Life





Advertisements



Advertisements






Source : Kophone Myat

Unicode

ရွှေတွေ ဒေါ် လာတွေ ကွန်ပျူတာတွေ ကောက်ရပေ မဲ့ သီလ ထိန်းချင် လို့ ပိုင်ရှင် ကို လိုက်ရှာပေးခဲ့ သူ ရိုးသား တဲ့ ဦးလေးကြီး

ခုခေတ် မှာ ရိုးသားမှုဆိုတာ အလွန်ရှားနေပါပြီ…. ဒါပေမဲ့ တချို့သူတွေကတော့ မိမိရိုးသားမှုကို ဘာနဲ့မှ မလဲနိုင်ဘဲ ထိန်းသိမ်းထားရှိသူတွေလည်း ရှိပါတယ်..

ဒီဖြစ်ရပ်လေးကလည်း ဒီလို ရိုးသားမှုတွေ ရှိနေသေးတယ်ဆိုတာကို သက်သေပြသွားတာပါပဲ…

ဖြစ်စဉ်ကေ တာ့ ဒေါ်လာတွေနဲ့ ရွှေထည်ပစ္စည်းတွေ လက်တော့နဲ့ ဖုန်းအပါအဝင် ခန့်မှန်းငွေ သိန်း ၁၀၀ နီးပါးခန့် တန်ဖိုးရှိတဲ့ပစ္စည်းတွေကို ကောက်ရခဲ့ပေမဲ့ ပိုင်ရှင်ထံ ချက်ချင်းပြန်ပေးနိုင်ဖို့ ရှာဖွေခဲ့တဲ့ သူရဲ့ ရိုးသားတဲ့ စိတ်ဓာတ်အကြောင်းလေးပါပဲ…

ဒီအကြောင်းလေးကို Kophone Myat ဆိုတဲ့ Facebook Account ပိုင်ရှင်က ခုလိုမျိုးတင်ထားပါတယ် ။“မနက်၆ ၃၀မှာ ကျတော် အိတ်လိုက်ကောက်ရပါတယ်… ဇနီးနဲ့အတူတူ ဖွင့်ကြည့်ပြီးချတ်ချင်ပြန်ပေးဘို့ဆုံးဖြတ်ပါတယ် ၊ ကျတော်တို့မိသားစုပြေလည်လို့ပိုလျှံနေလို့မဟုတ်ပါဗျာ … သီလထိမ်းချင်လို့ပါ တန်ဘိုးအားဖြင့်သိန်း၈၀ နဲ့၁၀၀ကြားရှိပါတယ်… ” ဆိုပြီး Post တင်ခဲ့တာပါ….

ဒီPost လေးကို လည်း လူမှုကွန်ရက်သုံးသူတွေက ကူညီ Share ပေးကြပြီး ပိုင်ရှင်ကို လိုက်ရှာပေးခဲ့ကြပါတယ်…အဲဒီလိုတင်ပြီး ၂ နာရီလောက်အကြာမှာပဲ ပိုင်ရှင်က Post လေးကိုတွေ့သွားခဲ့ရာမှာတော့ အဆိုပါ ပစ္စည်းတွေကို ပိုင်ရှင်ထံပြန်ပေးခဲ့ပါတယ်…

သိန်း ၁၀၀ ကျော်ဖိုးရှိတဲ့ ထိုပစ္စည်းတွေကို မမက်မောဘဲ သီလထိန်းချင်လို့ ပြန်ပေးခဲ့တဲ့ အဆိုပါရိုးသားတဲ့လူကို ပိုင်ရှင်ကလည်း နာရီတစ်လုံးလက်ဆောင်ပြန်ပေးခဲ့ပါတယ်…

ဒီဖြစ်ရပ်လေးကြောင့် လောကမှာ ရိုးသားတဲ့ လူတွေရှိသေးသလို သူ့လိုစိတ်ဓာတ်ပိုင်ရှင်တွေကလည်း ဝိုင်းဝန်းဖော်ထုတ်ချီးကျူးရင်း မိမိပတ်ဝန်းကျင်မှာ ရိုးသားသူတွေ များလာစေဖို့ ဆုတောင်းမိပါတယ်…

ပရိသတ်ကြီးတို့လည်း သူ့ကို ချီးကျူးစကားလေးတွေ ပြောခဲ့ပေးပါနော်…ကျေးဇူးတင်ပါတယ်နော်..

Writer – HW (Shwe Yaung Lan)

Source : Kophone Myat

WP2Social Auto Publish Powered By : XYZScripts.com
Close