Dhamma

”လူဉီးရေသုံးသိန်းနီးပါး တက်ရောက်ခဲ့တဲ့ ရန်ကုန်ကကမ္ဘာ့အကြီးဆုံးတရားပွဲမှာဟောခဲ့တဲ့ သီတဂူဆရာတော် ဘုရားကြီးရဲ့ တရားမြတ်”

ရန်ကုန်မြို့မှာ နှစ်သစ်ကူးတရားပွဲ ကျင်းပနေတာ ပရိသတ်ကြီးတို့လည်း သိကြမှာပါ…. ကျင်းပတဲ့နေ့တိုင်းမှာ ပရိသတ်သိန်းချီတက်ရောက်တာဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး တရားပွဲလို့လည်း ဆိုနိုင်ပါတယ်….

ယနေ့ည ဇန်နဝါရီ ၃ ရက်နေ့မှာလည်း တရားနာသူ ပရိသတ် ၂ သိန်း ၆ သောင်းကျော်နဲ့ တရားဓမ္မသဘင်ကို ကျင်းပနိုင်ခဲ့ပါတယ်…

ယနေ့တရားပွဲမှာ သီတဂူဆရာတော်ဘုရားကြီးက တရားတော်ချီးမြှင့်ခဲ့တာ ဖြစ်ပြီး ပရိသတ်တွေ နာယူနိုင်ဖို့ တရားတော်အကျဉ်းချုပ်ကို အောက်ပါအတိုင်း ပြန်လည် ဖော်ပြအပ်ပါတယ်….

“မြတ်စွာဘုရားရှင်မှ ဂေါသိန္ဃ ဥယျာဉ်ကြီးအတွင်းသီတင်းသုံးနေထိုင်ကြကုန်သောရဟန္တာအရှင်မြတ်ကြီး သုံးပါးတို့အား မေးခွန်း(5)မျိုးတို့ဖြင့်မေးမြန်းခြင်း

Advertisements

(1) အရှင်မြတ်တို့ ညီညီညွတ်ညွတ် နေထိုင်ကြရဲ့လား…(2) ဝမ်းမြောက်ဝမ်းသာ နေထိုင်ကြရဲ့လား…(3) ငြင်းခုံခြင်းမရှိ ရွှင်ရွှင်ပြုံးပြုံး နေထိုင်ကြရဲ့လား…(4) ရောရောနှောနှော နေထိုင်ကြရဲ့လား…

(နို့နဲ့ရေရောသလို) (ဆီနဲ့ရေရောသလိုမဟုတ်)…(5)ချစ်ခင်သောမျက်လုံးအစုံတို့ဖြင့် ကြည့်နိုင်ကြရဲ့လား..(အမေကတစ်ဦးတည်းသောသားအားကြည့်သလို)…

ရဟန္တာအရှင်မြတ်တို့ရဲ့အဖြေကတော့..(1) မှန်လှပါ ဒီအရှင်မြတ်နှစ်ပါးနဲ့နေရတာ ကံကောင်းလှပါဘိ အရတော်လှပါဘိ…

(2) မျက်မှောက်ရော မျက်ကွယ်မှာပါ…မေတ္တာ ကာယကံ…မေတ္တာ ဝဇီကံ…မေတ္တာ မနောကံ တို့ဖြင့်နေထိုင်ကြပါ၏…(3) မိမိရဲ့စိတ်ဆန္ဒကိုရှေ့တန်းမတင် လျှော့ထားပါ၏..

Advertisements

(4) ကိုယ်ကာယအားဖြင့်တစ်ကိုယ်စီပေမဲ့တစ်စိတ်ထဲထား နေကြပါ၏…(5) ငါးရက်တစ်ကြိမ် တရားဟောတရားနာကျင်းပကြပါ၏…

ဒီဥယျာဉ်ကြီးလှပနေသည်မှာ ညီညွတ်တဲ့စိတ်ထားနဲ့အလှဆင်ထားခြင်းကြောင့်သာ သာယာလှပနေခြင်း…..ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းတိုင်းရင်းသား ညီအစ်ကိုမောင်နှမတို့တွေနို့နဲ့ရေနဲ့ရောသလို ရောရောနှောနှောနေကြဖို့နို့နဲ့ရေကို ရောနှောပြီး ခွဲခြားမရသလိုတယောက်နဲ့တယောက်မုဆိုးကြည့်မကြည့်ပဲချစ်သော မျက်စိနဲ့ကြည့်ကြဖို့ငြိမ်သက်စွာနေနိုင်ကြပါစေ အဖွဲ့တွေအချင်းချင်းငြင်းခုန်မနေကြပဲ ဝမ်းမြောက်ဝမ်းသာအတူတကွနေနိုင်ကြစေဖို့…

မာတာမိခင်က မွေးသောရင်သွေးကို အသက်ပေးပြီးကာကွယ်နေသလို တနိုင်ငံလုံး နိုင်ငံသားတွေအပေါ်မှာမိခင်စိတ်နဲ့တူသော မေတ္တာများဖြင့် အုပ်ချုပ်သူတွေကမေတ္တာဓာတ်ထားနိုင်ကြရမည်တဲ့…

တစ်ဦးနဲ့တစ်ဦး တွေ့ရင်းကောင်းတာလေးပြောပြီး ကွယ်ရာကျရင်လည်း အတင်းမပြောမလုပ်ကြပါနဲ့တဲ့…မိမိတို့ရဲ့စိတ်မူတွေ အယူအဆတွေ လျော့ချထားရမည်အတူနေသူတွေ တစ်ဦးအလိုတစ်ဦးအလိုကျနေပေးရမည်…

စားပွဲထိုင်လိုက်တာနဲ့သူများပြောတာကိုနားထောင်ဖို့စဉ်းစားထားကြ….ကိုယ်ဆန္ဒဘယ်တော့မှ ရှေ့တန်းမတင်နဲ့ကိုယ်ကာယက သုံးကိုယ်ဖြစ်ပေမဲ့စိတ်ကတော့ တစ်စိတ်ထဲနေရမည်တဲ့…ညီညွတ်စွာအတူနေကြရမည်…ဟောပြောပွဲ ဆွေးနွေးပွဲတွေခဏခဏလုပ်ရမည်.ဟု တရားဖြင့် ဆုံးမဟောကြားသွားပါတယ်…”

ဒါကတော့ သီတဂူဆရာတော်ဘုရားကြီးက လူသိန်းချီတက်ရောက်တဲ့ ဓမ္မသဘင်မှာ ဟောပြောသွားတာဖြစ်ပါတယ်…မနာယူလိုက်ရတဲ့ ပရိသတ်ကြီးတို့ နာယူနိုင်အောင် ပြန်လည်မျှဝေလိုက်ရပါတယ်နော်…

Writer ; Kwee (Jeeptoolay)

Source ; Htun Htet Nyi

WP2Social Auto Publish Powered By : XYZScripts.com
Close