(၁၀၀) ကိုရရှိပါတယ်။ ဒါ့အပြင် ရွှေဘိုမြို့

ရွှေနဂါးရှော့ပင်းစင်တာ ဖွားဖွား သုဓမ္မသိင်္ဂီဒေါ်နွဲ့နွဲ့က ငွေကျပ်သိန်း(၅၀) သမီးဖြစ်တဲ့ ဒေါ်လေးသုဓမ္မသိင်္ဂီ မလတ်မျိုးစောနဲ့ အခြား ပုဂ္ဂိုလ်တွေရဲ့ ဆုချီးမြင့်ငွေကလည်း သိန်း(၅၀)ကျော် စုစုပေါင်း သိန်း ၂၀၀ ကျော်လောက်

ဆုအဖြစ်ရရှိခဲ့ပါတယ် ငယ်စဉ်ကတည်းက ရတဲ့ဆုငွေတွေနဲ့ ရဟန်းသံဃာတွေ လှူဒါန်း၊ အဘိုးအဘွားတို့ကို ကန်တော့တတ်တဲ့ သမီးလေးဟာ ခုလည်းပဲ ကိုယ်ကျိုးအတွက် မသုံးဘဲ ကလေးတွေပညာရေးအတွက်

Advertisements

အထောက်အကူဖြစ်စေမဲ့ ၂၅ ပေ ၆၀ ပေရှိ(အာစီ) ပညာရေးကျောင်းဆောင်သစ် တစ်ဆောင်ကို မန္တလေးတိုင်း စဥ့်ကိုင်မြို့နယ်၊ ရဲရွာသစ်ရွာ (Y.G.W ) ပရဟိတ မိဘမဲ့ကျောင်းမှာ လှူဒါန်းခဲ့ပါတယ် တကယ့်ကို မွန်မြတ်လှတဲ့ အလှူဒါနလေးပဲဖြစ်ပါတယ်

ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ကျိုးမဖက်ဘဲ အများအတွက်ကြည့်ပြီး လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တဲ့ ပညာရေးရော နှလုံးရည်ပါပြည့်စုံတဲ့ သမီးလေး “မဖြူးခေတ်” ကို ဂုဏ်ပြုချီးကျူးစကားလေးတွေနဲ့ ဂုဏ်ပြုပေးခဲ့ကြပါအုံးနော်…

Source : Shwe Yaung Lan

WP2Social Auto Publish Powered By : XYZScripts.com
Close