Celebrity

သီဟတင္စိုး၏ဇနီး ဇင္မာဦးက ခင္မာျမင့္ႏွင့္ ပြဲစား ေဒၚညိဳကို အမွုတစ္ႏွစ္ခြဲခန္႔အၾကာတြင္ ပုဒ္မ ၃၈၉ ၿခိမ္းေျခာက္ေတာင္းယူမွုျဖင့္စြဲခ်က္တင္ထား

သီဟတင္စိုး၏ဇနီး ဇင္မာဦးက ခင္မာျမင့္ႏွင့္ ပြဲစား ေဒၚညိဳကို အမွုတစ္ႏွစ္ခြဲခန္႔အၾကာတြင္ ပုဒ္မ ၃၈၉ ၿခိမ္းေျခာက္ေတာင္းယူမွုျဖင့္စြဲခ်က္တင္ထား

သ႐ုပ္ေဆာင္ ဇင္မာဦးက တရားစြဲဆိုထားသည့္ အိမ္အကူ ခင္မာျမင့္ႏွင့္ ပြဲစားေဒၚညိဳကို အမွုစစ္ေဆးကာလ တစ္ႏွစ္ခြဲခန္႔အၾကာတြင္

ပုဒ္မ ၃၈၉၊ ၿခိမ္းေျခာက္ေတာင္းယူမွုျဖင့္ ရန္ကုန္ၿမိဳ့၊ သဃၤန္းကၽြန္းၿမိဳ့နယ္တရား႐ုံးက စြဲခ်က္တင္ထားေၾကာင္း အဆိုပါတရား႐ုံးမွ သိရသည္။

အမွုႏွင့္ပတ္သက္၍ ေဒၚညိဳ၏ ေရွ႕ေန ဦးခင္ေမာင္တင္အား ဖုန္းျဖင့္ ဆက္သြယ္ေမးျမန္းရာ “စြဲခ်က္တင္လိုက္တာ ဟုတ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလမွာ မူလပုဒ္မအတိုင္း စြဲခ်က္တင္လိုက္တာပါ” ဟု ျပန္လည္ေျဖၾကားခဲ့သည္။

လက္ရွိအမွုတြင္ စြပ္စြဲခံရသူ ခင္မာျမင့္ကို ဆက္လက္စစ္ေဆးေနၿပီး တရားခံျပသက္ေသအျဖစ္ လူပုဂၢိဳလ္ ေလးဦး တင္ျပထားသည္ဟု ၎ကေျပာသည္။

အဆိုပါအမွုတြင္ ခင္ပြန္းျဖစ္သူ သီဟတင္စိုးကို မုဒိမ္းမွုႏွင့္ လီဆယ္အမွုဖြင့္ကာ ၿခိမ္းေျခာက္ေငြေတာင္းသည္ဟု စြပ္စြဲခ်က္ျဖင့္

သ႐ုပ္ေဆာင္ ဇင္မာဦးက တရားလိုျပဳလုပ္ကာ အိမ္အကူ ေဒၚခင္မာျမင့္ႏွင့္ ပြဲစားေဒၚညိဳကို ပုဒ္မ ၃၈၉ ျဖင့္ ၂၀၁၈ ႏွစ္ ဇူလိုင္လအတြင္း အမွုဖြင့္ တရားစြဲဆိုခဲ့သည္။

အမွုတြင္ တရားလိုဘက္မွ တင္ျပသည့္ သီဟတင္စိုးအပါအဝင္ သက္ေသ ၅ ဦးကို စစ္ေဆးခဲ့ၿပီး စြပ္စြဲခံရသူ ေဒၚညိဳကို တရား႐ုံးမွ အာမခံေပးထားသည္။

အမွုကို လာမည့္ ဇန္နဝါရီ ၁၆ ရက္တြင္ ဆက္လက္စစ္ေဆးရန္ တရား႐ုံးက ခ်ိန္းဆိုထားသည္။

သတင္း၊ ဓာတ္ပုံ – မင္းဟိန္း/ စံေတာ္ခ်ိန္

သီဟတင်စိုး၏ဇနီး ဇင်မာဦးက ခင်မာမြင့်နှင့် ပွဲစား ဒေါ်ညိုကို အမှုတစ်နှစ်ခွဲခန့်အကြာတွင် ပုဒ်မ ၃၈၉ ခြိမ်းခြောက်တောင်းယူမှုဖြင့်စွဲချက်တင်ထား

သရုပ်ဆောင် ဇင်မာဦးက တရားစွဲဆိုထားသည့် အိမ်အကူ ခင်မာမြင့်နှင့် ပွဲစားဒေါ်ညိုကို အမှုစစ်ဆေးကာလ တစ်နှစ်ခွဲခန့်အကြာတွင်

ပုဒ်မ ၃၈၉၊ ခြိမ်းခြောက်တောင်းယူမှုဖြင့် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက စွဲချက်တင်ထားကြောင်း အဆိုပါတရားရုံးမှ သိရသည်။

အမှုနှင့်ပတ်သက်၍ ဒေါ်ညို၏ ရှေ့နေ ဦးခင်မောင်တင်အား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ “စွဲချက်တင်လိုက်တာ ဟုတ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ မူလပုဒ်မအတိုင်း စွဲချက်တင်လိုက်တာပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

လက်ရှိအမှုတွင် စွပ်စွဲခံရသူ ခင်မာမြင့်ကို ဆက်လက်စစ်ဆေးနေပြီး တရားခံပြသက်သေအဖြစ် လူပုဂ္ဂိုလ် လေးဦး တင်ပြထားသည်ဟု ၎င်းကပြောသည်။

အဆိုပါအမှုတွင် ခင်ပွန်းဖြစ်သူ သီဟတင်စိုးကို မုဒိမ်းမှုနှင့် လီဆယ်အမှုဖွင့်ကာ ခြိမ်းခြောက်ငွေတောင်းသည်ဟု စွပ်စွဲချက်ဖြင့်

သရုပ်ဆောင် ဇင်မာဦးက တရားလိုပြုလုပ်ကာ အိမ်အကူ ဒေါ်ခင်မာမြင့်နှင့် ပွဲစားဒေါ်ညိုကို ပုဒ်မ ၃၈၉ ဖြင့် ၂၀၁၈ နှစ် ဇူလိုင်လအတွင်း အမှုဖွင့် တရားစွဲဆိုခဲ့သည်။

အမှုတွင် တရားလိုဘက်မှ တင်ပြသည့် သီဟတင်စိုးအပါအဝင် သက်သေ ၅ ဦးကို စစ်ဆေးခဲ့ပြီး စွပ်စွဲခံရသူ ဒေါ်ညိုကို တရားရုံးမှ အာမခံပေးထားသည်။

အမှုကို လာမည့် ဇန်နဝါရီ ၁၆ ရက်တွင် ဆက်လက်စစ်ဆေးရန် တရားရုံးက ချိန်းဆိုထားသည်။

သတင်း၊ ဓာတ်ပုံ – မင်းဟိန်း/ စံတော်ချိန်

Related Articles

Close