fbpx
Local

ျမန္မာေရေဘးဒဏ္သင့္ လူထုအတြက္ ထိုင္းႏိုင္ငံက အစားအစာနဲ႔ တျခားအကူအညီေတြ ေထာက္ပံ့

ျမန္မာႏုိင္ငံက ေရေဘးဒဏ္သင့္လူထုအတြက္ ထိုင္းႏိုင္ငံက အစားအစာနဲ႔ တျခားအကူအညီေတြေပးတာကို ျမန္မာတာဝန္ရွိသူ ေတြ ဒီကေန႔ လက္ခံရယူပါတယ္။

ႏွစ္ႏုိ္င္ငံ နယ္စပ္ကုန္သြယ္ေရး လမ္းေၾကာင္းမွာ လမ္းနဲ႔တံတားေတြ ပ်က္စီးသြားတာ၊ ဆက္ၿပီး ေရႀကီးေနဆဲရွိတာေၾကာင့္ နယ္စပ္ကုန္သြယ္ေရး ရပ္ဆိုင္းသေလာက္ျဖစ္ေနၿပီး ကုန္တင္ကားေတြ မသြားႏုိ္င္တဲ့အတြက္ နစ္နာ ဆံုး႐ံႈးတာေတြလည္းရွိေနပါတယ္။

ဒီအေၾကာင္း ဗီြအိုေအ ထိုင္းအေျခစိုက္သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ထိုင္း-ျမန္မာနယ္စပ္နဲ႔ အနီးဆံုးျပည္နယ္ေတြျဖစ္တဲ့ ကရင္ျပည္နယ္နဲ႔ မြန္ျပည္နယ္အတြင္း ေရေဘးဒဏ္ႀကံဳ ေနရတာေၾကာင့္ လမ္းပမ္းဆက္သြယ္ေရးေတြ ျပတ္ေတာက္ေနၿပီး ေရေဘးသင့္ ျပည္သူေတြအတြက္အကူညီေတြလည္းလိုအပ္ေနတာပါ။

ထုိင္းအစိုးရနဲ႔ ထုိင္းစစ္တပ္က ထုိင္း-ျမန္မာနယ္စပ္ မဲေဆာက္ ၊ ျမ၀တီခ်စ္ၾကည္ေရး တံတားကေန ေရေဘးသင့္ ျပည္သူေတြအတြက္ ဆန္၊ စားစရာနဲ႔ ေသာက္ေရသန္႔ ေတြပါတဲ့ကား၃စီးတိုက္ပစၥည္းေတြကုိ ဒီကေန႔ ႀသဂုတ္လ ၁၃ ရက္ေန႕မွာ လွွဴဒါန္းခဲ့ၿပီး ျမန္မာဘက္က လက္ခံယူခဲ့ေၾကာင္း ျမ၀တီခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေတဇာေအာင္က ေျပာပါတယ္။

“သူတို႔ဆီက နဲ႔ က်ေနာ္ဒီက တပ္မဟာမွဴးတုိ႕က လဲြေျပာင္းလက္ခံပါတယ္။ ကား ၃စီးနဲ႔ ကြန္တိန္နာေဘာက္စ္နဲ႔ တစီးနဲ႔ ကားေလး ၂စီး အားလံုးေပါင္း ၃စီး အဓိက ဆန္တို ့ ၊ ဆီတို ့၊ ရိကၡာတို ့ပါတယ္။ ေရသန္႔တုိ ့ပါတယ္ စားစရာပါပါတယ္။ ေျခာက္ဘီးကားနဲ႔ ေပါ့”

ႀကီးေနတဲ့ေရက လက္ရွိအခ်ိန္ထိ သိသိသာသာ ေလ်ာ့မသြားေသးတာေၾကာင့္ လမ္းပန္း ဆက္သြယ္ေရး ခက္ခဲေနတုန္းပဲလို႔လည္း သူကေျပာပါတယ္။

ျမန္မာျပည္ဘက္မွာ ဂ်ိဴင္းတံတား ပ်က္စီးေနၿပီး ကုန္တင္ကားေတြ ဆက္မသြားႏုိင္ဘဲ ျဖစ္ေနတာေၾကာင့္ ကုန္ပစည္းေတြ မတင္ပုိ႔ႏိုင္တဲ့အတြက္ ထိုင္းဘက္အတြက္ တေန႔ကုိဘတ္သန္း ၂၀၀၀ ဖိုးေလာက္ နစ္နာေနပါတယ္။

ျမန္မာဘက္ကေတာ့ ၾသဂုတ္လ ၁၂ရက္ေန႔က ေနစတင္ၿပီး ကုန္မပါတဲ့ ကားေတြကိုျဖတ္သန္းသြားလာခြင့္ ေပးေနတယ္လို႔လည္း ျမ၀တီခရိုင္အုပ္ခ်ဳပ္ေရးမွဴးက ေျပာျပပါတယ္။

“ကုန္မပါဘူးေပါ့ ကုန္ပါခဲ့ရင္လည္း ၁၃ တန္မေက်ာ္တဲ့ ကုန္ေတြေပါ့။”

ျမန္မာျပည္တႏိုင္ငံလံုးအႏွံမွာသဘာ၀ေဘးေၾကာင့္လူဦးေရ ၁ ေသာင္း ၂ ေထာင္ေလာက္ အိုးအိမ္စြန္႔ခဲ့ရၿပီး လက္ရွိမွာ လူဦးေရ စုစုေပါင္း၃ ေသာင္း ၈ ေထာင္ေက်ာ္ဟာ ယာယီေရေဘး ေရွာင္စခန္းေတြမွာ ခိုလံႈေနရတယ္လို႔ ကုလသမဂၢ လူသားစာနာမႈအကူအညီေပးေရးဆိုင္ရာ ညႇိႏိႈႈင္းေရး႐ံုးက ၿပီးခဲ့တဲ့ရက္ေတြက ထုတ္ျပန္ခဲ့ပါတယ္။

မြန္ျပည္နယ္မွာဆိုရင္ ေရႀကီးျပီးေျမၿပိဳတာေၾကာင့္ ေသဆံုးသူ ၆၀ ထက္မနည္းရွိေနပါၿပီ။ ေရေဘးဒုကၡသည္ေတြအတြက္ သက္ဆုိင္ရာတာ၀န္ရွိသူေတြသာမက ျပည္သူေတြကပါ တႏိုင္တပုိင္ အကူအညီေပးေနၾကပါတယ္။

Credit# VOA Burmese News

unicode

မြန်မာနိုင်ငံက ရေဘေးဒဏ်သင့်လူထုအတွက် ထိုင်းနိုင်ငံက အစားအစာနဲ့ တခြားအကူအညီတွေပေးတာကို မြန်မာတာဝန်ရှိသူ တွေ ဒီကနေ့ လက်ခံရယူပါတယ်။

နှစ်နို်င်ငံ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှာ လမ်းနဲ့တံတားတွေ ပျက်စီးသွားတာ၊ ဆက်ပြီး ရေကြီးနေဆဲရှိတာကြောင့် နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းသလောက်ဖြစ်နေပြီး ကုန်တင်ကားတွေ မသွားနို်င်တဲ့အတွက် နစ်နာ ဆုံးရှုံးတာတွေလည်းရှိနေပါတယ်။

ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်နဲ့ အနီးဆုံးပြည်နယ်တွေဖြစ်တဲ့ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အတွင်း ရေဘေးဒဏ်ကြုံ နေရတာကြောင့် လမ်းပမ်းဆက်သွယ်ရေးတွေ ပြတ်တောက်နေပြီး ရေဘေးသင့် ပြည်သူတွေအတွက်အကူညီတွေလည်းလိုအပ်နေတာပါ။

ထိုင်းအစိုးရနဲ့ ထိုင်းစစ်တပ်က ထိုင်း-မြန်မာနယ်စပ် မဲဆောက် ၊ မြဝတီချစ်ကြည်ရေး တံတားကနေ ရေဘေးသင့် ပြည်သူတွေအတွက် ဆန်၊ စားစရာနဲ့ သောက်ရေသန့် တွေပါတဲ့ကား၃စီးတိုက်ပစ္စည်းတွေကို ဒီကနေ့ သြဂုတ်လ ၁၃ ရက်နေ့မှာ လှှူဒါန်းခဲ့ပြီး မြန်မာဘက်က လက်ခံယူခဲ့ကြောင်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောပါတယ်။

“သူတို့ဆီက နဲ့ ကျနော်ဒီက တပ်မဟာမှူးတို့က လွဲပြောင်းလက်ခံပါတယ်။ ကား ၃စီးနဲ့ ကွန်တိန်နာဘောက်စ်နဲ့ တစီးနဲ့ ကားလေး ၂စီး အားလုံးပေါင်း ၃စီး အဓိက ဆန်တို ့ ၊ ဆီတို ့၊ ရိက္ခာတို ့ပါတယ်။ ရေသန့်တို ့ပါတယ် စားစရာပါပါတယ်။ ခြောက်ဘီးကားနဲ့ ပေါ့”

ကြီးနေတဲ့ရေက လက်ရှိအချိန်ထိ သိသိသာသာ လျော့မသွားသေးတာကြောင့် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲနေတုန်းပဲလို့လည်း သူကပြောပါတယ်။

မြန်မာပြည်ဘက်မှာ ဂျိူင်းတံတား ပျက်စီးနေပြီး ကုန်တင်ကားတွေ ဆက်မသွားနိုင်ဘဲ ဖြစ်နေတာကြောင့် ကုန်ပစည်းတွေ မတင်ပို့နိုင်တဲ့အတွက် ထိုင်းဘက်အတွက် တနေ့ကိုဘတ်သန်း ၂၀၀၀ ဖိုးလောက် နစ်နာနေပါတယ်။

မြန်မာဘက်ကတော့ သြဂုတ်လ ၁၂ရက်နေ့က နေစတင်ပြီး ကုန်မပါတဲ့ ကားတွေကိုဖြတ်သန်းသွားလာခွင့် ပေးနေတယ်လို့လည်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူးက ပြောပြပါတယ်။

“ကုန်မပါဘူးပေါ့ ကုန်ပါခဲ့ရင်လည်း ၁၃ တန်မကျော်တဲ့ ကုန်တွေပေါ့။”

မြန်မာပြည်တနိုင်ငံလုံးအနှံမှာသဘာဝဘေးကြောင့်လူဦးရေ ၁ သောင်း ၂ ထောင်လောက် အိုးအိမ်စွန့်ခဲ့ရပြီး လက်ရှိမှာ လူဦးရေ စုစုပေါင်း၃ သောင်း ၈ ထောင်ကျော်ဟာ ယာယီရေဘေး ရှောင်စခန်းတွေမှာ ခိုလှုံနေရတယ်လို့ ကုလသမဂ္ဂ လူသားစာနာမှုအကူအညီပေးရေးဆိုင်ရာ ညှိနှိုှုင်းရေးရုံးက ပြီးခဲ့တဲ့ရက်တွေက ထုတ်ပြန်ခဲ့ပါတယ်။

မွန်ပြည်နယ်မှာဆိုရင် ရေကြီးပြီးမြေပြိုတာကြောင့် သေဆုံးသူ ၆၀ ထက်မနည်းရှိနေပါပြီ။ ရေဘေးဒုက္ခသည်တွေအတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေသာမက ပြည်သူတွေကပါ တနိုင်တပိုင် အကူအညီပေးနေကြပါတယ်။

Credit# VOA Burmese News

Related Articles

Close