Life

‘မမကိုယ္တိုင္ က’ သီခ်င္းျဖင့္ အကတိုက္ေနသည့္ ဘိုးဘိုး ဘြားဘြားမ်ား႐ုပ္သံ လူႀကိဳက္မ်ားနေ

‘မမကိုယ္တိုင္ က’ သီခ်င္းျဖင့္ အကတိုက္ေနသည့္ ဘိုးဘိုး ဘြားဘြားမ်ား႐ုပ္သံ လူႀကိဳက္မ်ား

သက္ႀကီးဘိုးဘြားေတြ ‘မမကိုယ္တိုင္ က’ သီခ်င္းနဲ႔ အကတိုက္ေနၾကတဲ့ ဗြီဒီယိုဟာ ေဖ့စ္ဘြတ္ခ္မွာ လူႀကိဳက္မ်ားေနပါတယ္။ မြန္ျပည္နယ္ မုဒုံၿမိဳ႕မွာရွိတဲ့ ေမတၱာစံအိမ္ ဘိုးဘြားေတြ ေန႔ပိုင္းေစာင့္ေရွာက္ေရးေဂဟာမွာ ႏွစ္သစ္ကူး ေပ်ာ္႐ႊင္ပြဲမွာ ေဖ်ာ္ေျဖဖို႔အတြက္ ေလ့က်င့္ေနၾကတာပါ။

မညီမညာနဲ႔ တတ္သလို ကေနတာကိုက ခ်စ္စရာဟန္ပန္ေတြ ျဖစ္ေနသလို တခ်ိဳ႕ အဘြားအိုေတြကေတာ့ စိတ္ပါလက္ပါနဲ႔ ေျခခ်ိဳး လက္ခ်ိဳး မွန္မွန္နဲ႔ ကေနၾကတာပါ။

ဒီဗြီဒီယိုကို ေဂဟာရဲ႕ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာမွာ တင္ထားၿပီး လူေပါင္း ၁၅ သိန္းေက်ာ္ ၾကည့္ရႈထားသလို လူေပါင္း ၁၅၀၀ ေလာက္ကလည္း အဘိုး အဘြားေတြ က်န္းမာဖို႔နဲ႔ ဗြီဒီယိုကိုၾကည့္ၿပီး ေပ်ာ္႐ႊင္ရတယ္လို႔ မွတ္ခ်က္ ေပးထားၾကပါတယ္။

Advertisements

တခ်ိဳ႕ကေတာ့ ခုလို ကတာေၾကာင့္ အဘိုး အဘြားေတြ ပင္ပန္းႏိုင္ၿပီး တရားထိုင္ဖို႔ကိုပဲ တိုက္တြန္း အႀကံျပဳၾကပါတယ္။

ဒီလို အကတိုက္ၿပီး ေနာက္ပိုင္းရက္မွာလည္း အဘိုးေတြက ‘ေသွ်ာင္ေပစူး’သီခ်င္းနဲ႔ အကတိုက္ခဲ့ၾကတဲ့ ဗြီဒီယိုကိုလည္း လူေပါင္း ၈ သိန္းေလာက္ ၾကည့္ရႈထားၾကပါတယ္။

DVB TV News

Advertisements

Unicode

‘မမကိုယ်တိုင် က’ သီချင်းဖြင့် အကတိုက်နေသည့် ဘိုးဘိုး ဘွားဘွားများရုပ်သံ လူကြိုက်များ

သက်ကြီးဘိုးဘွားတွေ ‘မမကိုယ်တိုင် က’ သီချင်းနဲ့ အကတိုက်နေကြတဲ့ ဗွီဒီယိုဟာ ဖေ့စ်ဘွတ်ခ်မှာ လူကြိုက်များနေပါတယ်။ မွန်ပြည်နယ် မုဒုံမြို့မှာရှိတဲ့ မေတ္တာစံအိမ် ဘိုးဘွားတွေ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာမှာ နှစ်သစ်ကူး ပျော်ရွှင်ပွဲမှာ ဖျော်ဖြေဖို့အတွက် လေ့ကျင့်နေကြတာပါ။

မညီမညာနဲ့ တတ်သလို ကနေတာကိုက ချစ်စရာဟန်ပန်တွေ ဖြစ်နေသလို တချို့ အဘွားအိုတွေကတော့ စိတ်ပါလက်ပါနဲ့ ခြေချိုး လက်ချိုး မှန်မှန်နဲ့ ကနေကြတာပါ။

ဒီဗွီဒီယိုကို ဂေဟာရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ တင်ထားပြီး လူပေါင်း ၁၅ သိန်းကျော် ကြည့်ရှုထားသလို လူပေါင်း ၁၅၀၀ လောက်ကလည်း အဘိုး အဘွားတွေ ကျန်းမာဖို့နဲ့ ဗွီဒီယိုကိုကြည့်ပြီး ပျော်ရွှင်ရတယ်လို့ မှတ်ချက် ပေးထားကြပါတယ်။

တချို့ကတော့ ခုလို ကတာကြောင့် အဘိုး အဘွားတွေ ပင်ပန်းနိုင်ပြီး တရားထိုင်ဖို့ကိုပဲ တိုက်တွန်း အကြံပြုကြပါတယ်။

ဒီလို အကတိုက်ပြီး နောက်ပိုင်းရက်မှာလည်း အဘိုးတွေက ‘သျှောင်ပေစူး’သီချင်းနဲ့ အကတိုက်ခဲ့ကြတဲ့ ဗွီဒီယိုကိုလည်း လူပေါင်း ၈ သိန်းလောက် ကြည့်ရှုထားကြပါတယ်။

DVB TV News

WP2Social Auto Publish Powered By : XYZScripts.com
Close