Crime

လပြတၱာၿမိဳ႕ ကားဂိတ္နားေနေဆာင္တြင္ အိပ္ေပ်ာ္ေနသည့္ အမ်ိဳးသမီးတဦး အဓမၼျပဳက်င့္ခံရ

ဧရာဝတီတိုင္း၊ လပြတၱာခ႐ိုင္၊ လပြတၱာၿမိဳ႕မွာ ထက္ဦးကားဂိတ္ နားေနေဆာင္အတြင္း အိပ္ေပ်ာ္ေနတဲ့ အမ်ိဳးသမီးအား လက္မွတ္ေရာင္းခ်သူက အလိုမတူဘဲ အဓမၼျပဳက်င့္မႈ ျဖစ္ပြားခဲ့တယ္လို႔ လပြတၱာရဲစခန္းက သိရပါတယ္။

ျဖစ္စဥ္မွာ လပြတၱာၿမိဳ႕နယ္ေန မ _______ အသက္ ၂၅ ႏွစ္ဟာ ဇန္နဝါရီ ၈ ရက္မနက္ပိုင္းက ထက္ဦးအငွား ေမာ္ေတာ္ယာဥ္အမွတ္ YGN / 2 P 3049 နဲ႔ ရန္ကုန္ၿမိဳ႕ကေန လပြတၱာၿမိဳ႕ကို ထြက္ခြာခဲ့ရာ ညေန ၃ နာရီ အခ်ိန္ေလာက္မွာ အမွတ္ ၆ ရပ္ကြက္ ဘုရားလမ္းရွိ ထက္ဦးေမာ္ေတာ္ယာဥ္ကားဂိတ္ကို ေရာက္ရွိလာခဲ့ေၾကာင္း၊ မိမိေနထိုင္တဲ့ ဘိုကုန္းေက်း႐ြာျပန္ဖို႔ လိုင္းသေဘၤာမရွိေတာ့တာေၾကာင့္ ထက္ဦးကာဂိတ္ရွိ ဧည့္သည္နားေနေဆာင္မွာ တဦးတည္းအိပ္ခဲ့ရာ ည ၁၀ နာရီအခ်ိန္ေလာက္ အိပ္ေပ်ာ္သြားခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က သိရပါတယ္။

ဇန္နဝါရီ ၉ ရက္ေန႔ မနက္ ၁ နာရီအခ်ိန္ေလာက္မွာ ထက္ဦးကားဂိတ္က ကားလက္မွတ္ေရာင္းခ်တဲ့ ေက်ာ္ႏိုင္ထူးက ဦးေခါင္းအား လက္နဲ႔ လာပြတ္တာေၾကာင့္ လန႔္ႏိုးသြားေၾကာင္း၊ ဒီေနာက္ သူမအား “ မေအာ္ႏွင့္ ေအာ္ရင္သတ္ပစ္မည္” ဟု ၿခိမ္ေျခာက္ ေျပာဆိုၿပီး ၁၅ မိနစ္ခန႔္ အလိုမတူဘဲ အဓမၼျပဳက်င့္ခဲ့ေၾကာင္း လပြတၱာၿမိဳ႕မရဲစခန္းက သိရပါတယ္။

ျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး အမ်ိဳးသမီးတဦးအား အလိုမတူဘဲ အဓမၼျပဳက်င့္ခဲ့တဲ့ ေက်ာ္ႏိုင္ထူးအား ရာဇသတ္ႀကီးပုဒ္မ ၃၇၆ နဲ႔ လပြတၱာၿမိဳ႕မစခန္းမွာ အမႈဖြင့္အေရးယူထားတယ္လို႔ သိရပါတယ္။

Unicode Version

ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့မှာ ထက်ဦးကားဂိတ် နားနေဆောင်အတွင်း အိပ်ပျော်နေတဲ့ အမျိုးသမီးအား လက်မှတ်ရောင်းချသူက အလိုမတူဘဲ အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ လပွတ္တာရဲစခန်းက သိရပါတယ်။

ဖြစ်စဉ်မှာ လပွတ္တာမြို့နယ်နေ မ _______ အသက် ၂၅ နှစ်ဟာ ဇန်နဝါရီ ၈ ရက်မနက်ပိုင်းက ထက်ဦးအငှား မော်တော်ယာဉ်အမှတ် YGN / 2 P 3049 နဲ့ ရန်ကုန်မြို့ကနေ လပွတ္တာမြို့ကို ထွက်ခွာခဲ့ရာ ညနေ ၃ နာရီ အချိန်လောက်မှာ အမှတ် ၆ ရပ်ကွက် ဘုရားလမ်းရှိ ထက်ဦးမော်တော်ယာဉ်ကားဂိတ်ကို ရောက်ရှိလာခဲ့ကြောင်း၊ မိမိနေထိုင်တဲ့ ဘိုကုန်းကျေးရွာပြန်ဖို့ လိုင်းသင်္ဘောမရှိတော့တာကြောင့် ထက်ဦးကာဂိတ်ရှိ ဧည့်သည်နားနေဆောင်မှာ တဦးတည်းအိပ်ခဲ့ရာ ည ၁၀ နာရီအချိန်လောက် အိပ်ပျော်သွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က သိရပါတယ်။

ဇန်နဝါရီ ၉ ရက်နေ့ မနက် ၁ နာရီအချိန်လောက်မှာ ထက်ဦးကားဂိတ်က ကားလက်မှတ်ရောင်းချတဲ့ ကျော်နိုင်ထူးက ဦးခေါင်းအား လက်နဲ့ လာပွတ်တာကြောင့် လန့်နိုးသွားကြောင်း၊ ဒီနောက် သူမအား “ မအော်နှင့် အော်ရင်သတ်ပစ်မည်” ဟု ခြိမ်ခြောက် ပြောဆိုပြီး ၁၅ မိနစ်ခန့် အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့ကြောင်း လပွတ္တာမြို့မရဲစခန်းက သိရပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမျိုးသမီးတဦးအား အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့တဲ့ ကျော်နိုင်ထူးအား ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ လပွတ္တာမြို့မစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

DVB Multimedia Group

Close