Notice: Undefined index: p in /export/user/4/ztm_ea4554/live_7c6a3e/var/wordpress/wp-content/plugins/custom-permalinks/frontend/class-custom-permalinks-frontend.php on line 204 အဖြားကို ၇၆ သိန္းတန္နားၾကပ္ဝယ္ေပးတဲ့ ကိစၥကို ျပန္လည္ေျဖရွင္းလိုက္တဲ့ စမိုင္းလ္ - Thu Ta Myay
Celebrity

အဖြားကို ၇၆ သိန္းတန္နားၾကပ္ဝယ္ေပးတဲ့ ကိစၥကို ျပန္လည္ေျဖရွင္းလိုက္တဲ့ စမိုင္းလ္

တစ္ခ်ိန္က VCD သီခ်င္းေခြေတြမွာ မၾကာမၾကာ ေတြ႔ျမင္ရေလ့ရိွေပမယ့္ ႏွစ္အေတာ္ၾကာေပ်ာက္သြားၿပီး ေအာင္ျမင္မႈေတြနဲ႔အတူ အႏုပညာအလုပ္ေတြျပန္လည္လုပ္ကိုင္ေနၿပီျဖစ္တဲ့ စမိုင္းလ္ ကိုေတာ့အားလံုးသိၾကမွာပါ ။ အခု Myanmar Celebrity နဲ႔အင္တာဗ်ဴးမွာ စမိုင္းလ္ ကအဖြားေဒၚခင္ေလးေဆြကိုနားၾကပ္ဝယ္ေပးျဖစ္တဲ့ကိစၥနဲ႔ အခုျမန္မာျပည္ ေအာက္ပိုင္းမွာေတြ႔ႀကံဳေနရတဲ့ သဘာဝေဘး အႏၱရာယ္ေတြနဲ႔ပတ္သက္ၿပီး ေျပာျပသြားတဲ့အေၾကာင္းေတြကိုေျပာခ်င္လြန္းလို႔ ပရိသတ္ေတြသိေအာင္ေျပာျပေပးလိုက္ပါတယ္။

အဖြား ေဒၚခင္ေလးေဆြ ကို နားၾကပ္ ဝယ္ေပးျဖစ္တဲ့ ကိစၥကိုလည္း “အဖြားနဲ႔ကအစ္မခရီးသြားတာ ႏွစ္လေလာက္ၾကာသြားတယ္ဆိုေတာ့ မေတြ႔ရဘူးေလ အဲ့ဒါေၾကာင့္ပါ ။ေနာက္ၿပီးေတာ့လည္း နားၾကပ္က ၇၆သိန္းဆိုတာမဟုတ္ပါဘူး လို႔ အဖြားက ကပ္စီးနည္းတတ္လို႔ေနာက္တာေပါ့ေနာ္ ။ အစ္မနဲ႔အဖြားနဲ႔က အဲ့ဒီလို အၿမဲတမ္းစေနာက္ေနက် ။ အဖြားနဲ႕ က အစ္မအမ်ားဆံုးတူတယ္ မ်ားေသာအားျဖင့္ ႐ုပ္လည္းဆင္တယ္ ။ ဘယ္လိုေျပာရမလဲ အဖြားဆိုရင္ ျဖတ္ထိုးဥာဏ္ ေကာင္းတယ္ တစ္ခုခုေျပာလိုက္ရင္ တစ္ခုခုျပန္ေျပာလိုက္တဲ့ဟာ ေပါ့ ရယ္စရာ အဲ့ဒီလိုမ်ိဳးေလးေတြလည္းပါတယ္ ။အဲ့ဒါေၾကာင့္မို႔လည္း အႏုပညာသမားျဖစ္သြားတာေပါ့ ။

ေရေဘးဒုကၡေရာက္ေနသူေတြဆီကို အလွဴလုပ္သြားဖို႔႐ိွသြားတဲ့အေၾကာင္းကိုလည္း “ အခုဒီ ေမာ္လၿမိဳင္မွာျဖစ္ေနတဲ့ ေရေဘးေပါ့ေနာ္ ေတာ္ေတာ္ေလးကို ျဖစ္ေနတယ္ ။ေတာ္ေတာ္လည္းဆိုးရြားတယ္ မေန႔ညက ဓာတ္ပံုေတြတက္လာမွာ သိရတယ္ ။ အဲ့ဒီေတာ့ အစ္မတို႔ ကယ္ဆယ္ေရးအဖြဲ႕ေတြနဲ႔ လွဴဒါန္းဖို႔ဟာေလးေတြေပါ့ အလွဴေငြလည္းထည့္တယ္ အစားေသာက္အေနနဲ႔ ေခါက္ဆြဲေျခာက္ေတြ အဲ့ဒီဟာေတြနဲ႔ အက်ႌအဝတ္အစားေတြနဲ႔ အစ္မတို႔လွဴတဲ့ Group တစ္ခုအေနနဲ႔ ထြက္မယ္ အဲ့တာကေတာ့ အစ္မပိုက္ဆံပဲ အရင္ဆံုးလွဴထားတာေပါ့ ။ အဲ့ဒီပိုက္ဆံလွဴထားတာေတာ့ အရင္ဆံုးတြက္ၿပီးေတာ့ ပိုက္ဆံသြားလွဴၾကမယ္ ။ ၿပီးေတာ့မွ သူတို႔ဘာလုိအပ္တယ္ဆိုတာကို သိရင္လိုအပ္တဲ့ဟာေတြထပ္လွဴႏိုင္ဖို႔ စီစဥ္ေနပါတယ္။”ဆိုၿပီးေျပာျပသြားခဲ့ပါတယ္။

Loading...

Credit#nanmalgyi

Unicode Version

တစ်ချိန်က VCD သီချင်းခွေတွေမှာ မကြာမကြာ တွေ့မြင်ရလေ့ရှိပေမယ့် နှစ်အတော်ကြာပျောက်သွားပြီး အောင်မြင်မှုတွေနဲ့အတူ အနုပညာအလုပ်တွေပြန်လည်လုပ်ကိုင်နေပြီဖြစ်တဲ့ စမိုင်းလ် ကိုတော့အားလုံးသိကြမှာပါ ။ အခု Myanmar Celebrity နဲ့အင်တာဗျူးမှာ စမိုင်းလ် ကအဖွားဒေါ်ခင်လေးဆွေကိုနားကြပ်ဝယ်ပေးဖြစ်တဲ့ကိစ္စနဲ့ အခုမြန်မာပြည် အောက်ပိုင်းမှာတွေ့ကြုံနေရတဲ့ သဘာဝဘေး အန္တရာယ်တွေနဲ့ပတ်သက်ပြီး ပြောပြသွားတဲ့အကြောင်းတွေကိုပြောချင်လွန်းလို့ ပရိသတ်တွေသိအောင်ပြောပြပေးလိုက်ပါတယ်။

အဖွား ဒေါ်ခင်လေးဆွေ ကို နားကြပ် ဝယ်ပေးဖြစ်တဲ့ ကိစ္စကိုလည်း “အဖွားနဲ့ကအစ်မခရီးသွားတာ နှစ်လလောက်ကြာသွားတယ်ဆိုတော့ မတွေ့ရဘူးလေ အဲ့ဒါကြောင့်ပါ ။နောက်ပြီးတော့လည်း နားကြပ်က ၇၆သိန်းဆိုတာမဟုတ်ပါဘူး လို့ အဖွားက ကပ်စီးနည်းတတ်လို့နောက်တာပေါ့နော် ။ အစ်မနဲ့အဖွားနဲ့က အဲ့ဒီလို အမြဲတမ်းစနောက်နေကျ ။ အဖွားနဲ့ က အစ်မအများဆုံးတူတယ် များသောအားဖြင့် ရုပ်လည်းဆင်တယ် ။ ဘယ်လိုပြောရမလဲ အဖွားဆိုရင် ဖြတ်ထိုးဉာဏ် ကောင်းတယ် တစ်ခုခုပြောလိုက်ရင် တစ်ခုခုပြန်ပြောလိုက်တဲ့ဟာ ပေါ့ ရယ်စရာ အဲ့ဒီလိုမျိုးလေးတွေလည်းပါတယ် ။အဲ့ဒါကြောင့်မို့လည်း အနုပညာသမားဖြစ်သွားတာပေါ့ ။

ရေဘေးဒုက္ခရောက်နေသူတွေဆီကို အလှူလုပ်သွားဖို့ရှိသွားတဲ့အကြောင်းကိုလည်း “ အခုဒီ မော်လမြိုင်မှာဖြစ်နေတဲ့ ရေဘေးပေါ့နော် တော်တော်လေးကို ဖြစ်နေတယ် ။တော်တော်လည်းဆိုးရွားတယ် မနေ့ညက ဓာတ်ပုံတွေတက်လာမှာ သိရတယ် ။ အဲ့ဒီတော့ အစ်မတို့ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ လှူဒါန်းဖို့ဟာလေးတွေပေါ့ အလှူငွေလည်းထည့်တယ် အစားသောက်အနေနဲ့ ခေါက်ဆွဲခြောက်တွေ အဲ့ဒီဟာတွေနဲ့ အင်္ကျီအဝတ်အစားတွေနဲ့ အစ်မတို့လှူတဲ့ Group တစ်ခုအနေနဲ့ ထွက်မယ် အဲ့တာကတော့ အစ်မပိုက်ဆံပဲ အရင်ဆုံးလှူထားတာပေါ့ ။ အဲ့ဒီပိုက်ဆံလှူထားတာတော့ အရင်ဆုံးတွက်ပြီးတော့ ပိုက်ဆံသွားလှူကြမယ် ။ ပြီးတော့မှ သူတို့ဘာလိုအပ်တယ်ဆိုတာကို သိရင်လိုအပ်တဲ့ဟာတွေထပ်လှူနိုင်ဖို့ စီစဉ်နေပါတယ်။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

Related Articles

Close