Celebrity








Credit2OP

Unicode

ပထမဦးဆုံးရတဲ့ အနုပညာကြေးလေးနဲ့ အမေ့ကို ရွှေဆွဲကြိုးကြီး ဝယ်ပေးခဲ့တဲ့ တန်ခွန်ကျော်

ပရိသတ်ကြီးရေ Myanmar Idol Season-4 ပြိုင်ပွဲဝင် တစ်ယောက် ဖြစ်တဲ့ တန်ခွန်ကျော်ကတော့ ပြိုင်ပွဲဝင်နေစဉ်ကာလထဲက အားပေးတဲ့ ပရိသတ်တွေအများကြီးရရှိခဲ့တဲ့ သူတစ်ယောက်ပါ ။

ပရိသတ်တွေရဲ့ ဝန်းရံမှုနဲ့ Wild Card နဲ့ Myanmar Idol စင်မြင့်ပေါ်ကို ထပ်မံရောက်ရှိခွင့်ရခဲ့တဲ့ ပြိုင်ပွဲဝင်ဆိုလည်း မမှားပါဘူး ။ Winner ဆုနဲ့လွဲချော်ခဲ့ရပေမယ့် ပရိသတ်တွေကတော့ အခုချိန်ထိတခဲနက် ဝန်းရံအားပေးနေကြဆဲပါပဲ ။

တန်ခွန်ကျော် တစ်ယောက် အမေများနေ့မှာတော့ သူချစ်တဲ့အနုပညာနဲ့ မိဘကို ကျေးဇူးဆပ်ခွင့်ရရှိခဲ့ပါပြီ ပရိသတ်ကြီးရေ ..။ ” အမေများနေ့အထိမ်းအမှတ် အဦးဆုံးရတဲ့အနုပညာကြေးနဲ့အမေ့ကိုလက်ဆောင်လေးဝယ်ပေးနိုင်ခဲ့ပါပြီကျေးဇူးရှင်တွေအားလုံးကိုဝမ်းသာစေချင်လို့တင်ပေးလ်ုက်ပါတယ်ဗျကျေးဇူးတင်ထိုက်သူအားလုံးကိုေ ကျးဇူးတင်ပါတယ်ဗျ”

ဆိုတဲ့စာသားလေးနဲ့အတူ တန်ခွန်ကျော်တစ်ယောက် သူချစ်တဲ့အနုပညာနဲ့ မိခင်ဖြစ်သူကို လက်ဆောင်ဝယ်ပေးနိုင်ခဲ့တာ ပရိသတ်တွေရဲ့ ကျေးဇူးကြောင့်ဆိုတဲ့ ခံယူချက်နဲ့ ပရိသတ်တွေဝမ်းသာရအောင် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေမျှဝေပေးခဲ့တာဖြစ်ပါတယ် ။

ပရိသတ်တွေကလည်း တန်ခွန်ကျော်အတွက် မိဘကို သိတတ် ခလေး ဒီထက်မကအောင်မြင်ပါစေ ဒီထက်မက လူချစ်လူခင်ပေါများစေ အောင်မြင်ကျော်ကြာသော နိုင်ငံကျော် တေးသံရှင်ကြီးဖြစ်ပါစေ လို့ဆုမွန်ကောင်းတွေ ဝိုင်းပေးနေကြတာတွေ့ရပါတယ် ။

မိဘကျေးဇူးသိတတ်တဲ့ တန်ခွန်ကျော်တစ်ယောက် ဒီထက်မက အောင်မြင်တဲ့အနုပညာရှင် တစ်ယောက်ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

Credit2OP

Related Articles

Close