Dhamma

မင်းပြစ် မင်းဒဏ် လွတ်မြောက်စေသည် ဆိုသော ဆွမ်းဦး ပုညရှင်စေတီတော်၏ ထူးခြားအံ့ဖွယ် (၁၄) ပါး

၁ ။ ဘုရားပွဲတော်ကျင်းပတိုင်း ပရိတ်သတ်မည်မျှပင် လာရောက်ကြသူ များပြားစေကာမူ စေတီရင်ပြင်သည် အမြဲဝင်ဆန့် ကျယ်ဝန်းနေခြင်း ။ ၂ ။ စစ်ကိုင်းတောင်ရိုး ဝါတွင်းဘုရားပွဲစဉ် ( ၁၄ )ပွဲတွင် ဝါဆိုလပြည့်နေ့၌ ဆွမ်းဦးပုညရှင်စေတီကို စတင်ဆင်ယင်ပြုလုပ်ရခြင်း ။ ထိုသို့ မဟုတ်လျှင် စီစဉ်သူများအား တစ်ခုခုထူးခြားချက်များ အသိပေးခံရခြင်း ။ (ဆွမ်းပွဲများ ဦးစွာ ဆက်ကပ်လှူရသောကြောင့် ဆွမ်းဦးပုညရှင်ဟု ခေါ်ကြောင်း သိရသည် ) ။ ၃ ။ စစ်ကိုင်းတောင်ရိုးတဝိုက်၌ မိုးရာသီအစတွင် ဖြစ်စေ ၊ အခါမဲ့ မိုးရွာသွန်းခါနီးတွင် ဖြစ်စေ ၊ ပုညရှင်စေတီ၏ အောက်အတွင်းမှ ကျောက်ငဖားအော်သံကို လှိုဏ်ထ၍ အမြဲကြားရခြင်း ။ ၄ ။ ပုညရှင်စေတီ ကျောင်း ၊ ကန် ၊ ဘုရား ရည်စူး၍ လှူဒါန်းရန် အဓိဋ္ဌာန်ပြု ငွေစုသောအခါ မမျှော်လင့်သောနေရာမှ ငွေကြေးများ ၀င်လာတ တ်ခြင်း ။

၅ ။ မြေငလျင်လှူပ်ခါနီးတွင်ဖြစ်စေ ၊ ဘုရားပြို ပျက်ခါနီးတွင် ဖြစ်စေ ၊ ကျောင်း ၊ ကန် ၊ တန်ဆောင်းများ မီးဘေးသင့်ခါနီးတွင် ဖြစ်စေ ၊ ၃ – ညတိုင်တိုင် ကျီးပြို ခြင်း ။ ကျီးပြိုပြီး နောက်တစ်နေ့ နံနက်၌ ကျီးများ ထူးကဲစွာ စေတီတော်လုံးပြည့် လာရောက်နားခိုကြသဖြင့် မည်းနက်သွားအောင် စေတီတော်ကို ဖုံးလွှမ်းထားခြင်း ။ ၆ ။ လပြည့်ပြီး အရုဏ်တက်သည်နှင့် လူတို့ထက်ဦးစွာ နတ်များ ဆွမ်းဦးကပ်လှူပြီး ဖြစ်နေလေ့ရှိခြင်း ၊ ဆွမ်းဦးကပ်လှူပြီးသည်နှင့် သိုက်မောင်းထုသံ ကိုးချက်တိတိ ကြားရခြင်း ။

၇ ။ မင်းပြစ် မင်းဒဏ်သင့်သူများ န၀င်္ဂသီလဆောက်တည်၍ ပုညရှင်စေတီတွင် အဓိဋ္ဌာန်ကိုးရက်ဝင်လျှင် မင်းပြစ် မင်းဒဏ်မှ လွတ်မြောက်ခြင်း ။ ၈ ။ သင်္ဘောသားများ ပင်လယ်ရပ်ခြား ရေကြောင်းအမှုထမ်း မသွားမီ သွားရောက်ဖူးမျှော် ရှိခိုးပူဇော်သော် ဥပစ္ဆေကကံမှ ကင်းလွတ်ခြင်း ။ ၉ ။ မင်းမှုထမ်းများ လပြည့်ကျော်သုံးရက် အရုဏ်တက်ချိန်တွင် ဆွမ်း၊ ပန်း ၊ ရေချမ်း ၊ ဆီမီးတို့ဖြင့် မွေးနေ့ မွေးနံမှ ဆက်ကပ်လှူဒါန်းပါလျှင် မင်းချီးမြင့် မြောက်စားခံရခြင်း ။

Advertisements

၁၀ ။ ဘုရားရှင်ကိုယ်တော်မြတ်၏ မျက်ကွင်းတော်ဓာတ် တန်ခိုးတေဇော် အာနုဘော်တော်အားကြောင့် ရက်ရှည်ဥပုသ်ဝင်လာလျှင် မနောအမြင် မနောအသိရခြင်း ၊ စက္ခု အမြင် စက္ခု အသိ ထူးကဲလာခြင်း ။ ၁၁ ။ တိုင်းပြည်မြို့ရွာပျက်ခြင်း ၊ ဘာသာ သာသနာဘေးဒုက္ခအန္တရာယ်ကြုံ ခြင်း ၊ မင်းပြောင်းမင်းလွဲဖြစ်ခြင်း စသော ကိစ္စများ ပေါ်ပေါက်လာသော် ကြိုတင်၍ စေတီတော်မှ နီရဲညိုမောင်းသော ရောင်ခြည်တော် ကွန့်မြူး ပြာဋိဟာထူး၍ ပြခြင်း ။ (သာဓကအားဖြင့် ပင်းယ စစ်ကိုင်း ပျက်ခါနီးတွင် တစ်ကြိမ် ၊ သိုဟန်ဘွား သာသနာဖျက်ခါနီးတွင် တစ်ကြိမ် ) ။၁၂ ။ မင်းသက်ကုန်ခါနီးတွင်ဖြစ်စေ ၊ မင်းဆက်ပြတ်ခါနီး၌ ဖြစ်စေ ၊ ပုညရှင်စေတီတော်ရှိ တနင်္ဂနွေဂြိုဟ်တိုင်မှ စ၍ ဂြိုဟ်ကြီး ရှစ်ခွင် အစဉ်အတိုင်း ဆွမ်း ပန်း ရေချမ်းတင်၍ အဓိဋ္ဌာန်ဝင်ကာ တနင်္ဂနွေဂြိုဟ်တိုင်တွင် မွန်းမတည့်မီ ပြန်ဝင်ရခြင်းဖြင့် ပြန်လည်၍ အောင်လံထူ ရွှေထီးကိုင်နိုင်ခြင်း ။ ၁၃ ။ ထူးခြားသော ပုဂ္ဂိုလ်ထူး ပုဂဂိုလ်မြတ် ၊ သံဃာထူး သံဃာမြတ်များ စခန်းဝင် ပြီးမြောက်ခါနီး၌ ကျောက်ငဖား ကိုးချက် အော်သံကြား၍ သိုက်မောင်းထုသံ ကိုးချက်ကြားရပြီးနောက် အခါမဲ့မိုးကြီး ရွာခြင်း ။ ၁၄ ။ စစ်ကိုင်းတောင်ရိုး ငဖားတောင်မှ ပညာရှင် သိဒ္ဓိရှင် သာသနာပြု ပုဂ္ဂိုလ်များ သမထစခန်းအောင်မြင် ထွက်ရာလမ်းစဉ်ပြီးမြောက်၍ ခရီးပေါက်သောအခါ၌၄င်း ၊ ဝိပဿ နာပြီးမြောက် မဂ်ခေမာလမ်း ကြွလှမ်းသွားရောက်သောအခါ၌၄င်း ၊ ဖြူ ဖွေးတောက်ပသည့် ရောင်ခြည်တော်ကွန့်မြူး တန်ခိုးတော်ထူးခြားစွာ ထီးတော်မှ ပြသခြင်း ကျွန်တော်တို့ငယ်ငယ်က စစ်ကိုင်းတံတားကြီးပေါ်ကို ကားနဲ့ဖြတ်ခဲ့ရတဲ့ အချိန်တိုင်း တံတားပေါ် က မြင်ရတဲ့ စစ်ကိုင်းတောင်အလှ၊ ဧရာကမ်းခြေနဲ့ တောင်ပေါ်ကဘုရား စေတီရှုခင်းအလှတွေဟာ ကြည့်လို့မဝအောင် စွဲစွဲလန်းလန်း ဖြစ်ခဲ့ရ ပါ တယ် ။

ဒီလိုမြင်ကွင်းမျိုးကလည်း အဲဒီ အချိန်ကာလတုန်းက ဘယ်နေရာမှ မရှိခဲ့သလို ဧရာဝတီမြစ်ကူးတံတား ဆိုတာကလည်း ဒီတစ်စင်းပဲ ရှိခဲ့တာမို့လား မှန်းချွေ မေအလှမှူးရယ် အလွမ်းတွေ ပြေပါဘူးကွယ် ကမ်းခြေဇေယျာဦးဝယ် တဲ့ ဆရာမြတ်လင်းသူဆောင်းပါးထဲက ဒီသီချင်းကလေးအကြောင်းရေး ထားတာ ဖတ်မိပြန်တော့ … မဆုံဆည်းခဲ့ရှာတဲ့ ချစ်သူနှစ်ဦးရဲ့ဘဝကို သနားဂရုဏာသကမြိပါတယ်စစ်ကိုင်း(ဇေယျာ)သူကလေးနဲ့ တခဏတာတွေ့ဆုံလို့ စစ်ကိုင်း တောင်ပေါ်က ဘုရားတွေ အတူဖူးခဲ့ ကြပုံ ..ဧရာမြစ်ဆိပ်မှာ နှစ်သိမ့်စရာ စကားတွေ ဖောင်ဖွဲ့ခဲ့ကြပုံ .. ဆွမ်း ဦးပုညရှင်စေတီခြေရင်းမှာ ဆွမ်းအ တူကပ်ရင်း ကြည်နူးခဲ့ရပုံ မဆုံ ဆည်းခဲ့လေသော ဘဝမှာ ပြန်လည် တမ်းတ သတိရပုံလေးကို ရေးဖွဲ့ သီကုံးထားတဲ့ သီချင်းလေးမို့တံတားပေါ် ဖြတ်တိုင်း တိုးတိုးလေး ဆိုငြီးမိတာ အမှန်ပါ စစ်ကိုင်းတောင်ရဲ့ အမြင့်ဆုံးနေရာ က ဆွမ်းဦးပုညရှင်ဘုရားကို ကြည် ညိုမိလေတိုင်းမှာလည်း ဒီဘုရားကို ဆွမ်းဦးကပ်တဲ့သူဟာ ဘယ်သူလဲလို့ ကလေးဘဝကတည်းက စိတ်ဝင် စားခဲ့မိပါတယ် ဒီဘုရားကို ဘယ်သူတည်ခဲ့တာလဲ ၊ ဘယ်လိုထူး ခြားမှုတွေ ရှိလဲ ၊သူ့ရဲ့ အံ့ဖွယ်တွေ က ဘာတွေလည်းဆိုတာ အရမ်းကို သိချင်ခဲ့မိပါတယ်စိတ်ဝင်စားတဲ့ လူငယ် လူရွယ်လေးတွေအတွက် ဗဟုသုတ ရအောင် မျှဝေပေးလိုက်ပါရစေ လပြည့်နေ့တိုင်း အရုဏ်တတ်ချိန်မှာ လူထက် နတ်များက ဆွမ်းဦး ကပ်လှူပြီး ဖြစ်နေလေ့ ရှိခြင်း ဆွမ်းဦးကပ်ပြီးသည်နှင့်သိုက်မောင်း ထုသံ ၉ ချက်တိတိ ကြားရခြင်း။ (စစ်ကိုင်းမင်း အသင်္ခယာစောယွမ်း ကိုယ်တိုင် ဆွမ်းဦးကပ်မရလို့ အံ့သြ ကြည်ညိုစွာနဲ့ ပုညရှင်ဘုရားကနေ ပြီး ဆွမ်းဦးပုညရှင် ခေါ်တွင်ခဲ့ ပါတယ် ။) ”

မင်းပြစ်မင်းဒဏ်သင့်သူများ နဝင်္ဂင်္သီလ ဆောက်တည်ပြီး ပုညရှင်စေ တီမှာ အဓိဌာန် ၉ ရက် ဝင်လျှင် မင်းပြစ်မင်းဒဏ် မသင့်ခြင်း ပင်လယ်ရပ်ခြား တာဝန်ထမ်းဆောင်မည့်သူများ၊သင်္ဘောသားများ သွားရောက်ဖူးမျှော် ရှိခိုးပူဇော်ပါက ဥပစ္ဆေဒက ကံက လွတ်ကင်းခြင်း မင်းမှုထမ်းများ လပြည့်ကျော်၃ရက် အရုဏ်တတ်တွင် ဆွမ်း ပန်း ရေချမ်း ဆီမီးတို့နဲ့ မွေးနေ့ မွေးနံက ဆက်ကပ် လှူဌာန်းပါက မင်းချီး မြှင့်မြှောက်စားခံရခြင်း၊ရာထူးတိုး ခြင်း၊မျက်မူသော မင်းပင်ဖြစ်လင့်ကစား မင်းမာန်ပြေ၍ ပြန်လည်ချီး မြှင့် မြှောက်စားခြင်း ဘုရားရှင်ရဲ့ မျက်ကွင်းတော်ဓါတ် ဌာပနာထားသည့်အတွက် ရက်ရှည် ဥပုသ် ဝင်ပါက မနောအမြင် မနော အသိရခြင်း၊စက္ခုအမြင် စက္ခုအသိ ထူးကဲလာခြင်း တဲ့ ဘုရားဒကာကတော့ ပင်းယ နဲ့ စစ်ကိုင်းနေပြည်တော်တို့ရဲ့ ပညာရှိ သက်တော်ရှည်အမတ်ကြီး ဦးပုည ဖြစ်ပါတယ် ။’ သောနဲ့ သတ္တ စတုချ ပုညစေတီတော် ‘ ဆိုတဲ့အတိုင်း သက္ကရာဇ်၆၇၄ ခုနှစ်မှာ တည်ထားခဲ့တဲ့ စေတီဖြစ်ပါတယ်ပုညအမတ်ဟာ ပင်းယတစ်စီးရှင်သီဟသူနဲ့ နောင်အခါ စစ် ကိုင်းမြို့တည် အသင်္ခယာစောယွန်း တို့ရဲ့ သေနာပတိ အမတ်ကြီး ဖြစ်ပါ တယ် ပုညရှင်စေတီဟာ ငဖားတောင် အမည်ရှိတဲ့ တောင်ကုန်းပေါ်မှာ တည်ရှိပါတယ်။ ဘုရားရှင် ယုန်မင်း ဘဝက နေခဲ့တဲ့ တောင်တော် ဖြစ်ပါ တယ်။ဘုရားသမိုင်းလေးကို အကျဉ်းချုပ် ပြီး တင်ပြရရင်

Advertisements

ရှမ်းညီနောင်သုံးဦးထဲက အငယ် ဆုံးဖြစ်တဲ့ သီဟသူဟာ ပင်းယထီး နန်းကိုတည်ခဲ့ချိန်မှာ နန်းတွင်းထုံး တမ်း အစဉ်အလာကို မသိတော့ပုဂံက မိဖုရားကြီး ဖွားစောက အကူအညီပေးတယ်လို့ တခါက ရေးထဲ့ဖူးပါတယ် သီဟသူ ဘိသိတ်ခံပြီးချိန်မှာ ခစားကြတဲ့မှူးမတ်တွေ ပေါများတာကြောင့် … ဘုန်းတန်ခိုး ကြီးပါပေတယ်လို့ မိဖုရားကြီး ဖွား စောက ချီးမွမ်းပြီး ပုဂံပြည်အနော် ရထာလက်ထက်က စပြီး ကိုးကွယ် ခဲ့တဲ့ ဘုရားရှင်ဓါတ်တော် ခုနှစ်ဆူ ကိန်းဝပ်တဲ့ ကွမ်းအစ်တော်ကို လက်ဆောင်ပေးအပ်ခဲ့ပါတယ် ရွှေကွမ်း အစ်တော် ဖြစ်ပါတယ်။ ( သီဟိုဘုရင်က ဆက်သကြောင်း၊ကျေးကုလားတွေက လုပ်ကြံရန်ဆက်သကြောင်း မူကွဲတွေ ရှိပေမယ့် အဲဒီအချိန်မှာ ဘုရင်သီဟသူဟာ တိုင်းတပါးဘုရင်တွေက လက် ဆောင် ဆက်သခံရအောင် ဘုန်းတံ ခိုး မကြီးသေးပါဘူး ဘုရင်သီဟသူက ကွမ်းအစ်တော်နဲ့ ကွမ်းစားတဲ့အခါ တစ်ကိုယ်လုံး ယားယံတဲ့အတွက် ပန်းတိမ်သည် ငစိန်သင်ကို ခေါ်ယူပြီး ရွှေကွမ်းအစ်ကို ဖျက်ဆီးစေခဲ့ပါတယ် ဓါတ်တော် ခုနှစ်ဆူကို ထုတ်ယူစေ ခဲ့ပါတယ်။ငစိန်သင် ကံဆိုးတာက ဓါတ်တော် နှစ်ဆူဟာ ပေပေါ်တင် ပြီး ထုခွာစဉ်ကတည်းက ပေထဲကို တစ်ဆူ၊တူထဲကို တစ်ဆူ ဝင်သွား တာ ဘယ်သူမှ မသိလိုက်ပါဘူးရင်သီဟသူကို ဓါတ်တော်ငါး ဆူပဲ ဆက်သနိုင်တဲ့အတွက် ပန်းထိမ် သည်ငစိန်သင်ဟာ မင်းပြစ်မင်းဒဏ် သင့်မှာကို ကြောက်လန့်ပြီး ညတွင်းချင်း စစ်ကိုင်းဖက်ကို လှေနဲ့ကူးပြီးထွက်ပြေးပါတယ် သူနဲ့အတူ’တူနဲ့ ပေ’ကို ပိုက်ပြီး ထွက်ပြေးခဲ့တာပါ။ နတ်တွေက လှေသမားအယောင် ဆောင်ပြီး စစ်ကိုင်းဖက် ပို့ခဲ့တယ်လို့ ဖတ်ခဲ့ရဖူးပါတယ် ဒါကလည်း ဒီဓါတ်တော်နှစ်ဆူဟာ စစ်ကိုင်း တောင်ရိုးက ပုညရှင်ဘုရားမှာပဲ ကိန်းဝပ်လိုလို့ ဖြစ်ပါလိမ့်မယ် … ။ ဓါတ်တော်ငါးဆူကို ပင်းယရွှေစည်း ခုံဘုရားမှာ သီဟသူမင်းက ဌာပနာ ထားခဲ့ပါတယ် ။

ဓါတ်တော် နှစ်ဆူ ပျောက်လို့ ပန်းထိမ်သည် ငစိန်သင် ကို ဖမ်းဆည်းမေးမြန်းစစ်ဆေးစေ ခဲ့ပါတယ် ပန်းထိမ်ငစိန်သင်ဟာ စစ်ကိုင်း မင်းဖြစ်လာမယ့် အသင်္ခယာစော ယွမ်းထံ တစ်လှည့်ခစားနေတဲ့ ပညာ ရှိအမတ်ကြီး ဦးပုညထံ ဝင်ရောက် ခစားပုန်းခိုခဲ့ပါတယ် ညအချိန်မှာ ငစိန်သင်ဆီပါလာတဲ့ တူနဲ့ ပေထဲက ရောင်ခြည်တော်တွေ ကွန့်မြူးခဲ့တာ ကို အမတ်ကြီး ဦးပုည တွေ့ရှိသွား ခဲ့ပါတယ်။ ဓါတ်တော် နှစ်ဆူကို ငစိန်သင်ဆီက တရားသဖြင့် ရယူ ခဲ့ပြီး ဘုရားတည်ဖို့ ဆုံးဖြတ်ခဲ့ပါ တယ် လက်ရှိပုညရှင်တောင်ပေါ်မှာ သီရိဓမ္မာသောကမင်းကြီးတည်ထား ခဲ့တဲ့ နှစ်တောင်ထွာခန့်ရှိ ဘုရားတစ် ဆူနဲ့ ပတူးသင်္ဃရာဇာတည်ခဲ့တဲ့ နှစ် တောင်ထွာခန့်ရှိ ဘုရားတစ်ဆူကြား မှာ ဓါတ်တော်နှစ်ဆူကို ဌာပနာလို့ အဲဒီဘုရားနှစ်ဆူကို ငုံပြီး ဘုရား တည်ခဲ့ပါတယ် အဲဒီဘုရားလေး တွေကလည်း ဘုရားရှင်မျက်ကွင်း တော်ဌာပနာထားလို့ တန်ခိုးကြီး ဘုရားတွေ ဖြစ်ပါသတဲ့ ။ပုညအမတ်က တည်ခဲ့တာမို့ ပုညစေတီလို့ အစ ကနဦးမှာ ခေါ်တွင်ခဲ့ပါတယ် နောက်မကြာမီမှာ ဓါတ်တော်နှစ် ဆူခိုးယူမှု၊ ဘုရင်ကို အသိမပေးပဲ ဘုရားတည်မှု အပြစ်တွေနဲ့ အသင်္ခယာစောယွမ်းဟာ ပုည အမတ်နဲ့ ပန်းထိမ်သည်ငစိန်သင်ကို စစ်ကိုင်းမြို့တစ်နေရာမှာ ရေချ သတ်စေခဲ့ပါတယ် ဒါပေမယ့် ဘုရား တန်ခိုးနဲ့ သူတော်ကောင်းနှစ်ဦးဟာ ရေမှာနစ်မြှုပ်မသွားပဲ ရေက ဝန်း ဝိုင်းခြံရံပြီးသာ တည်ရှိနေတဲ့ အတွက် အံ့သြထိတ်လန့်စွာနဲ့ နှစ်ဦးစလုံးကို မသတ်တော့ပဲ ဘုရင်က အသက်ချမ်းသာပေးခဲ့ ပါတယ် အဲဒီအရပ်ကို ရေဝန်းအရပ်လို့ စစ်ကိုင်းမြို့မှာ ခေါ်တွင်ခဲ့ပါတယ် ။ ဒီနေ့အထိ ခေါ်တွင်နေဆဲပါ ။အသင်္ခယာစောယွမ်းဟာ ဘုရား ဒကာတွေနဲ့ အတူ ပူးပေါင်းပြီး ပုညရှင်စေတီကို ထပ်မံငုံပြီး ပြုပြင် မွမ်းမံလို့ ထီးတင်ပေးခဲ့ပါတယ် ပုညအမတ်ကိုလည်း သက်တော် ရှည်ရာထူး ပေးခဲ့ပါတယ်။ပန်းထမ် သည်ကိုလည်း ချီးမြှင့်မြှောက်စား ခဲ့ပါတယ် တောစောင့်နတ် ၊တောင်စောင့်နတ် တွေဟာ ဒီတောင်ပေါ်မှာ ဘုရားရှင် ရဲ့ ဓါတ်တော်မွေတော်နှစ်ဆူကို ဌာပနာပြီး ဘုရားတည်ဖြစ်အောင် ဆောင်ရွက်ခဲ့ကြတဲ့အပြင် ဝိုင်းဝန်း တည်ခဲ့ရာမှာလည်း ပါခဲ့လို့ လူနတ်စုပေါင်းတည်တဲ့ဘုရားလို့ ဖတ်ခဲ့ရ ဖူးပါတယ် အမှန်ကတော့ နတ်တွေတည်တဲ့ ဘုရားဆိုရင်လည်း မမှား ပါဘူး ။ သူတို့ ဖန်ဆင်းရယူခဲ့တဲ့ ဓါတ်တော်တွေဖြစ်တာကြောင့် ဘုရားဒကာနှစ်ဦးကိုလည်း အသက် ကယ်တင်ပေးခဲ့ခြင်း ဖြစ်ပါတယ်။

လပြည့်နေ့ အရုဏ်တတ်တိုင်း လည်း တောင်စောင့်နတ်မင်းများက ဆွမ်းဦးကပ်ခဲ့တာကြောင့် ဒီနေ့ထိ လူတွေ ဆွမ်းဦးမကပ်နိုင်ခဲ့ဘူးလို့ မှတ်သားရပါတယ် စစ်ကိုင်းဖက် ရောက်ခဲ့ရင် စစ်ကိုင်းတောင်နဲ့ မြစ်ဧရာအလှကို ရှုစားရင်း ဖူးမျှော်နိုင်ကြပါစေဖို့ စေတနာထား ရေးသား ပေးလိုက် ပါတယ် ။ ။

စာအုပ်မှတ်စုမှ ပြန်လည်မျှဝေပါသည် ။

U Hla Than Aung

WP2Social Auto Publish Powered By : XYZScripts.com
Close