Dhamma
ရွှေတိဂုံစေတီတော်၏ အထက်ပစ္စယံတွင် တည်ရှိသည့် ဆွမ်းဦးကပ်မရသော ပတ္တမြားမျက်ရှင်ဘုရား
ရွှေတိဂုံစေတီတော်၏ အထက်ပစ္စယံတွင် ပတ္တမြားမျက်ရှင်ဘုရား ရှိပါသည်။ တချို့ကလည်း တဝဂူ ဆုတောင်းပြည့်စေတီဟု ခေါ်ကြပါသည်။
တဝဂူဆုတောင်းပြည့်ဘုရားဟု ခေါ်ဆိုထိုက် လောက်အောင်ပင် အလွန်ဆုတောင်းပြည့်လွန်း သဖြင့် လူတိုင်း အလွယ်တကူ မတွေ့မြင်နိုင်အောင် လူသူအရောက်အပေါက် နည်းပါးသည့်
အထက်ပစ္စယံနေရာတွင် လျှို့ဝှက်ပြီး တည်ထားခဲ့သည်ဟု ပြောစမှတ် ပြုကြသည်
Advertisements
ရှေးယခင် ဘုရင်များလက်ထက်က ရွှေတိဂုံသည် မွန်တိုင်းဌာနေတွင် တည်ရှိသောကြောင့် မွန်ဘုရင်များအဆက်ဆက်တွင် နန်းရပ်ထီးဖြူ လုယူမှုများ ရှိကြကုန်၏။
ထိုပုန်ကန်ခြားနား နန်းလုပွဲများ မှာလည်း များသောအားဖြင့် အောင်မြင်ကြသည်သာ များလေ၏။
အကြောင်းရင်းကို ရှာသော်မွန် မင်းသားငယ်များသည် နန်းလုပွဲ အောင်မြင်ရန် ထူးဆန်းသော အစီအရင်များဖြင့် အထက်ပစ္စယံမှပတ္တမြားမျက်ရှင်ဘုရား အထံတော်၌ သစ္စာပြုကာ တိုင်တည် ဆုတောင်းကြလေကုန်၏ ။
ထိုသောအခါ အစီအရင်တိုင်း အောင်မြင်လေကုန်၏ ။ ထိုအကြောင်းကို သိလေသောအခါ ဘုရင့်အမိန့်ဖြင့် ပတ္တမြားမျက်ရှင်ဘုရားပေါ်သို့ နန်းတွင်းမှ
Advertisements
ပတ္တမြားမျက်ရှင်ဘုရား၏ အံ့ဖွယ်ဖြစ်ရပ် တစ်ခုမှာကား ဆွမ်းမဦးခြင်း ဖြစ်လေ၏ ။ မြန်မာနိုင်ငံ အရပ်ရပ်က ဘုရားများတွင်လည်း ဆွမ်းမဦးသော ဘုရားများ ရှိကြပါ၏ ။
ပတ္တမြားမျက်ရှင်ဘုရား ဆွမ်းမဦးပုံကိုသုတေသီမြင့်ထွန်း၏ ရွှေတိဂုံစေတီမှ အံဖွယ်များစာအုပ်မှာ ဤသို့ရေးထားလေ၏ ။
ကျွန်ုပ်သည် လွန်ခဲ့သော အနှစ် ၂၀ ကျော်က ရန်ကုန်မြို့နေ ဓမ္မမိတ်ဆွေကြီး ဦးကိုကိုလေးနှင့် ရွှေတိဂုံစေတီတော်ကြီးမှ ထူးခြားဖွယ်များကို စကားစပ်မိကြလေ၏ ။
ဦးကိုကိုလေးက ( ရွှေတိဂုံစေတီ အထက် ပစ္စယံမှာရှိတဲ့ ပတ္တမြားမျက်ရှင်ဘုရားနဲ့ ပက်သက်လို့ ကိုယ်တွေ့တစ်ခု ရှိတယ်ဗျ ။ )
( တချိန်က အင်္ဂလိပ်လက်ထက် ကျွန်တော်က စိန်ဂျွန်းကျောင်းမှာ ၉ တန်းကျောင်းသားပေါ့ဗျာ… ကျွန်တော်တို့ စိန်ဂျွန်းကျောင်းသားတွေဟာ တန်ဆောင်မုန်း
လပြည့်နေ့တိုင်း ရွှေတိဂုံ ရင်ပြင်တော် ရာဟုထောင့် သံတန်ဆောင်း အတွင်းက ဘုရားကြီးမှာ ဆွမ်းတော်တင်လေ့ ရှိပါတယ်။
ဒီနေရာမှာ ကျွန်တော်ငယ်ငယ်ကတည်းက မိဘများနဲ့ ရှေးလူကြီးသူမများ ပြောစကားအရ ရွှေတိဂုံစေတီ ပတ္တမြားမျက်ရှင်ဘုရား ဆွမ်းဦးတယ် ဆိုတဲ့ စကားကြားဖူးနေတော့
ကျွန်တော်တို့ စိန်ဂျွန်းကျောင်းသားတွေဟာ သူငယ်ချင်းတစ်စု တိုင်ပင်ပြီး ပတ္တမြားမျက်ရှင် တဝဂူ ဆုတောင်းပြည့်ဘုရားကို ဆွမ်းဦးအောင်
ကပ်ကြမယ်လို့ စီစဉ်ကာ ချက်ပြုတ်ဖို့ လေမီးဖိုနဲ့ ဆွမ်းဆန်စိမ်း သစ်သီးဝလံ မုန့်များ ယူပြီး တစ်ညလုံး မအိပ်ဘဲ ရွှေတိဂုံကုန်းတော်မှာ စောင့်ခဲ့ကြတယ်။ )
( အင်း…ညဥ့်နက်ကျော်လာလို့ မနက် ၃နာရီမှာ လေမီးဖိုနဲ့ ဆွမ်းထချက်ပြီး သစ်သီးဝလံတွေ ခွဲစိတ် ရေဆေးပြီး နံနက်အရုဏ်မတက်ခင် ၄ နာရီမထိုးခင် ပတ္တမြားမျက်ရှင်ဘုရားကို သူငယ်ချင်းတစ်စုနဲ့ဦးဦးဖျားဖျား ဆွမ်းတက်ကပ်ကြပါတယ် ။)
ဦးကိုကိုလေးက ဆက်ပြီး
( အဲဒီတုန်းက အထက်ပစ္စယံကို ခုလို လွယ်လွယ်ကူကူ တက်နိုင်ဖို့ လှေခါးမရှိသေးဘူး ၊ ဘုရားရဲ့ ပစ္စယံတွေကနေ တွယ်ပြီးတက်မှ အထက်ပစ္စယံကို ရောက်နိုင်ပါတယ်။
ကျွန်တော်တို့ သူငယ်ချင်းတစ်စုလည်း ဆွမ်းဦးချင်တဲ့စိတ်နဲ့ တွယ်တက်ပြီး ဆွမ်းတက်ကပ်တော့ လားလားကျွန်တော်တို့ထက် ဦးပြီး ဆွမ်းကပ်သွားပြီးပြီဗျ ။ )
ဦးကိုကိုလေးက….
ကန်တော့ထိုးပြီး ဆွမ်းချည်းသက်သက် အငွေ့တထောင်းထောင်းနဲ့ ဘယ်လို ပုဂ္ဂိုလ်မျိုးက တက်ပြီး ကပ်သွားသလည်းတော့ မပြောတတ်တော့ပါဘူး ။
အထက်ပစ္စယံ တစ်ဝိုက်မှာ ရှာကြည့်တော့လည်း တစ်စုံတစ်ယောက်မှ မတွေ့ရဘူး မဆန်းပေဘူးလားဗျာ ။)
ရွှေတိဂုံစေတီမှ အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင် တဝဂူ ဆုတောင်းပြည့်ဘုရားနှင့်ပတ်သက်၍ ကံအကြောင်းတရား အပ်စပ်၍ အမျိုးမျိုးသော ဆန်းကြယ်မှုများကို ကိုယ်တွေ့ကြုံဖူးသူများ ရှိကြမည်ဖြစ်ပါသည် ။
ဤ စာစုအား ဖတ်ပြီးကြသော အမျိုးကောင်းသား အပေါင်းတို့၏ ကိုယ်တွေ့ထူးခြားဖြစ်စဉ်များကို အောက်မှာ နှောင်းလူများ သိရှိအံဩကြစေရန် ဓမ္မဒါန အဖြစ် ရေးသားပေးကြပါရန် တောင်းဆိုလိုက်ရပါသည် ။
Unicode
ဆွွမ်းမဦးသော ပတ္တမြားမျက်ရှှင်ဘုရား.
ရွှေတိဂုံစေတီတော်၏ အထက်ပစ္စယံတွင်် ပတ္တမြားမျက်ရှင်ဘုရား ရှိပါသည်။ တချို့ကလည််း တဝဂူ ဆုတောင်းပြည့်စေတီဟုု ခေါ်ကြပါသည်။
ဤဘုရားသည် အမျိုးသားများသာတက်ရောက် ဖူးမျှော်ခွင့်ရပါသည်။ အမျိုးသမီးများ တက်ရောက်ဖူးမျှော်ခွင့် မရနို်င်သောဘုရားဟု ဆိုလျှင် မှားမည်မဟုတ်ပါ။
တဝဂူဆုတောင်းပြည့်ဘုရားဟု ခေါ်ဆိုထိိုက် လောက်အောင်ပင် အလွန်ဆုတောင်းပြည့်လွန်း သဖြင့် လူတိုင်း အလွယ်တကူ မတွေ့မြင်နိုင်အောင် လူသူအရောက်အပေါက် နည်းပါးသည့်
အထက်ပစ္စယံံနေရာတွင်် လျှို့ဝှက်ပြီး တည်ထားခဲ့သည်ဟု ပြောစမှတ် ပြုကြသည်။
ရှေးယခင် ဘုရင်များလက်ထက်က ရွှေတိဂုံသည် မွန်တိိုင်းဌာနေတွင် တည်ရှိသောကြောင့် မွန်ဘုရင်များအဆက်ဆက်တွင် နန်းရပ်ထီးဖြူ လုယူမှုများ ရှိိကြကုန်၏။
ထိိုပုုန်ကန်ခြားနား နန်းလုပွဲများ မှာလည်း များသောအားဖြင့် အောင်မြင်ကြသည်သာ များလေ၏။
အကြောင်းရင်းကို ရှာသော််မွွန် မင်းသားငယ်များသည် နန်းလုပွဲ အောင်မြင်ရန် ထူးဆန်းသော အစီအရင်များဖြင့် အထက်ပစ္စယံမှှပတ္တမြားမျက်ရှင်ဘုရား အထံတော်၌ သစ္စာပြုကာ တိိုင်တည် ဆုတောင်းကြလေကုန်၏ ။
ထိိုသောအခါ အစီအရင်တိုင်း အောင်မြင်လေကုန်၏ ။ ထိုအကြောင်းကို သိလေသောအခါ ဘုရင့်အမိန့်ဖြင့် ပတ္တမြားမျက်ရှှင်ဘုရားပေါ်သိို့ နန်းတွင်းမှ
မင်းညီမင်းသားများအား တက်ရောက် ဖူးမျှော်ခွင့်ကို ပိိတ်ပင်လိုက်လေ၏ ။ ဤမျှ ဆုတောင်းပြည့်လေ၏ ။
ပတ္တမြားမျက်ရှင်ဘုရား၏ အံ့ဖွယ်ဖြစ်ရပ်် တစ်ခုုမှာကား ဆွမ်းမဦးခြင်း ဖြစ်လေ၏ ။ မြန်မာနိိူင်ငံ အရပ်ရပ်က ဘုရားများတွင်လည်း ဆွမ်းမဦးသော ဘုရားများ ရှိကြပါ၏ ။
ပတ္တမြားမျက်ရှှင်ဘုုရား ဆွမ်းမဦးပုံကိိုသုုတေသီမြင့်ထွန်း၏ ရွှေတိဂုံစေတီမှ အံဖွယ်များစာအုုပ်မှာ ဤသို့ရေးထားလေ၏ ။
ကျွန်ု်ပ်သည် လွန်ခဲ့သော အနှစ် ၂၀ ကျော်က ရန်ကုန်မြို့နေ ဓမ္မမိတ်ဆွေကြီး ဦးကိုကိုလေးနှင့်် ရွှေတိဂုံစေတီတော်ကြီးမှ ထူးခြားဖွယ်များကိို စကားစပ်မိိကြလေ၏ ။
ဦးကိိုကိုလေးက ( ရွှေတိဂုံစေတီ အထက်် ပစ္စယံံမှာရှိတဲ့ ပတ္တမြားမျက်ရှင်ဘုရားနဲ့ ပက်သက်လို့ ကိိုယ်တွေ့တစ်ခု ရှိတယ်ဗျ ။ )
( တချိိန်က အင်္ဂလိပ်လက်ထက်် ကျွန်တော်က စိန်ဂျွန်းကျောင်းမှာ ၉ တန််းကျောင်းသားပေါ့ဗျာ… ကျွန်တော်တို့ စိိန်ဂျွန်းကျောင်းသားတွေဟာ တန်ဆောင်မုန်း
လပြည့်နေ့တိိုင်း ရွှေတိဂုံ ရင်ပြင်တော် ရာဟုထောင့် သံတန်ဆောင်း အတွင်းက ဘုရားကြီးမှာ ဆွမ်းတော်တင်လေ့ ရှိပါတယ်။
ဒီီနေရာမှာ ကျွန်တော်ငယ်ငယ်ကတည်းက မိိဘများနဲ့ ရှေးလူကြီးသူမများ ပြောစကားအရ ရွှေတိိဂုံစေတီ ပတ္တမြားမျက်ရှင်ဘုရား ဆွမ်းဦးတယ်် ဆိုတဲ့ စကားကြားဖူးနေတော့
ကျွန်တော်တိို့ စိန်ဂျွန်းကျောင်းသားတွေဟာ သူငယ်ချင်းတစ်စု တိုင်ပင်ပြီး ပတ္တမြားမျက်ရှင်် တဝဂူ ဆုတောင်းပြည့်ဘုရားကို ဆွမ်းဦးအောင််
ကပ်ကြမယ်လိို့ စီစဉ်ကာ ချက်ပြုတ်ဖို့ လေမီးဖိုနဲ့ ဆွမ်းဆန်စိိမ်း သစ်သီးဝလံ မုန့်များ ယူပြီး တစ်ညလုံး မအိပ်ဘဲ ရွှေတိဂုံကုန်းတော်မှာ စောင့်ခဲ့ကြတယ်။ )
ဒါနဲ့ ဘယ်လိုဖြစ်သလည်းဗျာ ။
( အင်း…ညဉ့်နက်ကျော်လာလို့ မနက် ၃နာရီမှာ လေမီးဖိုနဲ့ ဆွမ်းထချက်ပြီး သစ်သီးဝလံတွေ ခွဲစိိတ် ရေဆေးပြီး နံံနက်အရုဏ်မတက်ခင် ၄ နာရီမထိုးခင် ပတ္တမြားမျက်ရှင်ဘုရားကို သူငယ်ချင်းတစ်စုနဲ့ဦးဦးဖျားဖျား ဆွမ်းတက်ကပ်ကြပါတယ် ။)
ဦးကိုကိုလေးက ဆက်ပြီး
( အဲဒီတုန်းက အထက်ပစ္စယံကိို ခုုလို လွယ်လွယ်ကူကူ တက်နိူင်ဖို့ လှေခါးမရှိသေးဘူး ၊ ဘုရားရဲ့ ပစ္စယံတွေကနေ တွယ်ပြီးတက်မှ အထက်ပစ္စယံကို် ရောက်နိူင်ပါတယ်။
ကျွန်တော်တို့ သူငယ်ချင်းတစ်စုလည်း ဆွမ်းဦးချင်တဲ့စိိတ်နဲ့ တွယ်တက်ပြီး ဆွမ်းတက်ကပ်တော့ လားလားကျွန်တော်တို့ထက်် ဦးပြီး ဆွမ်းကပ်သွားပြီးပြီဗျ ။ )
ဘယ်လိုဖြစ်ရတာတုန်းဗျ။
ဦးကိုကိုလေးက….
( ဟုတ်တယ်ဗျ…ကျွန်တော်တို့ ကပ်တဲ့ ဆွမ်းက ကြွွေပန်းကန်ပြားနဲ့ဗျ ။ ကျွန်တော်တို့ထက် ဦးပြီး ကပ်သွားတဲ့ ဆွမ်းက ငှက်ပျောဖက်ကို
ကန််တော့ထိုးပြီး ဆွမ်းချည်းသက်သက်် အငွေ့တထောင်းထောင်းနဲ့ ဘယ်လိို ပုဂ္ဂိိုလ်မျိုးက တက်ပြီး ကပ်သွားသလည်းတော့ မပြောတတ်တော့ပါဘူး ။
အထက်ပစ္စယံံ တစ်ဝိုက်မှာ ရှာကြည့်တော့လည်း တစ်စုံတစ်ယောက်မှ မတွေ့ရဘူး မဆန်းပေဘူးလားဗျာ ။)
( ဤကား သုတေသီမြင့်ထွန်း၏ ရွှေတိဂုံစေတီမှ အံ့ဖွယ်ဖြစ်ရပ် များ စာအုပ်မှ ကိုးကားပါသည်။)
ရွှေတိိဂုံစေတီမှ အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင် တဝဂူ ဆုတောင်းပြည့်ဘုရားနှင့်ပတ်သက်၍ ကံအကြောင်းတရား အပ်စပ်၍ အမျိုးမျိုးသော ဆန်းကြယ်မှုများကို ကို်ယ်တွေ့ကြုံဖူးသူများ ရှိကြမည်ဖြစ်ပါသည် ။
ဤ စာစုအား ဖတ်ပြီးကြသော အမျိုးကောင်းသား အပေါင်းတိို့၏ ကိုယ်တွေ့ထူးခြားဖြစ်စဉ်များကိို အောက်မှာ နှောင်းလူများ သိရှိိအံဩကြစေရန် ဓမ္မဒါန အဖြစ် ရေးသားပေးကြပါရန် တောင်းဆိုလိုက်ရပါသည် ။
ကြည်ညိုဖွယ်ရာစေတီပုထိုးများ
WP2Social Auto Publish Powered By : XYZScripts.com
Close