Live မှာ နာရီဝက်အတွင်း သိန်း (၇၇၀) တန် စိန်လက်စွပ် သုံးကွင်း ဈေးဦးပေါက်ရောင်းလိုက်ရလို့ပျော်နေတဲ့ ထက်ထက်မိုးဦး
ဆယ်စုနှစ်တွေကတည်းက အောင်မြင်လာတဲ့ ထက်ထက်မိုးဦးကတော့ အနုပညာလောကထဲကို တစ်ကျော့ပြန်ဝင်ရောက်လာခဲ့ပြီး ယနေ့အချိန်ထိလည်း အံ့သြစရာကောင်းလောက်အောင်ကို ကြော်ငြာဘုရင်မအဖြစ် ဆက်လက်ထိန်းထားနိုင်ဆဲပါပဲနော်။ အခုတစ်ခါမှာတော့ Live လွှင့်ပြီး ရတနာတွေရောင်းချနေတဲ့ ထက်ထက်ရဲ့ Live လေးမှာ သိန်းရာကျော်တန် လက်ဝတ်ရတနာတွေ ဝယ်ယူပြီး မထက်ကို ချစ်ကြောင်းသက်သေပြခဲ့ကြပါတယ်။
ဒီနေ့မှာလဲ ထက်ထက်ကတော့ စိန်ရတနာတွေကို Live လွှင့်ဈေးရောင်းရာ ဈေးဦး ပေါက်မှာပဲ သိန်း (၇၇၀)တန် လက်စွပ်ကြီး ၃ ကွင်းရောင်းလိုက်ရတာပဲဖြစ်ပါတယ်။ ထက်ထက်ကတော့ ဈေးဦးပေါက်ရောင်းလိုက်ရလို့ အရမ်းကိုပျော်နေပါတယ်။
သိန်း (၈၀၀) တန်လက်စွပ်ကြီးကို ထက်ထက်က ဈေးဆစ်ပေးခဲ့တာကြောင့် သိန်း (၇၇၀) နဲ့ရခဲ့တာပဲဖြစ်ပါတယ်။ ထက်ထက်ကတော့ Live လွှင့်ရင်းဈေးဆက်ရောင်းနေတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးကလဲ ထက်ထက်ရဲ့ Live လေးမှာ သွားပြီး အားပေးကြပါဦးနော်။
Swelsone News
နှစ်ဖက်မိသားစုဝင်တွေကို အသက်သေဆုံးစေခဲ့ပြီး ပွဲလာဧည့်သည်တွေကို ဒုက္ခရောက်စေခဲ့တဲ့ မင်္ဂလာပွဲ
Unicode
ဖြစ်စဉ်ကတော့ အင်ဒိုနီးရှားနိုင်ငံမှာ Covid -19 ရောဂါကူးစက်မှုမြင့်မားနေချိန် ၊ Semarang မြို့မှာနေထိုင်စုံတွဲဟာ ၎င်းတို့ရဲ့ မင်္ဂလာပွဲကိုကျင်းပခဲ့ပါတယ် ။
အဆိုပါနိုင်ငံရဲ့ ဘာသာရေးအဖွဲ့အစည်းက June 10 ရက်နေ့ကနေစပြီး မင်္ဂလာပွဲကျင်းပခွင့်ပေးခဲ့ပေမဲ့ နေရာနှင့်ပက်သက်ပြီး လူဦးရေအကန့်အသတ်ဖြင့်မင်္ဂလာပွဲကျင်းပခွင့်ပေးခဲ့တာပါ ။
မင်္ဂလာပွဲကိုနေအိမ်အတွင်းကျင်းပမယ်ဆိုရင်တော့ ဧည့်သည် 10 ဦးခန့်သာ ခွင့်ပြုထားပြီး ၊ ကြီးမားတဲ့ခန်းမတွေမှာ ကျင်းပမယ်ဆိုရင်တော့ လူ 20 ဦးအထိ လာရောက်ခွင့်ပြုထားပါတယ် ။
သို့ပေမဲ့လည်း အဆိုပါစုံတွဲဟာ ခွင့်ပြုထားတဲ့လူအရေအတွက်ထက် ကျော်လွန်ပြီး ဧည်သည်တွေကိုဖိတ်ကြားကာ မင်္ဂလာပွဲကျင်းပခဲ့တဲ့အတွက် မင်္ဂလာပွဲသို့လာရောက်ခဲ့ကြသူများဟာ နောက်ပိုင်းတစ်ဦးပြီးတစ်ဦး ဖျားနာလာခဲ့ကြပါတော့တယ် ။
ကျန်းမာရေးညွန်ကြားချက်အတိုင်း လိုက်နာခြင်းမရှိတဲ့အပြင် သတို့သား၊သတို့သမီးတို့ဟာ လူအယောက် 30ထက်ကျော်လွန်ပြီး ဖိတ်ကြားခဲ့ကြတာဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောကြားသွားခဲ့ပါတယ် ။
ထို့ကြောင့် မင်္ဂလာပွဲသို့လာရောက်ခဲ့ကြသူပေါင်း 30ကျော်ဟာလည်း Covid-19 ရောဂါ ကူးစက်ခြင်းခံခဲ့ရပါတယ် ။ ထို့အပြင် သတို့သား၏မိခင် နှင့် သတို့သမီး၏ညီမဖြစ်သူတို့ဟာလည်း Covid-19 ကူးစက်ခံရမှုကြောင့် အသက်သေဆုံးသွားခဲ့ရပါတယ် ။
ဖခင်ဖြစ်သူကို နောက်ဆုံးမြင်တွေ့ခွင့်မရခဲ့တဲ့ ကိုဗစ်လူနာအမျိုးသမီးရဲ့ ကြေကွဲဖွယ် ဆွမ်းအလှူ
မကြောက်တတ်သူများဖတ်ဖို့…ဒီနေ့ AYA Covid Center B မှာ ကျမတို့ Team C က 24hr တာဝန်ယူရပါတယ်။မနက် ၉ နာရီဝန်းကျင်ခန့်မှာပဲ အမျိုးသမီးဆောင် I ဆောင်ဘက်က volunteer တစ်ယောက်ကဖုန်းဆက်အကြောင်းကြားလာပါတယ်။ သူတို့နေတဲ့အထပ်က အမျိုးသမီးတစ်ယောက် အိမ်မှာ ကျန်ခဲ့တဲ့ ဖခင် သေသွားလို့ PPE ဝတ်ပြီး အသုဘ ပို့ချင်လို့ပါတဲ့။
သေချာမေးမြန်းကြည့်လိုက်တော့ တော်တော်လေး ရင်နာဖို့ကောင်းပါတယ်။ သူတို့က အဖေတစ်ခု သမီးတစ်ခုပါ။ အသက် ၄၀ အရွယ် သမီးဖြစ်သူက ကိုဗစ် positive ဖြစ်ပြီး ဆေးရုံတက်နေတုန်း အိမ်မှာ တစ်ဦးတည်းကျန်ခဲ့တဲ့ အသက် ၇၀ ကျော်အဖေဟာ အိမ်မှာ lock down ကျခံနေရင်းက ရုတ်တရက်သေဆုံးတာပါ။
အသုဘတွေမှာ မေးနေကျ စကားအတိုင်း “သြော် ဖြစ်ရလေ အမရယ်။ ဘယ်လိုဖြစ်တာလည်း” လို့ မေးပြီးမှ သူ့အဖြေ အဆုံးမှာ မေးမိတဲ့ ကိုယ့်လျာကို ကိုယ် ကိုက်ထားမိပါတယ်။ “ဘယ်သိမှာလည်း ဆရာမရဲ့။ ကျမမှ အနားမှာ မရှိတာ။ ဘယ်သူမှလည်း သူ့အနားမှာမရှိတော့ ဘယ်လိုဖြစ်သွားမှန်း ဘယ်သူမှမပြောနိုင်ဘူး…” ဆို ပြီး ငိုပါလေရော။
တွေးကြည့်ရင် ဒီသေဆုံးသူဟာ သူ့သမီး ကိုဗစ်ဖြစ်ပြီး ဆေးရုံတက်နေတာမို့ အရမ်းစိတ်ထိခိုက်ပြီး သေဆုံးတာ ဖြစ်နိုင်သလို သူလည်း ကိုဘစ်ရောဂါကူးစက်ခံရတာကြောင့် ရုတ်တရက်သေဆုံးမှုလည်း ဖြစ်နိုင်ပါတယ်။ (ကိုဗစ်ကြောင့် ပိုဖြစ်နိုင်ပါတယ်)။
သမီးဖြစ်သူကတော့ ကျမကို အတင်း တောင်းဆိုပါတယ်။ အသုဘပို့ရင်း နောက်ဆုံး အနေနဲ့ ဖအေ ကိုကန်တော့ ချင်ပါတယ်။ ရက်လည်တဲ့အထိမနေရလည်း ရပါတယ်။ အသုဘတော့ ခဏလေး လိုက်ပို့ပါရစေ။ သူ ppe ဝတ်သွားပါ့မယ်တဲ့။ FBပေါ်မှာလည်း PPE ဝတ်ပြီး အသုဘ ပို့ကြတဲ့ ပိုစ်တွေတွေ့နေပါတယ်တဲ့။
တကယ်က PPE ဆိုတာ ရောဂါမရှိသူက ဝတ်ရတဲ့ အကာအကွယ် အကျီပါ။ သူများဆီက ရောဂါ ကိုယ့်ကို မကူးအောင် ကာကွယ်တဲ့နေရာမှာသုံးတာပါ။ ရောဂါရှိသူဆီက လွင့်လာ တဲ့ ရောဂါပိုးတွေသည် ဒီဝတ်စုံရဲ့ အပြင်ဘက်မှာ ကပ်နေတင်နေတာမို့ ရောဂါပိုးနဲ့ ထိတွေခြင်းကို ကာကွယ်တာပါ။ PPE ဝတ်စုံ ဝတ်သူဟာ ဒီဝတ်စုံကို ပြန်ချွတ်တဲ့အခါ အရမ်းအရေးကြီးပါတယ်။ စနစ်တကျ မချွတ်တတ်ရင် ဝတ်စုံပေါ် တင်နေတဲ့ပိုးကို ကိုယ့်လက်နဲ့ပဲ ကိုင်မိပြီး ကိုယ်နဲ့ ထိပြီး PPE ကြီး ဝတ်ထားရက်နဲ့ ရောဂါကူးတယ် ဆိုတာမျိုး ဖြစ်တတ်ပါတယ်။
ရောဂါပိုးရှိတဲ့ လူနာကျတော့ PPE ဝတ်ထားတဲ့အခါလည်း ပိုး ရှိပြီးသားမို့ မထူးသလို ချွတ်တဲ့အခါလည်း ပိုးတွေကို ခါချသလို ဖြစ်မှာပါ။ အာ့ကြောင့် positive ဖြစ်ပြီးသားလူနာကို မဝတ်ပေးပါဘူး။ ဝတ်လည်း မထူးဘူးလေ။ PPE ကုန်ရုံပဲ ။ ကျမတို့တိုင်းပြည်မှာတော့ တခါတလေ လူနာကို PPE ဝတ်ပေးပါတယ်။ အကြောင်းပြချက် အမျိုးမျိုးနဲ့ပေါ့။
FB ပေါ်မှာတွေ့တဲ့ ကိုဗစ်လူနာသေလို့ အသုဘချတဲ့ ဓာတ်ပုံတွေမှာတော့ မိသားစုဝင်အချို့ကို စာနာစိတ်နဲ့ လိုက်ပါ ပို့ဆောင်စေပါတယ်။ ကိုဗစ်ရောဂါကြောင့်သေသူရဲ့ အနီးဆုံးဆွေမျိုး မိသားစုဝင် ၃ ဦးအထိပို့လို့ ရပါတယ်။ အဲ့ဒီပို့ဆောင်တဲ့ လူတွေသည် Q center နဲ့ PUI ward က သံသယ ရှိလူနာတွေတောင်မဖြစ်ရပါဘူး။ ဖျားမနေရဘူး။ ချောင်းမဆိုးနေရဘူး။ ကိုဗစ်သံသယ မရှိရဘူး လို့ သတ်မှတ်ထားလေတော့ ခု သူ့လို positve လူနာဆို အသုဘပို့ဖို့ ဝေလာဝေးပေါ့။
လိုက်ပါပို့တဲ့ သူတွေဟာအသုဘပို့ပြီး ပြန်တာနဲ့ Q center ဝင်ပါ့မယ်လို့ လက်မှတ်ထိုးရပါတယ်။ အသုဘပို့ ပြီးတာနဲ့ Q center ကို တန်းခေါ်သွားတာပါ။ လုပ်ထုံး လုပ်နည်းအရပေါ့။
အခု ကိစ္စမှာတော့ သူ့သမီးကိုယ်တိုင်က ဆေးရုံတက် positve လူနာဖြစ်နေလေတော့ အပြင်ထွက်ဖို့ ဝေလာဝေးပေါ့။ ကျမတို့လို negative ဆရာဝန်တွေ Volunteer တွေတောင် ဆေးရုံပြင်ပ ထွက်ခွင့်မှ မရတော့တာကို။
ဖုန်းနဲ့ပဲ သူမကို နှစ်သိမ့်ပေးတော့ “ဆရာမရယ် သမီးတစ်ယောက်အနေနဲ့ သက်ပျောက်ဆွမ်းလေး သက်န်းလေးတောင် ကပ်မပေးနိုင်ခဲ့ဘူး” လို့ ငိုချပါတယ်။ဒါပေါ့။ ဖအေဖြစ်သူရဲ့ နောက်ဆုံး အခြေအနေမှာ မပြုစုခဲ့ရရင်တောင်ဒီအချိန်မှာ ကုသိုလ်ကောင်းမှု လေးတော့ ရည်စူးပြီး ပြုပေးချင်မှာပေါ့။
တိုက်တိုက်ဆိုင်ဆိုင်ပါ။ အဲ့တာကြောင့် ဒီရောဂါနဲ့ဆေးရုံတက်ပြီး နက်ဖြန် မနက်‌စောစောကျရင် ဆေးရုံကဆင်းမည့် ဆရာတော်တစ်ပါး ရှိပါတယ်။ မနက်ဖြန် အဲ့ဒီကိုဗစ်ဆရာတော်သာ ဆေးရုံကဆင်းရင် သူ့အဖေအတွက် ဆွမ်းကပ်ခွင့်လေးပါ မရဖြစ်သွားရင် ပိုရင်နာနေရမှာပါ။ Covid Control Centre ပေါ်ကနေပဲ ဖုန်းတလုံးနဲ့ ကိုဘစ်ဆရာတော်ရှိတုန်း ကိုဗစ်ဆွမ်းကပ်ဖို့ စီစဉ်ပေးရပါတယ်။ ကိုဗစ်ဆွမ်း လို့ ပြောတာက ကိုဘစ်လူနာတွေ အတွက် အလှူရှင်က ကျွေးတဲ့ ကိုဗစ်ထမင်းဘူးကိုပဲ ဆွမ်းအဖြစ်ကပ် ။ ဆေးရုံ တက် လူနာတွေအတွက် AYA foundation က ပေးဝေတဲ့ရေချိုးခွက်ထဲကို သောက်ရေခွက် ကော်ခွက်နဲ့ သူ့အဖေအတွက်ရေစက်ချဖို့ စီစဉ်ပေးဖြစ်ပါတယ်။ ယာယီဆေးရုံ ဆိုတော့ လည်း ဖြစ်သလို ပေါ့နော်။ သူ့ဘေးနားမှာ ဆွေမျိုး မိတ်ဆွေ တစ်ဦးမှ မရှိတာမို့ လူနာတွေကိုလည်း အချင်းချင်း ဖေးမဖို့ အကူအညီတောင်းပေးရပါတယ်။
Control Room ဘက်ကနေစဉ်းစားလို့ရသလောက် အချိန်မှီ စီစဉ်ပေးခဲ့ပြီး CCTV ကနေ ရေစက်ချရင်း သူမငိုနေတာကို ကြည့်ပြီး ကျမတအားမောပါတယ်။မနက်ဖြန် ကိုဗစ်ဆရာတော် ဆေးရုံ ကဆင်းရင် သင်ကန်းကပ်စရာ ဘုန်ကြီး မရှိနိုင်။ ဘယ်ဘုန်းကြီးမှ ကိုဘစ်ဆေးရုံထဲ သက်န်းကပ်ဖို့မပြောနဲ့ သိန်းတစ်သောင်းခွဲပေါက်မည့် ထီလက်မှတ်ကပ်မယ် ဆိုရင်တောင် ကြွပြီး အလှူခံမယ်မဟုတ်လို့ ဆရာတော်ရှိတုန်း သက်န်း ကပ်နိုင်အောင် Volunteer ခေါင်းဆောင်ကို သက်န်းတစ်စုံဝယ်ခိုင်းပြီး volunteer တွေအတွက် ပေးထါးတဲ့ မုန့်တွေဆေးတွေနဲ့ ရော.. စက္ကူဘူးထဲထည့်ပြီး ကိုဘစ်ကန်တော့ပွဲ တစ်ပွဲ စီစဉ်ပေးပြီး သူ့အဖေအတွက် ကောင်းမှုပြုနိုင်ဖို့ အတတ်နိုင်ဆုံးကူညီပေးခဲ့ပါတယ်။
သူမက အလှူတေမြာက်အောင် သက်န်းဖိုး ပေးမယ်လုပ်ပေမည့် သူတို့ ဆေးရုံဘက်က မည်သည့်ပစ္စည်းကျိုမှ ကျမတို့ Control center ဘက်ကို ယူလာခွင့်မရွိ ယူလာလို့မရတာမို့ (ရောဂါပိုးပါလာမယ်စိုး) ကျမတို့ AYA Center ရဲ့ ကူညီမှု ပါလို့ပဲ ပြောခဲ့ရပါတယ်။
တရားပေးဖို့တရားနာဖို့ အတွက် ကိုဗစ်ဆရာတော်ကို အသန့်ဆုံးနေရာဖြစ်နိုင်တဲ့ လူနာစမ်းသပ်ခန်းဘက်ကို ကြွခိုင်းခဲ့ပြီး သေသွားတဲ့ သူ့အဖေအတွက် ကောင်းမှုပြုစေခဲ့ပါတယ်။
Control center ရဲ့ CCTV ကနေ ကိုဗစ်လူနာစမ်းသပ်ခန်းမှာ တရားပေးဝေ‌နေတဲ့ ကိုဗစ်ဆရာတော် အရှေ့က စက္ကူပုံးနဲ့ ထည့်ထားတဲ့ ကျမတို့ ဆေးရုံရဲ့ ကိုဗစ် ကန်တော့ပွဲ.. . ရင်ကွဲ ပက်လက် လှူနေရှာတဲ့ ကိုဗစ်လူနာ အမျိးသမီး.. ပြုတဲ့ ကုသိုလ်ကို ကိုဗစ်ရောဂါကြောင့် သေဆုံးသူဖြစ်တဲ့ ဖခင်ဖြစ်သူ သိပါစေ ကြားပါစေလို့ပဲ မွန်းမွန်းကျပ်ကျပ် ဆုတောင်းမိပါတယ်။
ကိုယ်တွေ အတတ်နိုင်ဆုံးကူညီခဲ့ပေမည့် သူ့အတွက်တော့ အဆိုးဆုံး အမှတ်တရ ဖြစ်နေတော့မှာ။
အချိန်ရရင် အခြားလူနာတွေ အကြောင်းလည်း ရေးပါအုန်းမယ်။
Dr.MyatThant – AYA Covid Center (ll)
သုဝဏ္ဏ ဘောလုံးကွင်း
အရင်ခေတ်က အစိုးရဝန်ထမ်းနဲ့ အခုခေတ် အစိုးရဝန်ထမ်း ဘာတွေ ကွာခြားလာပြီလဲ?
အရင်ခေတ်က အစိုးရဝန်ထမ်းနဲ့ အခုခေတ် အစိုးရဝန်ထမ်း ဘာတွေ ကွာခြားလာပြီလဲ?
အန်နယ်လ်ဒီ အစိုးရ တက်လာတော့ ဝန်ထမ်းတွေ ဘဝ ဘာတိုးတက်လည်း မေးရရင်။ လခလည်း မတိုးပါဘူး။ အောက်ဆိုဒ် လဲ နည်းသွားတယ်။ ဘာတိုးတက်လဲမေး စိတ်ဓာတ်ပိုင်း မှာ တိုးတက်လာတယ်။ အခု ဆေးရုံမှာ အလှူခံ ဘာညာ လုပ်တာ မျိုး အစိုးရ ၀၄၀၂ တွေ သေချာသုံးတာမျိုး မလောက် အလှူခံ သုံးတာမျိုး ဆို အမလေး။ အရင်တုန်းကဆို သောက်ပေါ ကြီး ကိုဖြစ်လို့။
လူကြီးတွေ က အများကောင်းကျိုး လုပ်တာမကြိုက်ဘူး မင်းဟာမင်း တုတ်နဲ့ရိုက်လို့ရရ ဓါးနဲ့ခုတ်လို့ရရ သူ့ သေချာဂါဖို့ ပဲ။ အဲ့ တုန်းက ပြောတာနော် အဲ့တုန်းက မင်းဟာ မင်း လူနာ လည်မျိုနင်း တောင်းတောင်း အတိုင်ခံရ ရင် သွားဂါလိုက် အေးဆေးပဲ။ အဲ့သလို ။ ဆိုတော့ အဲ့ သလိုခေတ်ကနေ တကယ် အလုပ်လုပ်တဲ့ ခေတ်။
လူကြီးတွေတချို့ ကတော့ အရင်ခေတ် တမ်းတနေတုန်း ထားလိုက်တော့ သူတို့ မျိုးဆက်က ပြင်မရတော့ဘူး ငိငိ။ တကယ်အလုပ်လုပ်တာ ကိုဂုဏ်ယူစရာဖြစ်တဲ့ ခေတ် ရောက်လာတာပဲ။ စိတ်ပိုင်း ဆိုင်ရာ moral ကျင့်ဝတ် စံနှုန်းတွေတက်လာတယ်။ ကိုယ်​စေတနာ ပါတာ ကွကိုယ်သိတယ်။ ဝမ်းရေး အတွက်လည်း ရှာရဖွေရတယ်။ သတ်သတ်ဆီ ခွဲထားပြီး အလုပ်လုပ်ရတယ်။ လိ ပ် ပြာ လှလာတယ်။ ကိုယ့် ကို ကိုယ်မလေးစားနိုင်တဲ့ လူ မဖြစ်တော့ဘူး။
အတိတ်က ကိစ္စ တွေပြန်တွေး ပြီး ညစ်ထပ်ထပ် လူ မဖြစ်တော့ဘူး အရင်က ပြည်သူ့ မျက်နှာဘာညာ မရှိဘူး ဂွင်ရှာ အထက်အဆင့်ဆင့် ဖား။ ​မင်းဟာ မင်းပညာရပ် ပိုင်းဆိုင်ရာ မိုးထိုးအောင် တော်တော် မင်း မဖားရင် မဂါရင် လစ်ပဲ။ ဆိုတော့ လူတွေက ကျင့်ဝတ်က ပျက်တာပဲ။ မင်းဘာသာ ဘယ်လောက် အလုပ် ကြိုးစား ကြိုးစား မင်း မချမ်းသာရင် မင်း ဘယ်သူအထင်မကြီးဘူး ဆိုတော့ ငွေမည်းတွေက ဝင်လာ။ လာဘ်ပေးလာဘ်ယူ တွေက ကြီးထွား ဘာဖြစ်လဲဆိုတော့ အပြိုင် ခိုး ရတော့တာပဲ မခိုးနိုင်တဲ့ကောင် မဂါနိုင်တဲ့ကောင် ကျန်နေတာပဲ။
သွားမဝေဖန်နဲ့ ဝေဖန်တဲ့ ကောင်ဝိုင်း တွယ်တာ။ အလုပ်တွေ ဘာတွေ ကြိုးစား ပြမနေနဲ့။ ကိုယ့် ပိုက်ဆံ ရှိမှ။ အဲ့ သလို။ အဘတို့ အဖွဲ့ထဲ ဆို ကျားလဲကြောက်ရ ကျားချီးလည်ကြောက်ရ ကျား မွှေးလဲကြောက်ရ ဆိုသလိုပဲ။ အဘ အိမ်က ခွေးတောင် ကြောက်ရတယ်။ သူတို့ ကတော့ အဲ့ စနစ် ကို စည်းလုံးမှု အမိန့်နာခံမှုထင်ကြတယ်။ ဖားနိုင်မှ ခြေဆုတ်လက်နယ် ပြုစုနိုင်မှ ရာထူးတိုးတာကလား။ အဆင့်ဆင့် ဖား တဲ့ ဖား စပယ်ရှယ်လစ်တွေ။ ဂါလည်ဂါရတဲ့ အဂါ စပယ်ရှယ်လစ်တွေ။ လျာနဲ့ ယှက်မပေးယုံတမယ် ဖားကြ ဂါကြရတာ။
အဲ့တော့ မူလ ဘူတ အလုပ်မှာ မထူးချွန် ပဲ ဖားတဲ့ ဂါတဲ့နေရာ သွားပြိုင်နေတာ အဖားနိုင်ဆုံးကောင် အဂါနိုင်ဆုံးကောင် ရာထူးတိုးတာပဲ။ အဲ့တော့ အဲ့အဖွဲ့ မှ QC မကျ။ ဘယ်အဖွဲ့မှ မကျဘူး အမယ် အဲ့ အဖွဲ့ က အပြင်ထွက်လာတော့လဲ သောက်ကျင့် ကမပျောက်ဘူးဗျာ။ ဆက် ပြီးအဖား ခံ ချင်တုန်း။ အဲ့တော့ သူတို့ အများဆုံး အပြင်ထွက်တဲ့ အပေါက်ရှိတဲ့ တပ်ဖွဲ့ကြီးလည်းပျက်တာပဲ။
သူတို့က ပိုစနစ်ကျတယ်။ လစဉ် ဂါကြေး ဘာညာတွေ နဲ့ မသိတရားဝင် အတိုင်း ပဲဗျ။ ဟဟ ထားပါ။ ကျန်တဲ့ ဝန်ထမ်းတွေ ပြင်ကြပေမဲ့ သူတို့ကတော့ ဂါဂါ ဂါတဝ တရား အဖားတော်တရာ တွေနဲ့ Professional မဆန်ပဲ ပျက်နေဆဲပေါ့။ ကျန်တဲ့ ဝန်ထမ်းတွေတော့ ကြောက်လို့ကော ကြပ်လို့ကော ပြောင်းချင်စိတ်ရှိလို့ကော မူတွေ ပြင်ကြတယ်။
အဓိကက ဝန်ထမ်းတွေက လခနဲ့မလောက်တော့ ရပေါက် ရလမ်းကလည်း ရှာရတယ်။ အလုပ်အပေါ် စေတနာလဲ ထားလာတယ်။ ဒဲ့ပြောရရင် လစာနဲ့ မလောက်တော့ ဂွင်တော့ ရှာရတုန်းပဲ။ သို့ပေမဲ့ အရင်ကလို့ ဆိုးဆိုးဝါးဝါး မခိုးတော့ဘူး ကိုယ့်အလုပ်ရဲ့ တန်ဖိုး မလျော့စေသော ဂွင်လေးတွေ နဲ့ပဲ။ ခပ်ပါးပါး လုပ်ကြတယ်။
ဘယ်သူမှ မကင်းပါဘူး။ သို့ပေမဲ့ အလုပ်ကို အလုပ်နဲ့တူအောင် လုပ်ကြတယ်။ ဆိုတော့ လူက ကိုယ်မတရားသဖြင့် ရှာကြံနေတာမဟုတ်မှန်း ကွကိုယ်သိတော့ ခါးတွေမတ်လာတယ်။ အလုပ်နဲ့ပညာအပေါ် မာန ရှိလာတယ်။ အမှန်ကို ပြောရဲလာတယ်။ စိတ်က ကြည်လာတယ်။ နှလုံးက လှလာတာပဲ။ အဓိက ကက ကိုယ့်သားသမီး ကို ဆုံးမတဲ့အခါ အမှားအမှန် ကို လိပ်ပြာလုံစွာ ဆုံးမနိုင်တယ်။ ကိုယ့်ကိုကိုယ် အထင်မသေးတော့ဘူးလေ။ လိပ်ပြာက လှသွားပြီကို။
Htet Wai Linn
Source: ZCC
လူတစ်ယောက်ရဲ့နာမည်အစ စာလုံးကိုသိရင် သူရဲ့အကြောင်းကို ခန့်မှန်းကြည့်မယ်…..
နာမည်အစစာလုံးက ပြောပြနေတဲ့ သင့်ရဲ့အကြောင်း
လူတစ်ယောက်ရဲ့ နာမည်ဟာ သူ့ရဲ့စိတ်နေစိတ်ထားနဲ့ အကျင့်စရိုက်လေးတွေကို ဖော်ပြလေ့ရှိတယ်လို့ ယုံပါရဲ့လား။ ဥပမာ သူ့နာမည်က Su Su ဆိုရင် နာမည်အစ စာလုံးက S ပေါ့နော်။ သူ့ရဲ့နာမည်အစစာလုံး ဒါမှမဟုတ် ကိုယ်သိချင်တဲ့လူရဲ့ နာမည်အစစာလုံးကိုကြည့်ပြီး သူက ဘယ်လိုလူမျိုးလဲဆိုတာ အကဲခတ်ကြည့်ရအောင်ပါ။
A, H, I, O, Y
ဂျိုကာနဲ့တူတဲ့လူတွေပါ။ လူတိုင်းကို ပျော်ရွှင်အောင်လုပ်ပေးနိုင်သူတွေပေါ့။ ဒါပေမဲ့ သူတို့ဝမ်းနည်းတာ၊ စိတ်ဓာတ်ကျတာတွေ တခြားစိတ်ခံစားချက်တွေကို ဘယ်သူမှမသိအောင် ကြိတ်ခံစားပြီး ကိုယ့်ကြောင့် သူများစိတ်မညစ်အောင် နေတတ်ကြသူတွေဖြစ်တယ်။ အမြဲတမ်းပျော်ပျော်နေပြတတ်တော့ လူချစ်လူခင်ပေါတယ်။ အလုပ်အကိုင်နဲ့ပတ်သက်ရင် ကံကောင်းတယ်။ အချစ်ရေးမှာ ကျန်ရစ်ဖြစ်ခဲ့ရတာများတယ်။ စိတ်ခံစားလွယ်တဲ့အထဲမှာလည်း ပါတယ်။
B, C, L, M, N
သူတို့ကျတော့ လက်ဆောင်ဘူးနဲ့တူတယ်။ အထဲမှာ ဘာဖြစ်နေလဲဆိုတာ ခန့်မှန်းဖို့မလွယ်ဘူး။ သူတို့ရဲ့စိတ်နေစိတ်ထားကိုလည်း တော်ရုံနဲ့မသိရဘူး။ မသိရအောင်လည်းနေတယ်။ ရုပ်မချောတာတောင် ဆွဲဆောင်မှုရှိကြသူတွေပါ။ တစ်ယောက်တည်းနေတတ်ကြတယ်။ အချစ်ရေးမှာတော့ ကိုယ့်စိတ်ကိုယ်တောင် သေသေချာချာမသိလို့ ပြဿနာတွေ အခက်အခဲတွေကြုံရလေ့ရှိတယ်။ အလုပ်ကြိုးစားပေမဲ့ အလုပ်ကံက သိပ်မကောင်းတတ်ကြဘူး။
J, K, R, T
သူတို့ဟာ ပင်လယ်နဲ့တူတယ်။ ပြီးပြည့်စုံခြင်းတွေနဲ့ ပြည့်နှက်နေတဲ့သဘောရှိတယ်။ ကံအကောင်းဆုံးလူတွေလို့လည်း ပြောလို့ရတယ်။ လျှို့ဝှက်ချက်နဲ့ မာယာကြွယ်သူတွေလည်းဖြစ်တယ်။ အားမနာတတ်ဘူး။ မဟုတ်မခံစိတ်ရှိသူတွေ။ အချစ်ရေးမှာ ဦးနှောက်နဲ့နှလုံးသားကို အကန့်ခွဲထားနိုင်ကြတာက သူတို့ရဲ့စူပါ ပါဝါပဲ။ ဝန်ထမ်းဘဝမှာ မပျော်မွေ့ဘဲ ကိုယ်ပိုင်လုပ်ငန်း လုပ်ချင်ကြသူတွေပါ။ တည်ငြိမ်ရင့်ကျက်တဲ့အသွင်ကြောင့် လူအထင်ကြီးတာလည်း ခံရတယ်။
D, E, P, Z
ဒီလိုနာမည်အစ စာလုံးရှိသူတွေကို ကုလားထိုင်နဲ့တူတဲ့လူတွေလို့ ဆိုကြတယ်။ ဆိုလိုတာက တစ်ယောက်တည်းနေပြီး အေးဆေးတည်ငြိမ်ကြသူတွေပေါ့။ လွတ်လပ်မှုကို မြတ်နိုးတယ်။ ကိုယ့်ကိုယ်ကိုယ်ထက် တခြားအရာတွေကိုချစ်ဖို့ စိတ်မဝင်စားဘူး။ ဇိမ်ကျကျနေရတာ သဘောကျတယ်။ အကောင်းဆုံးဆိုတာတွေကမှ လိုချင်တယ်။ စကားနည်းပေမဲ့ ဆုံးဖြတ်ချက်ခိုင်မာတယ်။ မိသားစုပတ်ဝန်းကျင်မှာ သြဇာအာဏာညောင်းတယ်။ အလုပ်ကိုလည်း အေးအေးဆေးဆေးလုပ်ရတာမျိုးပဲ လုပ်ချင်ကြသူတွေပါ။ အချစ်ရေးကျတော့ မြဲတာရှားတယ်။ ချစ်ပြီးရင်း ချစ်ရင်း ဖြစ်နေတတ်တာ။
F, G, S, U
စာကလေးနဲ့တူတဲ့လူတွေပါ။ ပိကျိပိကျိနဲ့ အရမ်းစကားများတယ်။ စကားလည်း အရမ်းတတ်တယ်။ ရုပ်မချောလည်း ချစ်စရာကောင်းနေတာ။ အမြဲလိုလို ဟာသတွေလုပ်တယ်၊ ဟာသတွေပြောတယ်။ စိတ်ဆိုးစိတ်ကောက်လွယ်သလားမမေးနဲ့။ ဒါပေမဲ့ ပြန်ချော့ရင်လည်း ခဏလေးနဲ့ပြေရော။ အလုပ်တစ်ခုတည်းမှာ အချိန်ကြာကြာလုပ်ရတာနည်းတယ်။ ဘယ်အလုပ်မှာမဆို ကြိုးကြိုးစားစားလုပ်ချင်စိတ်တော့ အပြည့်ရှိတယ်။ အချစ်ရေးမှာတော့ စိတ်ကူးယဉ်ဆန်လွန်းကြသူတွေပါ။ ကိုယ့်ကို ဖူးဖူးမှုတ်ချစ်ပြ၊ ကြင်နာယုယပေးနိုင်တဲ့လူကိုမှ ချစ်ချင်တယ်။ ကိုယ်ကလည်း ချစ်သူကို အရိပ်တကြည့်ကြည့်နဲ့ မြတ်နိုးတတ်တဲ့ ရိုမန့်တစ်အဆန်ဆုံးလူတွေ ဖြစ်ပါသတဲ့။
Credit: Duwun
Stay Home က ပြီးသွားပြီလား? မနက်ဖြန် အပြင်ထွက်လို့ ရပြီလား?
Nay Thway
Unicode
Stay Home က ပြီးပြီလား။ မနက်ဖြန်ဆို အပြင်ထွက်လို့ ရပြီလားဆိုပြီး လူတွေက သိချင်နေကြပါတယ်။
Stay Home က နောက်အမိန့်တခုထုတ်ပီး မပယ်ဖျက်မချင်း ဆက်လက်တည်ရှိနေပါတယ်။ ဒါကြောင့် ဆက်ရှိနေပါတယ်။
၂၁ ရက်နေ့အထိ သတ်မှတ်ထားတာက CMP စက်ရုံ၊ အလုပ်ရုံနဲ့ အသေးစားလုပ်ငန်းတွေအတွက်ပါပဲ။ သူတို့ကလဲ ၂၁ ရက်နေ့ မတိုင်ခင်ထဲက စစ်ဆေးပီး အလုပ်တွေ ပြန်လုပ်နေကြပါပီ။ ကျန်တာတွေက အရင်အတိုင်းပါပဲ။ ဒါကြောင့် အခုလိုပဲ အပြင်ထွက်ဖို့ အရေးမကြီးသူက အိမ်မှာနေပါ။ မဖြစ်မနေ ထွက်ရသူတွေက Mask တပ်ပါ။ လက်ဆေးပါ။ ခွာခွာနေပါ။
ရန်ကုန်က အရေးကြီးပါတယ်။ တောက်လျှောက်မြင့်တက်လာတဲ့ လူနာဦးရေမျဉ်းက အခုချိန်မှာ တန့်သွားပါတယ်။ ပီးတော့ တန်းလာပါတယ်။ သဘောက ဆပွား အများကြီး ထပ်မကူးပဲ ပိုဆိုးမလာပဲ တည်ငြိမ်လာတဲ့သဘောပါ။ ဒါက အိမ်ထဲမှာ ၂ ပတ်နေခဲ့ကြတဲ့ ကျေးဇူးပါ။ အဲဒီတန်းနေတဲ့ဇယားကို နိမ့်သွားအောင် ဆွဲချချင်ရင်တော့ အခုအချိန်က အလွန်အရေးကြီးပါတယ်။ စည်းကမ်းကို အတိအကျလိုက်နာပီး နေကြမယ်ဆိုရင်တော့ တန်းလာနေတဲ့မျဉ်းကြောင်းက အောက်ကို ပြန်ကျသွားပါလိမ့်မယ်။ မဟုတ်ရင်တော့ ပြန်ထောင်သွားနိုင်လို့ အထူးဂရုပြုနေထိုင်ပေးကြပါ။ ဘယ်သူကမှတော့ ဒီလိုဒုက္ခလှိုင်းကို နောက်တကြိမ်ရင်ဆိုင်ချင်မှာ မဟုတ်တာ သေချာပါတယ်။
New Normal ကို သေချာလိုက်နာကြပါစို့။ Fighting.
Nay Thway
Source: ZCC
ဝါရင့် ရုပ်ရှင်၊ ဂီတ အနုပညာရှင်ကြီး ရန်ပိုင်စိုး ကိုဗစ်ရောဂါဖြင့် ကွယ်လွန်သွား ရှာပြီ
ဝါရင့် ရုပ်ရှင်၊ ဂီတ အနုပညာရှင်ကြီး ရန်ပိုင်စိုး ကိုဗစ်ရောဂါဖြင့် ကွယ်လွန်သွား ရှာပြီ
ဝါရင့်ရုပ်ရှင်၊ ဂီတအနုပညာရှင်ကြီး ဦးရန်ပိုင်စိုး ယနေ့ နံနက် ၁၁ နာရီ ၁၀ မိနစ်က ကိုဗစ်ရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရပါတယ်။
အနုပညာရှင်ကြီး ရန်ပိုင်စိုးရဲ့ မြန်မာသံစဉ် ပေါ်ထားရှိတဲ့ ရည်မှန်းချက်တခုကို ပြန်လည် ဖော်ပြလိုက်ပါတယ်-
ဂီတသံစဉ် အမျိုးအစားများစွာရှိတဲ့ထဲကမှ မြန်မာသံစဉ်ဂီတဟာ လူငယ်များကြား တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်လုဖြစ်နေတဲ့အပေါ်မှာ တေးသံရှင် ရန်ပိုင်စိုးက အခုလိုပဲ ပြောပါတယ်။
“စိတ်မကောင်းဘူးဗျာ။ ကျနော်တို့ရှေ့က ဆရာတွေရဲ့ အသံတွေကြားပြီး ကျနော်တို့က ကြားဆရာအနေနဲ့ တောကနေ ရူးသွပ်ပြီး ရန်ကုန်တက်လာတာ။ မြန်မာသံပဲလေ။ နားယဉ်တာရော၊ ကျနော်တို့ ဆိုနိုင်တာရောက မြန်မာသံပဲ။ ခေတ်ပေါ် တေးဂီတတွေက ပေါ်ပေါ်လာတယ်။ ဒါကတော့ ခေတ်အဆက်ဆက်မှာ ရှိတယ်။ ဒါပေမဲ့လည်း အခုခေတ်ကျမှ လှိုင်းတံပိုးက မြင့်ပြီး ကျနော်တို့က တဖြည်းဖြည်းနဲ့ မှေးမှိန်လာတယ်။ ဒါကတော့ အများသိပြီးသားပါ။ ကိုယ့်ပေါင်ကိုယ် လှန်ထောင်း ပြောရတာ”လို့ ရန်ပိုင်စိုးက ပြောပါတယ်။
ကိုယ်တိုင်မွေးထားတဲ့ သားသမီးများကအစ ဖခင်ဖြစ်သူ ဘာသီချင်းတွေ ဆိုနေမှန်း မသိတဲ့အထိ အခြေအနေမျိုးဖြစ်ရတာ ဝမ်းနည်းစရာကောင်းတယ်လို့ ဆိုပါတယ်။ “ကျနော့်အိမ်က ကျနော့် သားသမီးတွေကအစ အဖေကြီးက ဘာသီချင်းတွေဆိုမှန်း မသိဘူး ဆိုတဲ့အခြေအနေမျိုး ဝမ်းနည်းစရာ သိပ်ကောင်းတယ်” လို့ ရန်ပိုင်စိုးက ပြောပါတယ်။
မြန်မာသံစဉ် သီချင်းဆိုပြိုင်ပွဲများ လုပ်ပေးမှသာ ယခင်ကဆိုခဲ့တဲ့ အဆိုတော်ကြီးများရဲ့ သီချင်းကို သိရှိကြမှာဖြစ်ပြီး ကိုယ်တိုင်လည်း မလုပ်ဖြစ်သေးတဲ့ အခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။
“မြန်မာအသံကို ပြောတယ်ဆိုတာ တခြားအသံတွေက တိုက်တွန်းဖို့ မလိုအောင်ကို အောင်မြင်ဖြစ်ထွန်းနေတယ်။ လုပ်လိုက်တာနဲ့ လှုပ်သွားတယ်။ တကယ့်ကိုအားလုံးက စိတ်ဝင်စားကြတယ်။ ကျနော်တို့မြန်မာသံက မြန်မာပြည်မှာ နေပြီးတော့ အတော်နည်းတယ်။ ဒီပြိုင်ပွဲတွေလုပ်မှ နောက်ကလေးတွေက ဒီသီချင်းတွေပါလား၊ ငါတို့ဆိုမှ အဆိုတော်ဖြစ်မှာပါလား ဒီလို စိတ်ဝင်စားမှုက အခုအချိန်မှာ မလုပ်ဖြစ်ကြတော့တာ ကိုယ်လည်း မလုပ်နိုင်ဘူး” လို့ ရန်ပိုင်စိုးက ပြောပါတယ်။
ဆက်လက်ပြီး “ဂီတပညာရှင်ကြီးတွေပဲ ပြောရဲတယ်။ သူတို့ကအချိန်မရွေး ဒီတာဝန်ပေးလုပ်မှာ။ နောက်ကလေးတွေ မျိုးဆက်သစ်တွေ ပေါ်ပေါက်လာရင် သူတို့သေတဲ့အထိ လုပ်ပေးချင်တဲ့သူတွေကြီးပဲ။ လုပ်နိုင်တဲ့ အာဏာငွေကြေး ပူးပေါင်းနိုင်တဲ့ ပုဂ္ဂိုလ်ရှိမှလည်းဖြစ်မှာ။ ဘယ်သူ့ပြောရမှန်းလည်းမသိဘူး။ အများကြီး မျှော်လင့်မိတယ်။ အားကိုးမိတယ်”လို့ ရန်ပိုင်စိုးက ပြောပါတယ်။
မြန်မာ့ဂီတနေရာကို မပျောက်ပျက်စေရန်အတွက် အသက်ဆက်ပေးမယ့် ကယ်တင်ရှင်များ လိုအပ်ပြီး မြန်မာအသံကို ဆက်လက် သီဆိုပေးကြရန် တိုက်တွန်းခဲ့ပါတယ်။
“လူငယ်တွေ မြန်မာ့ဂီတနေရာကြီးကို ဆက်လက်ပြီးတော့ အသက်ရှင်နိုင်ရေးအတွက် အသက်ဆက်မယ့် ကယ်တင်ရှင်တွေ အများကြီး လိုပါတယ်။ ဒါကြောင့် ကျနော်တို့ သားအရွယ်၊ သမီးအရွယ် မြေးအရွယ်၊ မြစ်အရွယ်တွေကို မြန်မာသံကို ဆက်လက်ပြီးဆိုပေးကြပါဦးလို့ တိုက်တွန်းချင်ပါတယ်” လို့ ရန်ပိုင်စိုးက ပြောပါတယ်။
တေးသံရှင် ရန်ပိုင်စိုးကတော့ မြန်မာ့အသံမှ ပြုလုပ်တဲ့ “ဆိုကြမယ် ပျော်ကြမယ်” သီချင်းဆိုပြိုင်မှာ အစီအစဉ် တင်ဆက်သူအဖြစ် ၁၈ နှစ်တာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Source: ZCC
တွေ့ပြီ… P တဲ့။
ဒါပဲ…ကျော်သူ။
Kyaw Thu
ပရဟိတ ကာချုပ်ကြီး ဦးကျော်သူ ကိုဗစ်ကူးစက်ခံလိုက်ရပြီ။ ဦးကျော်သူ ကိုယ်တိုင်ရေးသားထားတဲ့ ပို့စ်ကို ဖော်ပြလိုက်ပါတယ်-
တွေ့ပြီ… P တဲ့။
အများအတွက် မျိုးဆက်သစ်တွေကို ဦးဆောင် ပေးဆပ်ရင်းဖြင့် ကျဆုံးခဲ့ရမှုကို ကြေနပ် ပီတိဖြစ်စွာ လက်ခံလိုက်မိပါသည်။
“ငါမရှိရင် ငါ့ထက် ရဲရဲကြီး ပေးဆပ်ရဲသူ ရောက်လာလိမ့်မယ်”
“ငါမရှိရင် ငါ့ထက်သီလလုံခြုံ သစ္စာဆိုရဲသူ ရောက်လာလိမ့်မယ်”
“ငါမရှိရင် ငါတို့ချမှတ်ခဲ့တဲ့ ပရဟိတအုတ်မြစ် အဆောက်အဦးက သည့်ထက်ပိုပြီး ခိုင်မာ၊မြင့်မား၊တိုးတက် လာလိမ့် မယ်”
အားလုံးကို ကြိုတင်ပြင်ဆင် ထားမှုက ခေါင်းဆောင်တွေ ရဲ့ အလုပ်။
အေး….မင်းတို့ဖက်က ညီညွတ်ကြ ဖို့ပဲလိုတယ်။
ဒါပဲ…ကျော်သူ။
Kyaw Thu
Source: ZCC
ဒေါ်အောင်ဆန်းစုကြည်ကို မဲထည့်ကြဖို့ တိုက်တွန်းတဲ့ ဦးလေးကြီးရဲ့ ဂီတ (ရုပ်သံ)
အောက်ဆုံးတွင် ရုပ်သံ ထည့်ပေးထားပါတယ်
unicode
ဒေါ်အောင်ဆန်းစုကြည်ကို မဲထည့်ကြဖို့ တိုက်တွန်းတဲ့ ဦးလေးကြီးရဲ့ ဂီတ
မကြာခင်မှာ ဆိုရင်တော့ မြန်မာနိုင်ငံမှာရွေးကောက်ပွဲစတင်တော့မှာဖြစ်ပါတယ်။
ဒီမိုကရေစီခေတ်ဖြစ်သည်နှင့်အညီ မိမိတို့နှစ်သက်တဲ့ပါတီနဲ့ လူပုဂ္ဂိုလ်များကို လွတ်လပ်စွာမဲပေးနိုင်ကြမှာဖြစ်ပါတယ်။
ကိုယ့်ရဲ့အဖိုးတန်တဲ့မဲတစ်ပြားကို တိုင်းပြည်နဲ့ လူမျိုးအတွက် စေတနာထားမယ့်၊ ပညာတတ်တဲ့ လူတော်လူကောင်းများကို ရွေးချယ်မဲထည့်ကြဖို့လိုပါတယ်
ဒါမှသာ ခေါင်းဆောင်ကောင်းများ တိုင်းပြည်ကိုအုပ်ချုပ်ပီး နိုင်ငံဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။
ဒီဗွီယိုထဲက ဦးလေးကြီးကတော့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLDပါတီကို မဲထည့်ကြဖို့တိုက်တွန်းတာကိုတွေ့ရမာဖြစ်ပါတယ်။
သူတတ်တဲ့ဂီတလေးနဲ့ သူယုံကြည်အားကိုးတဲ့ ပါတီကို မဲပေးဖို့ မဲဆွယ်တယ်ဆိုလည်းမမှားပါ။ ဒါကတစ်ပိုင်းပေါ့
နောက်တစ်ပိုင်းက သူ့ရဲ့ဂီတဖြစ်ပါတယ်။ အကောင်းဆုံးကြီးလည်းမဟုတ်၊ ပညာရှင်ကြီးလည်းမဟုတ် ရှိတာလေးနဲ့ ဖြစ်အောင် တစ်ယောက်တည်းတီးဝိုင်းပုံစံဖြစ်အောင်တီးခတ် သီဆိုဖျော်ဖြေသွားတာတော့ လေးစားပါတယ်။
ဘာပဲဖြစ်ဖြစ်ပါ အခုလို တီခတ်သီဆိုနိုင်တယ်ဆိုတာလည်းလွယ်တော့မလွယ်ပါဘူး
ဆိုလည်းဆိုရသေးတယ် တီးလည်းတီးရသေးတယ်။ တီးရတာမှ တစ်မျိုးတည်းမဟုတ် ဘာဂျာ၊ မယ်ဒလင်၊ အိုးစည်၊ လင်ကွင်း၊ စည်းဝါး များကို တီးခတ်ပြသွားတာပါ။
ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်ပေါ့လေ။ ဆင်းရဲချို့တဲ့ပေမယ့်လည်း ရှိတာနဲ့ဖြစ်အောင်လုပ်ပြသွားတာကိုပဲလေးစားမိပါတယ်ဗျာ။သာဂိ
Job4u
Source: ZCC
Unicode
အသိနဲ့ သတိ ယှဉ်ပြီး ရင်ဆိုင်ရမယ့် လောကကြီးရဲ့ မာယာလှည့်ကွက်များ
ငယ်ရွယ်နုပျိုတဲ့အသက်အရွယ်မှာ အချိန်လုံလောက်အောင် ရရှိခဲ့ကြပေမဲ့ ပျော်ရွှင်မှုတွေနောက် လိုက်ခဲ့မိ ကြတယ်။
ကောင်းမွန်ပြည့်စုံတဲ့ ခွန်အားတွေ ပိုင်ဆိုင်ခဲ့ ကြပေမဲ့ တလွဲမာန်မာနတွေအတွက် ဖြုန်းတီးပစ်ကြ တယ်လေ။
ဒါကြောင့် ငွေဆိုတာကို မရှာတတ် မသုံး တတ်ကြသေးတဲ့အချိန် အခိုက်တန့်ကာလတွေပေါ့။
ဟော အသက်အရွယ်လည်းရ လူလတ်ပိုင်း စီးပွားဆိုတာ ဘယ်လိုလုပ်ယူရတယ်လို့လည်း သိတက်တဲ့ အချိန်မှာ ငွေအတွက် ကြိုးစားရှာနေရလို့ အချိန်မရတော့ဘူး။
မိသားစု အချိန်၊ သူငယ်ချင်းမိတ်ဆွေတွေအတွက် အချိန်ဆိုတာ မရှိသလောက်ပါပဲ…။ ငွေတွေပေါများလာပြီး၊ အားအင်တွေအပြည့်နဲ့အချိန်ပေါ့။
အဲဒီလိုနဲ့ အသက်အရွယ်တွေရလို့ လူကြီးပိုင်းရောက်လာတဲ့ အခါမှာတော့ အားအင်တွေ ကုန်ခမ်းလို့ ငြိုးနွမ်းရခဲ့ပြီးပေါ့…။
မလုပ်နိုင်မကိုင်နိုင်တဲ့ အချိန်တွေမှာ အချိန်တွေဆိုတာ ပေါများသလားပေါ့။ ဒီအချိန်မှာ ငွေဆိုတာရှိခဲ့ပေမဲ့ အားအင်မရှိတော့ မောပန်းရပြီးပေါ့။
ဒီသဘောတရာတွေကို နားလည်လက်ခံပြီးအားအင် ပြည့်ဖြိုးတဲ့ လူလတ်ပိုင်းအသက်အရွယ်မှာ လုံလောက်တဲ့ အချိန်တွေနဲ့အတူ အောင်မြင်မှုတွေကို သယ်ဆောင်ရင်း
မိသားစု၊ သင့်ငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းများနှင့်အတူ မိမိ မြို့ ရွာ၊ မိမိ ပတ်ဝန်းကျင်နဲ့ မိမိနိုင်ငံအတွက် အုတ်တစ်ချပ် သဲတစ်ပွင့်ဖြစ်အောင်ကြိုးစားကြပါစို့….။
Job4u
Source: ZCC
True News and Knowledge