Astrological

၂၀၂၀ ခုနှစ်မှာ (၇)ရက်သားသမီးများ အစဉ်ပြေစေရန် ဆောင်ရန်ရှောင်ရန်များ

၂၀၂၀ ခုနှစ်မှာ (၇)ရက်သားသမီးများ အစဉ်ပြေစေရန် ဆောင်ရန်ရှောင်ရန်များ

တနင်္ဂနွေသားသမီးများ
—————————-

‘ဒါတွေဖြစ်ရင် ဒါတွေလုပ် အလုပ်အတွက် သောကဖြစ်ရင် ဘုရားတဆူဆူရဲ့ သောကြာထောင့်မှာ သီဟိုဠ်(၆)ညွှန့် လှူဒါန်းပေးပါ .. ။

အချစ်ရေးအတွက် သောကဖြစ်ရင် သံဃာတော်တစ်ပါးပါးကို သရက်သီးသနပ် လှူဒါန်းပေးပါ။

လာဘ်ပိတ်နေရင် ဟိုတယ်ကြီးတစ်ခုရှေ့က မြေသန့်သန့်ကို အိတ်လေးနဲ့ထည့် ဆောင်ထားပါ။

Advertisements

အိမ်ထောင်ရေး အဆင်မပြေရင် သဲအိုးထဲတွင် အုန်း(၆)ညွှန့်ထည့်ပြီး ဘုရားလှူဒါန်းပေးပါ။

မိမိအား မနာလိုတိုက်ခိုက်သူများနေရင် တနင်္လာနေ့နံနက်စောစောတွင် ဘုရားတဆူဆူ၏ တနင်္လာထောင့်တွင် သပြေ(၁၁)ညွှန့်ကို လှူဒါန်းပေးပါ။

တနင်္လာသားသမီးများ
—————————

‘ဒါတွေဖြစ်ရင် ဒါတွေလုပ် အလုပ်အတွက် သောကဖြစ်ရင် အိမ်တွင်ရှိသော ထီးအဟောင်းတစ်လက် စွန့်ပစ်ပေးပါ။

အချစ်ရေးအတွက် သောကဖြစ်ရင် အိမ်ဘုရားတွင် နံကထိုင်မုန့်(၁၀)ခု ဘုရားလှူပေးပါ။

Advertisements

လာဘ်ပိတ်နေရင် သံဃာတော်တစ်ပါးကို နွားနို့ လှူဒါန်းပေးပါ။

အိမ်ထောင်ရေး အဆင်မပြေရင် လင်မယားအိပ်သောနေရာတွင် သနပ်ခါးတုံးကို ပြောင်းပြန်လှန်ပြီး မီးထွန်းဆုတောင်းပေးပါ။

မိမိအား မနာလိုတိုက်ခိုက်သူများနေရင် ထန်းညှက်ခဲ(၃)ခဲ ခွေးကျွေးပေးပါ။

အင်္ဂါသားသမီးများ
———————-

‘ဒါတွေဖြစ်ရင် ဒါတွေလုပ် အလုပ်အတွက် သောကဖြစ်ရင် ဘုရားတဆူဆူရဲ့ တနင်္ဂနွေထောင့်တွင် အုန်းသီးပါသောမုန့် တစ်မျိုးမျိုး လှူဒါန်းပေးပါ။

အချစ်ရေးအတွက် သောကဖြစ်ရင် အနီရောင်အသည်းကွဲနေပုံစက္ကူပေါ်တွင် ‘No’ ဟုရေးပြီး ဆောင်ထားပါ။

လာဘ်ပိတ်နေရင် အိမ်ဘုရားတွင် အုန်းနို့ဆီချက်ဖြင့် ဆွမ်းတော်တင်လှူပါ။

အိမ်ထောင်ရေး အဆင်မပြေရင် ဥသြငှက်မောင်နှံပုံ ဆောင်ထားပေးပါ။

မိမိအား မနာလိုတိုက်ခိုက်သူများနေရင် အုန်းနို့ခေါက်ဆွဲ ဘုရားလှူပေးပါ။

ဗုဒ္ဓဟူးသားသမီးများ
————————-

‘ဒါတွေဖြစ်ရင် ဒါတွေလုပ် အလုပ်အတွက် သောကဖြစ်ရင် ကိုရင်ငယ်လေးများကို သစ်သီးတစ်မျိုးမျိုး လှူဒါန်းပေးပါ။

အချစ်ရေးအတွက် သောကဖြစ်ရင် ချစ်သူနှစ်ဦးပုံကို မျက်နှာချင်းဆိုင်အပ်ပြီး ခဲတံတစ်ချောင်းတွင် ပတ်ချည်ထားပါ။

လာဘ်ပိတ်နေရင် သီလရှင်များကို ကတက်ချဉ် တို့စရာ လှူဒါန်းပေးပါ။

အိမ်ထောင်ရေး အဆင်မပြေရင် လင်မယားနှစ်ယောက်အုံးသော ခေါင်းအုံးများကို လျှော်ဖွတ်သန့်စင်ပေးပါ။

မိမိအား မနာလိုတိုက်ခိုက်သူများနေရင် အိမ်ဘုရားတွင် ကန်စွမ်းရွက်ကြော်ဖြင့် ဆွမ်းတော်ကပ်လှူပေးပါ။

ကြာသပတေးသားသမီးများ
———————————

‘ဒါတွေဖြစ်ရင် ဒါတွေလုပ် အလုပ်အတွက် သောကဖြစ်ရင် အိမ်ဘုရားတွင် ဆိတ်သားဟင်းဖြင့် ဆွမ်းတော်ကပ်လှူပေးပါ။

အချစ်ရေးအတွက် သောကဖြစ်ရင် ဆံထိုးတစ်ချောင်းကို ဆောင်ထားပေးပါ။

လာဘ်ပိတ်နေရင် အိမ်ဘုရားစင်တွင် မိမိမွေးနေ့နံနက်တိုင်း နို့စိမ်းဘူးကို ပြောင်းပြန်လှန်ပြီး အစိမ်းရောင်ဖယောင်းတိုင်ထွန်း ဆုတောင်းပါ။

အိမ်ထောင်ရေး အဆင်မပြေရင် အိမ်ဘုရားတွင် အုန်းဆီပုလင်းအလွတ်ထဲ ဆန့်ထည့်ပြီး အမွှေးတိုင်ထွန်းဆုတောင်းပါ။

မိမိအား မနာလိုတိုက်ခိုက်သူများနေရင် အင်္ဂါနေ့နံနက်တွင် ဘုရားတဆူဆူ၏ အင်္ဂါထောင့်တွင် ဇော်စိမ်း(၈)ညွှန့် လှူဒါန်းပေးပါ။

သောကြာသားသမီးများ
—————————-

‘ဒါတွေဖြစ်ရင် ဒါတွေလုပ် အလုပ်အတွက် သောကဖြစ်ရင် ရှောက်သီးသုပ် ဘုရားလှူပေးပါ။

အချစ်ရေးအတွက် သောကဖြစ်ရင် မိမိချစ်သူ၏ ဓါတ်ပုံကို ရင်ထိုးတစ်ခု ခေါက်ပြီး မိမိဖြစ်ချင်သော ဆန္ဒကို ပြောဆိုပါ။ ရင်ထိုးကို ဆောင်ထားပါ။

လာဘ်ပိတ်နေရင် လင်ဗန်းတစ်ချပ်ထဲတွင် လက်ဖက်နှပ်(၁၁)ပုံ ပုံပြီး အိမ်ဘုရားတွင် လှူဒါန်းပေးပါ။

အိမ်ထောင်ရေး အဆင်မပြေရင် လင်မယားနှစ်ယောက်ဓါတ်ပုံကို မျက်နှာချင်းဆိုင်ကပ်ပြီး ရေအိုးအောက်ခြေ တွင် ကပ်ထားပေးပါ။

မိမိအား မနာလိုတိုက်ခိုက်သူများနေရင် အသက်အရွယ်ကြီးသူတစ်ဦးကို လိမ်းဆေး လှူဒါန်းပေးပါ။

စနေသားသမီးများ
———————-

‘ဒါတွေဖြစ်ရင် ဒါတွေလုပ် အလုပ်အတွက် သောကဖြစ်ရင် အိမ်ဘုရားတွင် ပဲသီးကြော်ဖြင့် ဆွမ်းတော်ကပ်လှူပေးပါ။

အချစ်ရေးအတွက် သောကဖြစ်ရင် ချစ်သူနှစ်ဦးပုံကို မျက်နှာချင်းဆိုင်အပ်ပြီး ဓာတ်ဘူးအသစ်ထဲတွင် ထည့်ပါ။ ထိုဓာတ်ဘူးကို ဘုရားစင်ပေါ်တွင် တင်ထားပြီး ဓာတ်ဘူးအပေါ်မှ ပဲနို့အချိုရည်တင်ကာ ဘုရားကပ်လှူပေးပါ။ (၇)ရက်ဆက်တိုက် ကပ်လှူပေးပါ။

လာဘ်ပိတ်နေရင် သံဃာတော်တစ်ပါးကို ပဲကြီးနှပ်ဆွမ်းဟင်း လောင်းလှူပေးပါ။

အိမ်ထောင်ရေး အဆင်မပြေရင်ဘာသာရေးစာအုပ်တစ်အုပ်တွင် လင်မယားနှစ်ယောက်နာမည်ရေးပြီး ဘုရားတဆူဆူ၏ တနင်္ဂနွေထောင့်တွင် လှူဒါန်းပေးပါ။

မိမိအား မနာလိုတိုက်ခိုက်သူများနေရင် သီလရှင်တစ်ပါးပါးကို မြေပဲဆီ လှူဒါန်းပေးပါ။

ဆရာဟိမဝန်တာ

(လေးစားမှုဖြင့် ခရက်ဒစ်)

WP2Social Auto Publish Powered By : XYZScripts.com
Close