Teach

က်ီးကန္းက ၾကက္ဥမႀကိဳက္ဘူး၊ ၾကက္ဥကို အၿမဲတမ္း ေခြးကို ေပးတဲ့ အျဖစ္အပ်က္ေလး

က်ီးကန္းက ၾကက္ဥမၾကိဳက္ဘူး၊ ၾကက္ဥကို အျမဲတမ္း ေခြးကို ေပးတယ္။ေခြးက အစပိုင္း ေက်းဇူးတင္တယ္

က်ီးကန္းက ၾကက္ဥမၾကိဳက္ဘူး၊ ၾကက္ဥကို အျမဲတမ္း ေခြးကို ေပးတယ္။ေခြးက အစပိုင္း ေက်းဇူးတင္တယ္ေပါ့၊ ၾကာေတာ့ အက်င့္ျဖစ္သြားတယ္။အက်င့္ျဖစ္လာေတာ့ ဒါက သူ႔ကိုေပးကိုေပးရမလိုဆိုတဲ့ စိတ္ ျဖစ္လာတယ္။

တေန႔က်ေတာ့ က်ီးကန္းက ၾကက္ဥကို ငါးကို ေပးလိုက္ေတာ့ ေခြးက မေက်နပ္ေတာ့ဘူး။ ျကက္ဥဟာ အစကတည္းက က်ီးကန္းဟာဆိုတာ သူေမ့သြားတယ္။ ျကက္ဥဘယ္သူ႔ကို ေပးမယ္ဆိုတာ က်ီးကန္းမွာ ဆံုးျဖတ္ခြင့္ရွိတယ္ဆိုတာေမ့သြားတယ္။

ဒါနဲ႔သူတို႕စကားမ်ားၾကျပီး အခင္အမင္ ပ်က္သြားၾက တယ္။သိပ္ပူတဲ့ေႏြရာသီတခုမွာ၊ လူတစ္စုက ျမစ္ေရလွိဳင္းထဲမွာ ေဖာင္စီးသြားၾကတယ္။ေဖာင္စီးရင္းနဲ႔ ေရေဆာ့ရင္း ေကာင္မေလးတေယာက္ရဲ႕ ဖိနပ္ ေရထဲက်သြားတယ္။

ကမ္းေပၚေရာက္ဖို႔ ပူျခစ္ေနတဲ့ သဲျပင္က်ယ္ၾကီးကို ျဖတ္ရမယ္။ဒါနဲ႔ေကာင္မေလးက သူနဲ႔ေလွအတူစီးတဲ့ သူေတြဆီက တေယာက္ေယာက္ ဖိနပ္ငွားႏိုင္မလားလို့ ကူညီေတာင္းတယ္။

Advertisements

လူတစ္ေယာက္မွာ ဖိနပ္တရံပဲပါတာ ဘယ္သူမွ မေပးခ်င္ ၾကဘူး။ေကာင္မေလးက မေက်နပ္ျဖစ္သြားတယ္။ ဒါနဲ႔သူက ဒီလူေတြအားလံုး မေကာင္းဘူး။ကူညီခ်င္စိတ္မ ရွိဘူးလို႕တြက္လိုက္တယ္။

ေနာက္ေတာ့ လူတစ္ေယာက္က သူ႔ဖိနပ္ကိုေပးလိုက္တယ္။ေကာင္မေလးက ေက်းဇူးတင္ ေၾကာင္းေျပာလိုက္တယ္။ဖိနပ္ေပးလိုက္တဲ့လူက ” ဘယ္သူမွမင္းကို ကူညီဖို႔တာ၀န္ ရွိပါဘူး။

မင္းကိုကူညီတာ ခင္မင္မႈတစ္ခုေၾကာင့္ပဲ၊ မကူညီျဖစ္ရင္ ဒါကိုေဒါသမႀကီးပါနဲ႔ ဒါ သမ႐ိုးက်ပါ “”။ အဲ့လိုေျပာေတာ့ ေကာင္မေလးစိတ္ထဲ ေတြးမိသြားတယ္။ အဲ့ခ်ိန္ကစျပီး သူ႔ကိုကူညီဖူးသူေတြကို အျမဲမွတ္သား ထားျပီး ျပန္လည္ေက်းဇူးဆပ္ေလ့ရွိလာပါတယ္။

က်ေနာ္တို႔ဟာ အျမဲတမ္းသူမ်ားက ကိုယ့္အေပၚေကာင္းဖို႔ ပဲ ေမွ်ာ္လင့္ၾကတယ္။အစပိုင္းေတာ့ေက်းဇူးတင္မဆံုးဘူး ေပါ့။ၾကာလာေတာ့ သူမ်ားကိုယ့္အေပၚေကာင္းတာကို အျမဲလိုခ်င္တဲ့အက်င့္ ျဖစ္လာတယ္ ။

ဒါကို ျဖစ္သင့္တဲ့အရာလို႕ထင္လာတယ္။တေန႔မွာ ကိုယ့္အေပၚမေကာင္းခဲ့ရင္ အျပစ္တင္႐ႈံ႕ခ် မိေတာ့တယ္။တကယ္တန္းက်ေတာ့၊ သူမ်ားမေကာင္းေတာ့တာ မဟုတ္ပါဘူး။ကိုယ့့္ရဲ့စိတ္ေတြက ေျပာင္းကုန္တာပါ။ ရေနက်ဆိုေတာ့ ေက်းဇူးတရားဆိုတာကို ေမ့သြားတာပါ။

Advertisements

ညေနတခုမွာ၊ ဆိတ္ေလးတစ္ေကာင္ဟာ ေတာင္ကုန္းေပၚမွာ ေဆာ့ေနတယ္။ရုတ္တရက္ သစ္ပင္ျခံဳၾကားထဲက ၀ံပုေလြတေကာင္ထြက္လာျပီး ဆိတ္ကိုစားမယ္ျပင္တယ္။

ဆိတ္ေလးဟာ အသံက်ယ္နဲ႔ေအာ္ျပီး သူငယ္ခ်င္းေတြကို အကူအညီလွမ္းေတာင္းတယ္။ ႏြားက သစ္ပင္ျခံဳထဲက တခ်က္လွမ္းၾကည့္ျပီး ၀ံပုေလြကို ျမင္ေတာ့ ေျပးပါေလေရာ။

ျမင္းကေခါင္းငံုျပီးတခ်က္ၾကည့္၊ ၀ံပုေလြျမင္ေတာ့ ၀ွစ္ကနဲကိုေျပးျပန္ေရာ။ ၀က္ကလည္း ျဖတ္သြားရင္း ၀ံပုေလြကိုျမင္တာနဲ႔ ကမန္းကတန္း ေတာင္ေပၚကဆင္းေျပးေရာ။

ေတာင္ေအာက္မွာရွိတဲ့ ေခြးက ဆိတ္ေအာ္သံၾကားေတာ့ ကမန္းကတန္းေတာင္ေပၚေျပးတက္ ျခံဳပုတ္ေတြထဲက ျဖတ္ျပီး ၀ံပုေလြရဲ႕ လည္ျမိဳကို ကိုက္ခဲပစ္လိုက္တယ္။

၀ံပုေလြက နာလြန္းလို႔ထေအာ္တယ္၊ ေခြးမာန္ဖီလိုက္ေတာ့ လန္႔ျပီးေျပးပါေလေရာ…။ အိမ္ျပန္ေရာက္ေတာ့၊ သူငယ္ခ်င္းေတြအားလံုး ေရာက္လာတယ္။

ႏြားက… နင္ကဘာလို႔ငါ့ကိုမေခၚတာလဲ.. ငါ့ဂ်ိဳ သူ႕ဗိုက္ေပါက္ေအာင္လုပ္ပစ္မွာေပါ့……၊ျမင္းက… နင္ကဘာလို႕ငါ့ကိုမေျပာလဲ၊ ငါသူ႕ေခါင္းကို ခြာနဲ႔ကန္ပစ္မွာေပါ့…….။

၀က္က… နင္ငါ့ကိုေခၚေရာေပါ့ ငါတစ္ခ်က္ပက္လိုက္ရင္ သူေတာင္ေပၚကေတာင္ ျပဳတ္က်သြားမွာ….။အဲ့လို ေျပာသံေတြၾကားမွာ ေခြးေလး မပါခဲ့ပါ။မိတ္ေဆြစစ္ဆိုတာ စကားအလွေတြသံုးေနစရာမလိုပါဘူး။

တကယ့္လိုအပ္ခ်ိန္မွာ မင္းကိုလက္လွမ္းကူညီတဲ့သူဟာ မိတ္ေဆြစစ္ပါ။အနားမွာရွိေနတဲ့သူငယ္ခ်င္းေတြ၊ ခင္မင္ေနတဲ့ သူငယ္ခ်င္း ေတြဟာသူငယ္ခ်င္းအစစ္ ဟုတ္မဟုတ္ မေသခ်ာေသးပါ။

တစ္ခါတေလ အေ၀းမွာရွိေနၿပီး အျမဲတမ္းေပါင္းသင္းေန တာ မဟုတ္ေပမယ့္ မင္းတကယ္ အကူအညီလိုအပ္ေနခ်ိန္ မွာ ၊ အပိုမေျပာပဲကူညီတဲ့သူ ဂရုစိုက္တဲ့သူသာ တကယ့္ မိတ္ေဆြ/သူငယ္ခ်င္း အစစ္ပါပဲ။

ဘ၀မွာ တန္ဖိုးထားသင့္တဲ့ မိတ္ေဆြသူငယ္ခ်င္းေကာင္း မ်ား ပိုင္ဆိုင္ၾကပါေစ…..။(မူရင္းပို႔စ္အား အနည္းငယ္ျပင္ထားပါသည္)

Unicode

ကျီးကန်းက ကြက်ဥမကြိုက်ဘူး၊ ကြက်ဥကို အမြဲတမ်း ခွေးကို ပေးတယ်။ခွေးက အစပိုင်း ကျေးဇူးတင်တယ်

ကျီးကန်းက ကြက်ဥမကြိုက်ဘူး၊ ကြက်ဥကို အမြဲတမ်း ခွေးကို ပေးတယ်။ခွေးက အစပိုင်း ကျေးဇူးတင်တယ်ပေါ့၊ ကြာတော့ အကျင့်ဖြစ်သွားတယ်။အကျင့်ဖြစ်လာတော့ ဒါက သူ့ကိုပေးကိုပေးရမလိုဆိုတဲ့ စိတ် ဖြစ်လာတယ်။

တနေ့ကျတော့ ကျီးကန်းက ကြက်ဥကို ငါးကို ပေးလိုက်တော့ ခွေးက မကျေနပ်တော့ဘူး။ ကြက်ဥဟာ အစကတည်းက ကျီးကန်းဟာဆိုတာ သူမေ့သွားတယ်။ ကြက်ဥဘယ်သူ့ကို ပေးမယ်ဆိုတာ ကျီးကန်းမှာ ဆုံးဖြတ်ခွင့်ရှိတယ်ဆိုတာမေ့သွားတယ်။

ဒါနဲ့သူတို့စကားများကြပြီး အခင်အမင် ပျက်သွားကြ တယ်။သိပ်ပူတဲ့နွေရာသီတခုမှာ၊ လူတစ်စုက မြစ်ရေလှိုင်းထဲမှာ ဖောင်စီးသွားကြတယ်။ဖောင်စီးရင်းနဲ့ ရေဆော့ရင်း ကောင်မလေးတယောက်ရဲ့ ဖိနပ် ရေထဲကျသွားတယ်။

ကမ်းပေါ်ရောက်ဖို့ ပူခြစ်နေတဲ့ သဲပြင်ကျယ်ကြီးကို ဖြတ်ရမယ်။ဒါနဲ့ကောင်မလေးက သူနဲ့လှေအတူစီးတဲ့ သူတွေဆီက တယောက်ယောက် ဖိနပ်ငှားနိုင်မလားလို့ ကူညီတောင်းတယ်။

လူတစ်ယောက်မှာ ဖိနပ်တရံပဲပါတာ ဘယ်သူမှ မပေးချင် ကြဘူး။ကောင်မလေးက မကျေနပ်ဖြစ်သွားတယ်။ ဒါနဲ့သူက ဒီလူတွေအားလုံး မကောင်းဘူး။ကူညီချင်စိတ်မ ရှိဘူးလို့တွက်လိုက်တယ်။

နောက်တော့ လူတစ်ယောက်က သူ့ဖိနပ်ကိုပေးလိုက်တယ်။ကောင်မလေးက ကျေးဇူးတင် ကြောင်းပြောလိုက်တယ်။ဖိနပ်ပေးလိုက်တဲ့လူက ” ဘယ်သူမှမင်းကို ကူညီဖို့တာဝန် ရှိပါဘူး။

မင်းကိုကူညီတာ ခင်မင်မှုတစ်ခုကြောင့်ပဲ၊ မကူညီဖြစ်ရင် ဒါကိုဒေါသမကြီးပါနဲ့ ဒါ သမရိုးကျပါ “”။ အဲ့လိုပြောတော့ ကောင်မလေးစိတ်ထဲ တွေးမိသွားတယ်။ အဲ့ချိန်ကစပြီး သူ့ကိုကူညီဖူးသူတွေကို အမြဲမှတ်သား ထားပြီး ပြန်လည်ကျေးဇူးဆပ်လေ့ရှိလာပါတယ်။

ကျနော်တို့ဟာ အမြဲတမ်းသူများက ကိုယ့်အပေါ်ကောင်းဖို့ ပဲ မျှော်လင့်ကြတယ်။အစပိုင်းတော့ကျေးဇူးတင်မဆုံးဘူး ပေါ့။ကြာလာတော့ သူများကိုယ့်အပေါ်ကောင်းတာကို အမြဲလိုချင်တဲ့အကျင့် ဖြစ်လာတယ် ။

ဒါကို ဖြစ်သင့်တဲ့အရာလို့ထင်လာတယ်။တနေ့မှာ ကိုယ့်အပေါ်မကောင်းခဲ့ရင် အပြစ်တင်ရှုံ့ချ မိတော့တယ်။တကယ်တန်းကျတော့၊ သူများမကောင်းတော့တာ မဟုတ်ပါဘူး။ကိုယ့်ရဲ့စိတ်တွေက ပြောင်းကုန်တာပါ။ ရနေကျဆိုတော့ ကျေးဇူးတရားဆိုတာကို မေ့သွားတာပါ။

ညနေတခုမှာ၊ ဆိတ်လေးတစ်ကောင်ဟာ တောင်ကုန်းပေါ်မှာ ဆော့နေတယ်။ရုတ်တရက် သစ်ပင်ခြုံကြားထဲက ဝံပုလွေတကောင်ထွက်လာပြီး ဆိတ်ကိုစားမယ်ပြင်တယ်။

ဆိတ်လေးဟာ အသံကျယ်နဲ့အော်ပြီး သူငယ်ချင်းတွေကို အကူအညီလှမ်းတောင်းတယ်။ နွားက သစ်ပင်ခြုံထဲက တချက်လှမ်းကြည့်ပြီး ဝံပုလွေကို မြင်တော့ ပြေးပါလေရော။

မြင်းကခေါင်းငုံပြီးတချက်ကြည့်၊ ဝံပုလွေမြင်တော့ ဝှစ်ကနဲကိုပြေးပြန်ရော။ ဝက်ကလည်း ဖြတ်သွားရင်း ဝံပုလွေကိုမြင်တာနဲ့ ကမန်းကတန်း တောင်ပေါ်ကဆင်းပြေးရော။

တောင်အောက်မှာရှိတဲ့ ခွေးက ဆိတ်အော်သံကြားတော့ ကမန်းကတန်းတောင်ပေါ်ပြေးတက် ခြုံပုတ်တွေထဲက ဖြတ်ပြီး ဝံပုလွေရဲ့ လည်မြိုကို ကိုက်ခဲပစ်လိုက်တယ်။

ဝံပုလွေက နာလွန်းလို့ထအော်တယ်၊ ခွေးမာန်ဖီလိုက်တော့ လန့်ပြီးပြေးပါလေရော…။ အိမ်ပြန်ရောက်တော့၊ သူငယ်ချင်းတွေအားလုံး ရောက်လာတယ်။

နွားက… နင်ကဘာလို့ငါ့ကိုမခေါ်တာလဲ.. ငါ့ဂျို သူ့ဗိုက်ပေါက်အောင်လုပ်ပစ်မှာပေါ့……၊မြင်းက… နင်ကဘာလို့ငါ့ကိုမပြောလဲ၊ ငါသူ့ခေါင်းကို ခွာနဲ့ကန်ပစ်မှာပေါ့…….။

ဝက်က… နင်ငါ့ကိုခေါ်ရောပေါ့ ငါတစ်ချက်ပက်လိုက်ရင် သူတောင်ပေါ်ကတောင် ပြုတ်ကျသွားမှာ….။အဲ့လို ပြောသံတွေကြားမှာ ခွေးလေး မပါခဲ့ပါ။မိတ်ဆွေစစ်ဆိုတာ စကားအလှတွေသုံးနေစရာမလိုပါဘူး။

တကယ့်လိုအပ်ချိန်မှာ မင်းကိုလက်လှမ်းကူညီတဲ့သူဟာ မိတ်ဆွေစစ်ပါ။အနားမှာရှိနေတဲ့သူငယ်ချင်းတွေ၊ ခင်မင်နေတဲ့ သူငယ်ချင်း တွေဟာသူငယ်ချင်းအစစ် ဟုတ်မဟုတ် မသေချာသေးပါ။

တစ်ခါတလေ အဝေးမှာရှိနေပြီး အမြဲတမ်းပေါင်းသင်းနေ တာ မဟုတ်ပေမယ့် မင်းတကယ် အကူအညီလိုအပ်နေချိန် မှာ ၊ အပိုမပြောပဲကူညီတဲ့သူ ဂရုစိုက်တဲ့သူသာ တကယ့် မိတ်ဆွေ/သူငယ်ချင်း အစစ်ပါပဲ။

ဘဝမှာ တန်ဖိုးထားသင့်တဲ့ မိတ်ဆွေသူငယ်ချင်းကောင်း များ ပိုင်ဆိုင်ကြပါစေ…..။(မူရင်းပို့စ်အား အနည်းငယ်ပြင်ထားပါသည်)

WP2Social Auto Publish Powered By : XYZScripts.com
Close